၁၀၂၇ စစ်ဆင်ရေး

၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်းရဲဘော်များအား ရည်စူးပြီး အလှူဒါနပြုလုပ်

၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်းရဲဘော်များအား ရည်စူးပြီး အလှူဒါနပြုလုပ်

RNA_အောက်တိုဘာ(၂၇)၊၂၀၂၄ခုနှစ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်နယ်မြေတစ်နေရာတွင် (၁၀၂၇)စစ်ဆင်ရေးတိုက်ပွဲအတွင်း အာဏာရှင်စစ်ကောင်စီတပ်အား တော်လှန်ရင်း အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်း ရဲဘော်များအားယနေ့ အောက်တိုဘာလ (၂၇) ရက် ( ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်) နေ့တွင် အလှူဒါနပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ (more…)
Read More
အောင်ပွဲရ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲဘော်များကို အညာပြည်သူများ ဝမ်းသာအားရကြိုဆို

အောင်ပွဲရ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲဘော်များကို အညာပြည်သူများ ဝမ်းသာအားရကြိုဆို

RNA_အောက်တိုဘာ(၂၁)၊၂၀၂၄ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနှင့် ဒုတိယပိုင်း၊ သန္ဓီ၊ လားရှိုး၊ မိုးမိတ် မြို့သိမ်းတိုက်ပွဲများတွင် အောင်ပွဲများရရှိခဲ့သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People's Liberation Army - PLA ရဲဘော်များ အညာဒေသတနေရာတွင် ပြည်သူလူထုက ဝမ်းသာအားရ တခဲနက် ကြိုဆိုခဲ့သော မှတ်တမ်းဓာတ်ပုံများကို ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် မန္တလေး PDF ဒရုန်းတပ်ဖွဲ့ ပူးပေါင်းပါဝင်ခဲ့

မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် မန္တလေး PDF ဒရုန်းတပ်ဖွဲ့ ပူးပေါင်းပါဝင်ခဲ့

RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ဒရုန်းတပ်ဖွဲ့ရဲဘော်များသည် ဟန်ချက်ညီညီ လက်တွဲ၍ စစ်ဆင်ရေးများကို ဖော်ဆောင်ခဲ့နိုင်ကြောင်း သိရသည်။ (more…)
Read More
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များ ပါဝင်ဆင်နွှဲခဲ့

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များ ပါဝင်ဆင်နွှဲခဲ့

RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။   လားရှိုးအခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာချုပ် (ရမခ) သိမ်းတိုက်ပွဲနှင့် ယနေ့အထိ ဖြစ်ပေါ်နေသော လားရှိုးတိုက်ပွဲများတွင် MNDAA အပါအဝင် မဟာမိတ်များနှင့်အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၆၀၅ တပ်ရင်းရဲဘော်များ ပူးပေါင်းပါဝင် ဆင်နွှဲနေကြောင်း သိရသည်။   "PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) ၆၀၅ တပ်ရင်းသည် ဇူလိုင်လ ၃ ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ်အချိန်မှ စတင်၍ မဟာမိတ် MNDAA၊ အခြားတပ်ပေါင်းစုများနှင့် ပူးပေါင်း၍ မြို့ပတ်ပတ်လည်တွင် ဝိုင်းဝန်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲစတင်သည့် ၂၃ ရက်မြောက်နေ့ ယနေ့ ဇူလိုင် ၂၅ရက်နေ့ နံနက် ၄ နာရီတွင်…
Read More
မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း အတွဲလိုက်ပစ်ဒုံးလက်နက်ကြီးပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း အတွဲလိုက်ပစ်ဒုံးလက်နက်ကြီးပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ (၇၃)လက်၊ 120 MM (၂)လက်၊ 60 MM (၁၁)လက်၊ 81 MM (1)လက်၊ ငဂျင်းမီး (၃) လက်၊ ပွိုင့်ဖိုက် (၁)လက်၊ RPG (၂)လက်၊ ဂျမ်းပါ (၁)စုံ၊ တွဲလိုက်ဒုံး(၄လုံးတွဲ) (၁)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိသည်ဟု TNLA က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
မိုးကုတ်မြို့သိမ်းနိုင်ခဲ့သည့် တော်လှန်ရေးရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

မိုးကုတ်မြို့သိမ်းနိုင်ခဲ့သည့် တော်လှန်ရေးရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

RNA_ဇူလိုင်(၂၄)၊၂၀၂၄ ခုနှစ်။ မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ရှင်းလင်းနိုင်ခဲ့ပြီးနောက် မြို့ရှိပြည်သူများက တော်လှန်ရေးရဲဘော်များကို ယနေ့ ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) (၃၀)ရက်မြောက် မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်း အားလုံးတို့ကို တအာင်းတပ်မတော် TNLA မှ ယနေ့ ညနေ (၅) နာရီတွင် ရှင်းလင်းချေမှုန်း သိမ်းပိုက် နိုင်ခဲ့ကြောင်း၊ မိုးမိတ်မြို့ စစ်ကောင်စီ လက်ကျန် တပ်စခန်းတစ်ခုဖြစ်သည့် မိုးမိတ်ဗျူဟာကုန်ုးကို ယနေ့ နေ့လည် (၁၂) နာရီအချိန်တွင် တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့ကြောင်း၊ နောင်ချိုမြို့နယ်တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်နေသည်ဟု TNLA က ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း BPLA ရဲဘော် ၃ ဦး မြင့်မြတ်စွာကျဆုံးခဲ့ရ

