သိမ်းပိုက်ထားသည့် မြို့ (၇) မြို့ကို PSLF/TNLA က အုပ်ချုပ်ရေးနှင့် လုံခြုံရေးယန္တယားသစ်ဖြင့် စတင်လည်ပတ်မည်

RNA_ဇန်နဝါရီ(၁၂)၊၂၀၂၄ခုနှစ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏အုပ်ချုပ်မှုအောက်မှ သိမ်းပိုက်ရရှိထားသည့် နမ့်ဆန်မြို့၊ မန်တုံမြို့၊ နမ္မတူမြို့၊ မိုင်းငေါ့မြို့၊ မိုင်းလုံမြို့၊ နမ့်ခမ်းမြို့၊ ကွက်ခိုင်မြို့တို့ကို တရားမျှတမှုရှိသည့် ဥပဒေများ ရေးဆွဲပြဌာန်းပြီး လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တယားသစ် စတင်လည်ပတ်နိုင်ရေး လက်တွေ့ဖော်ဆောင်သွားမည်ဟု ပလောင်လွတ်မြောက်ရေးတပ်ဦး ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားထားသည်။

PSLF/TNLA အနေဖြင့် တအာင်းအမျိုးသားအားလုံး အဖိနှိပ်ခံဘဝမှလွတ်မြောက်ရေး၊ ဒီုမိကရေစီနှင့်လူ့အခွင့်အရေးကို အာမခံသည့် တအာင်းပြည်နယ်တည်ဆောက်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ဦးတည်ချကအတိုင်း တဆင့်ချင်းအလိုက် အကာင်အထည်ဖောင်ဆောင်ရွက်နေသည် ဟုစသဖြင့် ယနေ့ ကျရောက်သည့် တအာင်းအများသားတော်လှန်ရေး (၆၁) နှစ်ပြည့် ဂုဏ်ပြုမိန့်ခွန်းတွင် ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားထားခြင်းဖြစ်သည်။


“ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ လင်းလင်းတိုက်ထုတ်လိုက်ပြီး ခေတ်အဆက်ဆက် စစ်အာဏာရှင် အုပ်ချုပ်ရေးယန္တယားမရှိတော့တဲ့ မြို့နယ်တွေမှာ မိမိတို့ လုံခြုံရေး၊ အုပ်ချုပ်ရေးစနစ်သစ် ထူထောင်ပြီးတော့ လူထုအခြေခံဘယ တည်ငြိမ်အေးချမ်းသာယာ ဖွံံ့ဖြိုးတိုးတက်လာစေရေး ပထမဦးစားပေး လုပ်ငန်းစဉ်အနေနဲ့ ချမှတ်အကောင်အထည်ဖောင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။

ညီနောင်မဟာမိတ် (၃၀ ဖွဲ့ ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး ရည်မှန်းချက်ဖြစ်သည့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်များကို ကာကွယ်နိုင်ရေးနှင့် မိမိဒေသကို ပိုမိုထိန်းချုပ်နိုင်ရေးတို့အတွက် စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြသည့် ပြည်သူများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဂုဏ်ပြုမိန့်ခွန်းတွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor