၁၀၂၇ စစ်ဆင်ရေး

ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် အပစ်အခတ်အရပ်စဲရေး စတင်သည့်နေ့မှာပင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်

ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် အပစ်အခတ်အရပ်စဲရေး စတင်သည့်နေ့မှာပင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်

RNA_ဇန်နဝါရီ(၁၃)၊၂၀၂၄ခုနှစ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်သည့်နေ့မှာပင် ထိတွေ့တိုက်ပွဲ မဖြစ်ပွားခဲ့သော်လည်း စစ်ကောင်စီတပ်က အရပ်သားပြည်သူများနေထိုင်ရာ ရွာများကို လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ညီနောင်မဟာမိတ်အဖွဲ့က ဇန်နဝါရီလ ၁၂ ရက်နေ့ ညပိုင်းက “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၈) ရက်မြောက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်ကြသော MNDAA၊ TNLA နှင့် AA တို့သည် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀)…
Read More
သိမ်းပိုက်ထားသည့် မြို့ (၇) မြို့ကို PSLF/TNLA က အုပ်ချုပ်ရေးနှင့် လုံခြုံရေးယန္တယားသစ်ဖြင့် စတင်လည်ပတ်မည်

သိမ်းပိုက်ထားသည့် မြို့ (၇) မြို့ကို PSLF/TNLA က အုပ်ချုပ်ရေးနှင့် လုံခြုံရေးယန္တယားသစ်ဖြင့် စတင်လည်ပတ်မည်

RNA_ဇန်နဝါရီ(၁၂)၊၂၀၂၄ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏အုပ်ချုပ်မှုအောက်မှ သိမ်းပိုက်ရရှိထားသည့် နမ့်ဆန်မြို့၊ မန်တုံမြို့၊ နမ္မတူမြို့၊ မိုင်းငေါ့မြို့၊ မိုင်းလုံမြို့၊ နမ့်ခမ်းမြို့၊ ကွက်ခိုင်မြို့တို့ကို တရားမျှတမှုရှိသည့် ဥပဒေများ ရေးဆွဲပြဌာန်းပြီး လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တယားသစ် စတင်လည်ပတ်နိုင်ရေး လက်တွေ့ဖော်ဆောင်သွားမည်ဟု ပလောင်လွတ်မြောက်ရေးတပ်ဦး ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားထားသည်။ PSLF/TNLA အနေဖြင့် တအာင်းအမျိုးသားအားလုံး အဖိနှိပ်ခံဘဝမှလွတ်မြောက်ရေး၊ ဒီုမိကရေစီနှင့်လူ့အခွင့်အရေးကို အာမခံသည့် တအာင်းပြည်နယ်တည်ဆောက်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ဦးတည်ချကအတိုင်း တဆင့်ချင်းအလိုက် အကာင်အထည်ဖောင်ဆောင်ရွက်နေသည် ဟုစသဖြင့် ယနေ့ ကျရောက်သည့် တအာင်းအများသားတော်လှန်ရေး (၆၁) နှစ်ပြည့် ဂုဏ်ပြုမိန့်ခွန်းတွင် ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားထားခြင်းဖြစ်သည်။ (more…)
Read More
စကခ (၁၆) ကို ပူးပေါင်းတပ်ဖွဲ့များ အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ချိန် ဟောင်ဝစ်ဇာ သံချပ်ကာကား ပွိုင့် 5 များပါ သိမ်းဆည်းရမိ

စကခ (၁၆) ကို ပူးပေါင်းတပ်ဖွဲ့များ အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ချိန် ဟောင်ဝစ်ဇာ သံချပ်ကာကား ပွိုင့် 5 များပါ သိမ်းဆည်းရမိ

RNA_ဇန်နဝါရီ(၈)၊၂၀၂၃ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ် စစ်ကောင်စီ၏ စကခ (၁၆) ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့နှင့်အတူ PLA - ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ KNDF တို့ပါဝင်ကာအောင်မြင်စွာ အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိသည်ဟု PLA က ယနေ့ ထုတ်ပြန်ထားသည်။ စကခ (၁၆) ဧရိယာကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့ပြီး ဇန်နဝါရီ ၇ ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ သိမ်းပိုက်ရရှိမှုအတွင်း လက်နက်ကြီးကုန်းများ၊ လေယာဥ်ကွင်းများ၊ လက်နက်ဂို​ဒေါင်များ၊ သံချပ်ကာကားများ၊ ပွိုင့် 5 များ၊ ဟောင်ဝစ်ဇာများနှင့် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းပိုက်ရရှိခဲ့သည်ဟု ပြည်သူ့လွတ်မြောက်ရေး…
Read More
စစ်ကောင်စီလက်အောက်ခံ ၂ ထောင်ကျော် အလင်းဝင်သည့်အတွက် “စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်” ဖြစ်ပြီ

စစ်ကောင်စီလက်အောက်ခံ ၂ ထောင်ကျော် အလင်းဝင်သည့်အတွက် “စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်” ဖြစ်ပြီ

ဗိုလ်မှူးချုပ်အဆင့် (၆) ဦး၊ အရာရှိ ၂၈၈ ဦးနှင့် ရဲဘော်အဆင့် (၁၈၉၅) ဦးအလင်းဝင်သည့်အတွက် "စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်" ဖြစ်ပြီဟု ညီနောင်မဟာမိတ်အဖွဲ့ကြေညာ RNA_ဇန်နဝါရီ(၆)၊၂၀၂၃ခုနှစ်။ လောက်ကိုင်မြို့မှ ဒကစ အပါအဝင် ဗိုလ်မှူးချုပ်အဆင့် (၆) ဦး၊ အရာရှိ ၂၈၈ ဦး၊ ရဲဘော်အဆင့် (၁၈၉၅) ဦးနှင့် “နမ်ထင်းမိန်ရှန်း” မှ (၂၆၆) ဦး အလင်းဝင်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီးဖြစ်သည့်အတွက် ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံးသည် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ ဖြစ်ခဲ့ပြီဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။ လောက်ကိုင်မြို့တွင် လက်နက်ချအညံ့ခံခဲ့ရသည့် အထဲတွင် မိသားစုဝင်…
Read More

လောက်ကိုင် ဒကစ လက်နက်ချသည့်အတွက် လောက်ကိုင်ကို MNDAA အပြီးသတ်သိမ်းပိုက်

RNA_ဇန်နဝါရီ(၅)၊၂၀၂၄ခုနှစ်။   ကိုးကန့်အထူးဒေသ (၁) လောက်ကိုင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) မှ ယမန်နေ့ (ဇန်နဝါရီ ၄ ရက်) ညပိုင်းက လက်နက်ချအညံ့ခံခဲ့သည့်အတွက် MNDAA နှင့်ပူးပေါင်းတပ်ဖွဲ့များက လောက်ကိုင်မြို့ကို သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။   လောက်ကိုင်ရှိ စစ်ကောင်စီလက်အောက်ခံများကို MNDAA ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးအတွင်း နေ့စဉ်တိုက်ခိုက်လာခဲ့သည့်မှာ ဇန်နဝါရီလ ၃ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ လောက်ကိုင်မြို့ကို MNDAA ထိန်းချုပ်သွားနိုင်ပါက ရှမ်းပြည်နယ် အထူးဒေသ (၁) အားလုံး စိုးမိုးထားနိုင်ပြီဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။ ယမန်နေ့ညပိုင်းက လက်နက်ချအညံ့ခံခဲ့သည့် လောက်ကိုင် ဒကစ ပါအဝင် စစ်ကောင်စီလက်အောက်ခံများကို…
Read More
စစ်ကောင်စီလက်အောက်မှ မြို့ ၅ မြို့နှင့် တပ်စခန်းကြီး/ငယ် ပေါင်း (၇၃) ခုကို TNLA သိမ်းပိုက်ထား 

စစ်ကောင်စီလက်အောက်မှ မြို့ ၅ မြို့နှင့် တပ်စခန်းကြီး/ငယ် ပေါင်း (၇၃) ခုကို TNLA သိမ်းပိုက်ထား 

RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၃ခုနှစ်။  ရှမ်းမြောက်တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA မှ ရှမ်းမြောက်ရှိ နမ့်ဆန်မြို့၊ မန်တုံမြို့၊ နမ္မတူမြို့၊ နမ့်ခမ်းမြို့၊ မိုင်းလုံမြို့အပါအဝင် တပ်စခန်းကြီး/ငယ် စုစုပေါင်း (၇၃) ခုကို စစ်ကောင်စီလက်တွင်းမှ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ TNLA တပ်မဟာ (၁) စစ်ဒေသဖြစ်သည့် မန်ဝိန်ကြီး၊ ရွှေလီမြစ်ကူး ကြိုးတံတား တပ်စခန်း၊ နမ့်ပေါ်တပ်စခန်း၊ နမ့်ခမ်း စခန်းသစ်တပ်စခန်းနှင့် နမ့်ခမ်းမြို့တွင်းနှင့် တပ်မဟာ (၂) စစ်ဒေသနယ်မြေဖြစ်သည့် နမ့်ဆန်မြို့၊ တပ်မဟာ(၃)စစ်ဒေသဖြစ်သည့် မန်ပူးတပ်စခန်းနှင့် မန်တုံမြို့တွင်း၊ တပ်မဟာ(၄)စစ်ဒေသဖြစ်သည့် နမ္မတူမြို့ ခမရ-၃၂၄ တပ်စခန်းနှင့် နမ္မတူမြို့တွင်း၊ တပ်မဟာ(၅)စစ်ဒေသနယ်မြေဖြစ်သည့် ယုံမော၊ ရှောက်ဟော်တပ်စ ခန်း စသည်တို့နှင့်…
Read More
ရက္ခိုင့်တပ်တော်မှ မြောက်ဦးရဲစခန်းအပါအဝင် စစ်ရေးပစ်မှတ်များကို ဆက်တိုက်သိမ်းပိုက်

ရက္ခိုင့်တပ်တော်မှ မြောက်ဦးရဲစခန်းအပါအဝင် စစ်ရေးပစ်မှတ်များကို ဆက်တိုက်သိမ်းပိုက်

RNA_ဒီဇင်ဘာ(၂၉)၊၂၀၂၃ခုနှစ်။ အာဏာသိမ်း စစ်ကောင်စီတပ်အခြေစိုက် ရခိုင်ပြည်နယ်၊ မြောက်ဦးရဲစခန်း၊ ပလက်ဝမြို့ ခဝဲဗျူဟာကုန်း၊ အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝဒေသအတွင်းရှိ ပွိုင့် (၃၇၇) စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းတို့အား ရက္ခိုင့်တပ်တော်-AA မှ ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ဒီဇင်ဘာလ (၂၆) ရက်နေ့ ည (၉) နာရီခန့်က မြောက်ဦးမြို့ ခရိုင်ရဲစခန်း၊ ဒီဇင်ဘာလ (၂၇) ရက်နေ့ နံနက် (၆) နာရီ (၁၀) မိနစ်တွင် ပလက်ဝမြို့ ခဝဲဗျူဟာကုန်း၊ ဒီဇင်ဘာလ (၂၈) ရက်နေ့ နံနက် (၉) နာရီ (၂၀) မိနစ်ခန့်က အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ပွိုင့် (၃၇၇) စစ်ဆင်ရေး ခြေကုပ်စခန်းကုန်းတို့အား သိမ်းပိုက်ခဲ့ကြောင်း၊ ကျန်ရှိနေသေးသော…
Read More
နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို PSLF/TNLA မှ တိုက်ခိုက်ပြီး မြို့ကိုသိမ်းပိုက်ထားနိုင်

နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို PSLF/TNLA မှ တိုက်ခိုက်ပြီး မြို့ကိုသိမ်းပိုက်ထားနိုင်

RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၃ခုနှစ်။ နမ္မတူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းတို့ကို တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း တိုက်ခိုက် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း TNLA သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။ တအာင်းပြည်နယ် တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော်က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး (၄)ရက်ကြာ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် စစ်ကောင်စီ ခမရ-၃၂၄ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အားလုံးကို သိမ်းပိုက်ရရှိထားပြီဖြစ်သည်။ #RedNewsAgency
Read More
ကျရှုံးခါနီးမှ ငြိမ်းချမ်းရေးလိုချင်တယ် ပြောလာတဲ့ အာဏာသိမ်းစစ်တပ်