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း BPLA ရဲဘော် ၃ ဦး မြင့်မြတ်စွာကျဆုံးခဲ့ရ

RNA_ဇူလိုင်( ၁၇)၊ ၂၀၂၄ ခုနှစ်။   ညီနောင်မဟာမိတ်များနှင့်အတူ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲဘော်များ ပူးပေါင်းပါဝင် တိုက်ပွဲဆင်နွှဲနေရာတွင် ဇူလိုင်လ ၄ ရက်မှ ၁၆ ရက်နေ့အထိ ရဲဘော် (၃) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။   BPLA ၏ ထုတ်ပြန်ချက်အရ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း ၂၀၂၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ ညနေက ရဲဘော်ကျော်မျိုးလှိုင် (ခ) ဗလကြီး၊ ဇူလိုင်လ ၁၆ ရက်နေ့ ညပိုင်းက တပ်စုမှူး ရဲဘော် ဇော်သူရ…
Read More
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ပထမဆုံး နောင်ချိုမြို့ကို သိမ်းပိုက်

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ပထမဆုံး နောင်ချိုမြို့ကို သိမ်းပိုက်

RNA_ဇူလိုင်(၁၀)၊၂၀၂၄ ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ယနေ့ (၁၆) ရက်မြောက်နေ့တွင် စစ်ကောင်စီကင်းစင်သည့် ပထမဆုံးမြို့အဖြစ် နောင်ချိုမြို့ကို PSLF/TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်နိုင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ရှမ်းမြောက် သီပေါမြို့နယ်၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်တို့တွင် မြို့ပေါ်အထိ PSLF/TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထားနိုင်ခဲ့သော်လည်း မြို့အနီးဝန်းကျင်ရှိစခန်းများကို နေ့စဉ်တိုက်ခိုက်နေပြီး ယနေ့ နေ့လယ် (၃) နာရီခန့်က နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီလက်ကျန် တပ်စခန်း ဒုံးတရ (၆၀၆) ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း TNLA ကထုတ်ပြန်ထားသည်။ (more…)
Read More
လားရှိုးမြို့နေ ပြည်သူများ မြို့ကိုစွန့်ခွါနေကြ

လားရှိုးမြို့နေ ပြည်သူများ မြို့ကိုစွန့်ခွါနေကြ

RNA_ဇူလိုင်(၈)၊၂၀၂၄ ခုနှစ်။   လားရှိုးမြို့အနီးဝန်းကျင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်လေကြောင်းပစ်ခတ်မှုများပါ ပြုလုပ်နေသည့်အတွက် မြို့နေပြည်သူများသည် စစ်ဘေးရှောင်ရန် မြို့ကိုစွန့်ခွါသူ များလာသည့်အတွက် ယနေ့နံနက်ပိုင်း လမ်းပိတ်နေသည့်အခြေအနေထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။   "အရင်ရက်တွေထက် ဒီနေ့မနက်ကတော့ တော်တော်များတယ်။ ကားလမ်းမကြီးပါ ပိတ်နေတဲ့အထိိဖြစ်သွားတယ်။ မြို့ထဲမှာတော့ လူတွေက ကျန်ပါသေးတယ် ဒါပေမဲ့ ထွက်တဲ့သူက တရက်ထက် တရက်ပိုများလာပြီ။ တချို့ကတော့ အိမ်တွေ သော့ခတ်ပြီးထွက်သွားတာ တချို့ကလည်း အိမ်စောင့်ချန်ခဲ့တယ်။ မထွက်နိုင်သေးတဲ့ သူတွေလည်း ရှိသေးတယ်" ဟု လားရှိုးမြို့ခံတဦးက Red News Agency ကို ယနေ့နံနက်ပိုင်းက ပြောကြားထားသည်။ (more…)
Read More
မြို့တွင်းတိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် လာရှိုးမြို့နေပြည်သူများ မြို့ကိုစွန့်ခါသူများလာ

မြို့တွင်းတိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် လာရှိုးမြို့နေပြည်သူများ မြို့ကိုစွန့်ခါသူများလာ

RNA_ဇူလိုင်(၆)၊၂၀၂၄ ခုနှစ်။   လားရှိုးမြို့တွင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှု ဆက်တိုက်ဖြစ်နေသည့်အတွက် မြို့တွင်းတိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် မြို့ခံအများအပြား ယနေ့ နံနက်ပိုင်းအထိ စွန့်ခွါပြီး စစ်ဘေးရှောင်သူများရှိနေကြောင်း သိရသည်။   "ဒီနေ့တော့ ဆီဆိုင်တွေပါ ပိတ်ကုန်ပြီ။ မြို့ခံတွေထွက်တာကတော့ မနေ့ကလည်းထွက်တယ် ဒီနေ့လည်း ကားတန်းအရှည်ကြီးပဲ ထွက်နေကြတာ အလံဖြူထောင်ထားတဲ့ ကားတွေလည်းရှိတယ်။ မြို့ထဲမှာလည်း ပုံမှန်နေကြသူတွေရှိတယ်။ စျေးတချို့လည်း ပုံမှန်ဖွင့်တယ်။ လက်နက် ကြီးသံနဲ့ လက်နက်ငယ်သံတွေကတော့ ကြားနေရတာ အဆက်မပြတ်ပစ်နေကြတာ" ဟု လားရှိုးမြို့ခံ တဦးက Red News Agency ကိုပြောကြားထားသည်။ (more…)
Read More