ကျရှုံးခါနီးမှ ငြိမ်းချမ်းရေးလိုချင်တယ် ပြောလာတဲ့ အာဏာသိမ်းစစ်တပ်

"မင်းအောင်လှိုင်ဘက်က ငြိမ်းချမ်းရေးစကားခေါ်နေပေမယ့် လက်ရှိမြေပြင်မှာတော့ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်နားတဝိုက်အထိ ဖိအားပေးခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်" မောင်ဝိ ပြည်သူတရပ်လုံးပါဝင်နေတဲ့ နွေဦးတော်လှန်ရေးဟာ ဒီကနေ့မှာ ၃ နှစ်အထိရှိလာခဲ့ပြီဖြစ်တယ်။ ဒီနေရာမှာ ပြည်သူတွေဘာ့ကြောင့် "သွေးမအေးသေးတာလဲ" ဆိုတာ သတိထားမိမယ် ထင်ပါတယ်။ ၁၉၈၈ ခုနှစ် တော်လှန်ရေးကာလအတွင်းမှာဆိုရင် စစ်ကောင်စီရဲ့ ဝါဒမှိုင်းများ၊ ဆက်သွယ်ရေးပြတ်တောက်မှုများ၊ သတင်းစီးဆင်းမှုအားနည်းခြင်းတို့ကြောင့် ပြည်သူအများစုဟာ လပိုင်းအတွင်း ပုံမှန်အခြေအနေကိုရောက်ရှိလာခဲ့ပါတယ်။ ဒီကနေ့လို နွေဦးတော်လှန်ရေးကာလမှာတော့ စစ်တပ်အာဏာသိမ်းချိန် ပြည်သူတရပ်လုံးဟာ "စစ်ဆိုရင် ရေတောင်စစ်မသောက်ဘူး" ဆိုတဲ့အထိ ခါးခါးသီးသီး ဖြစ်နေကြပါတယ်။ မှတ်မှတ်ရရအဖြစ်အပျက်တခုကို ပြောပြချင်ပါတယ်။ ၂၀၂၁ အစောပိုင်းကာလမှာ CDM ပြုလုပ်ပြီး ပြည်သူနဲ့အတူ ဆန္ဒဖော်ထုတ်ခဲ့တဲ့ အသက် ၅၀ ကျော် ကျောင်းဆရာမတဦးအကြောင်း…
Read More
မြန်မာ့တပ်မတော်၏ “ငါမသေငါ့စခန်းမကျစေရ” ဆောင်ပုဒ် သမိုင်းတွင် ကျန်ရစ်ခဲ့ပြီဟု ညီနောင်မဟာမိတ်များပြောကြား

မြန်မာ့တပ်မတော်၏ “ငါမသေငါ့စခန်းမကျစေရ” ဆောင်ပုဒ် သမိုင်းတွင် ကျန်ရစ်ခဲ့ပြီဟု ညီနောင်မဟာမိတ်များပြောကြား

RNA_ဒီဇင်ဘာ(၁၈)၊၂၀၂၃ခုနှစ်။ မြန်မာတပ့်မတော်၏ "ငါမသေငါ့စခန်းမကျစေရ" ဆောင်ပုဒ်သည် သမိုင်းတွင်ကျန်ရစ်ကာ" ငါ့အသက်ကို ညီနောင်မဟာမိတ်(၃) ဖွဲ့က ဘယ်အချိန်လာယူမလဲ" ဆိုသော စိုးရိမ်ပူပန်မှုများနှင့်အတူ ခုခံစစ်ကို မည်သည့် စစ်ကူမျှမပါဘဲ ရင်ဆိုင်နေရသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပြောကြားထားသည်။ မြန်မာ့တပ်မတော်သားများ အနေဖြင့် အသက်မသေလိုပါက ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ဝင်ရောက်ခိုလှုံကြရန် ထပ်မံ တိုက်တွန်းလိုက်ကြောင်း၊ “အသက်ကိုဉာဏ်စောင့်” ဆိုသည်ကိုလည်း စေတနာဖြင့် အသိပေးလိုက်ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်းငါးဆယ်ကျော်ကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီသည် တိုက်ပွဲအများစုတွင် စစ်ကူမပေးနိုင်တော့သည်ကို အတိုင်းသား တွေ့မြင်ခဲ့ရပြီဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့ညက ထုတ်ပြန်ထားသည်။ (more…)
Read More