၁၀၂၇ စစ်ဆင်ရေး

PLA ရဲဘော်များ မဟာမိတ် TNLA နှင့်အတူ မိုးမိတ်စစ်မျက်နှာတွင် တိုက်ပွဲဝင်နေ

PLA ရဲဘော်များ မဟာမိတ် TNLA နှင့်အတူ မိုးမိတ်စစ်မျက်နှာတွင် တိုက်ပွဲဝင်နေ

RNA_ဇွန်(၃၀)၊၂၀၂၄ ခုနှစ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲဘော်များ မဟာမိတ် TNLA နှင့်အတူ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်သည့် ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ မိုးမိတ်စစ်မျက်နှာနှင့် အခြားစစ်မျက်နှာတို့တွင် စစ်ကောင်စီတပ်အား တိုက်ခိုက်နေကြောင်း ပြည်သူများကို ယနေ့ အသိပေးထားသည်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ရှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ မိုးမိတ်မြို့နယ်၊ မိုးကုတ်မြို့နယ်စသည်တို့တွင် စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ် TNLA နှင့်အတူ PLA၊ MDY - PDF၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) တို့ပူးပေါင်းပြီး စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည်။ (more…)
Read More
ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး (၄) ဦးအပါအဝင် စစ်ကောင်စီတပ်မှ (၅၃) ဦး TNLA ထံ လက်နက်ချအလင်းဝင်

ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး (၄) ဦးအပါအဝင် စစ်ကောင်စီတပ်မှ (၅၃) ဦး TNLA ထံ လက်နက်ချအလင်းဝင်

RNA_ဇွန်(၂၉)၊၂၀၂၄ ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၅)ရက်အတွင်း ရှမ်းမြောက် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် နှင့် မိုးမိတ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးနှင့် ဗိုလ်ကြီး (၄)ဦး၊ ရဲအုပ် (၁)ဦး၊ တပ်ကြပ်ကြီး(၆)ဦး၊ ရဲတပ်ကြပ်(ယာဉ်ထိန်း)(၁)ဦး၊ တပ်ကြပ် (၁၁)ဦး၊ ဒုတပ်ကြပ်(၉)ဦး၊ ရဲတပ်သား(၁)ဦးနှင့် တပ်သား(၁၉)ဦး စုစုပေါင်း တပ်ဖွဲ့ဝင် (၅၃)ဦးတို့ တအာင်းတပ်မတော်ထံ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရသည်။ (more…)
Read More
နောင်ချိုမြို့မရဲစခန်းအတွင်းမှ မူးယစ်ဆေးဝါး အများအပြား သိမ်းဆည်းရမိ

နောင်ချိုမြို့မရဲစခန်းအတွင်းမှ မူးယစ်ဆေးဝါး အများအပြား သိမ်းဆည်းရမိ

RNA_ဇွန်(၂၇)၊၂၀၂၄ ခုနှစ်။ ရှမ်းမြောက်၊ နောင်ချိုမြို့သိမ်းတိုက်ပွဲဆင်နွှဲနေစဉ် နောင်ချိုမြို့မရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီး ယနေ့ လိုက်လံစစ်ဆေးရာ မူးယစ်ဆေးဝါးအများအပြား သိမ်းဆည်းရမိကြောင်း TNLA ထံမှ သိရသည်။ တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့ကို ဇွန်လ (၂၆) ရက်နေ့က TNLA နှင့် မဟာမိတ်များ တိုက်ခိုက် သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီလက်အောက်အစိုးရရုံးများကို ယနေ့ လိုက်လံစစ်ဆေးရာ မြို့မရဲစခန်းအတွင်း မူးယစ်ဆေးဝါးပစ္စည်းနှင့် ယာမဆေးပြား အမြောက်အများ ဖမ်းဆီးရမိထားသည်ဟု TNLA ကထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
“၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း”နှင့်အတူ MDY PDF ပူးပေါင်းပြီး နောင်ချိုမြို့ကို ထိန်းချုပ်ထား

“၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း”နှင့်အတူ MDY PDF ပူးပေါင်းပြီး နောင်ချိုမြို့ကို ထိန်းချုပ်ထား

RNA_ဇွန်(၂၆)၊၂၀၂၄ ခုနှစ်။ “၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း” တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့်အတူ ကျောက်မဲ ၊ မိုးကုတ် ၊ နောင်ချို နှင့် မတ္တရာစစ်မျက်နှာတို့တွင် လက်တွဲ၍ ပူးပေါင်းပါဝင်နေပြီး နေချိုမြို့ကို ထိန်းချုပ်ထားနိုက်ပြီဖြစ်ကြောင်း သိရသည်။ နောင်ချိုမြို့နှင့် ခမရ(၁၁၅) တို့ကို မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်များမှ အပြည့်အဝထိန်းချုပ်ထားပြီး လက်ကျန်တပ်စခန်းများဖြစ်သည့် ခမရ(၁၁၄)နှင့် (၆၀၆)အမြောက်တပ်ရင်းများကို ဆက်လက် ထိုးစစ်ဆင်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
၁၀၂၇ စစ်ဆင်ရေး တကျော့ပြန် တိုက်ပွဲ (၂) ရက်အတွင်း စစ်ကောင်စီတပ်စခန်း (၂၄) ခုကို TNLA သိမ်းပိုက်

၁၀၂၇ စစ်ဆင်ရေး တကျော့ပြန် တိုက်ပွဲ (၂) ရက်အတွင်း စစ်ကောင်စီတပ်စခန်း (၂၄) ခုကို TNLA သိမ်းပိုက်

RNA_ဇွန်(၂၆)၊၂၀၂၄ ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေး တကျော့ပြန်ဖြစ်ပွါးနေသည့် ရှမ်းမြောက် နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါစသည့်မြို့နယ်များတွင် တိုက်ပွဲ (၂) ရက်အတွင်း စစ်ကောင်စီတပ်စခန်း (၂၄) ခုကို TNLA သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) တိုက်ပွဲ (၂) ရက်အတွင်း ကျောက်မဲမြို့နယ်ရှိ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ် (၃၅၂)အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်းတို့ပါဝင်ကြောင်း၊ နောင်ချိုမြို့နယ်ရှိရမခ(၁၁၅)၊ ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီးစသည့် စစ်ကောင်စီစခန်းများ၊ မိုးကုတ်မြို့နယ် ဒေါ်နန်းကြည်တောင်စခန်း၊…
Read More
တနိုင်ငံလုံး ဘယ်လိုရှုံးရှုံး ယတြာချေမဆုံးတဲ့ စစ်ခေါင်းဆောင်

တနိုင်ငံလုံး ဘယ်လိုရှုံးရှုံး ယတြာချေမဆုံးတဲ့ စစ်ခေါင်းဆောင်

"လုံခြုံမယ်လို့ထင်ထားတဲ့ နေပြည်တော်လည်းမလုံခြုံဘူး စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် နယ်မြေမရှိတော့ဘူးဆိုတာ" ******************************** ရန်နိုင် ရှေးပဝေသဏီက စစ်ဘုရင်ကြီးတွေရဲ့ စစ်တိုက်နည်း မဟာဗျူဟာတွေအရဆိုရင် ရန်သူ့ရဲ့ အသည်းနှလုံးဖြစ်တဲ့ နေပြည်တော်ကို ထိုးဖောက်နိုင်ရင် ရန်သူ့ကိုအောင်နိုင်ပြီဟု သတ်မှတ်ခဲ့ကြတယ်။ တရုတ်စစ်ဘုရင်ကြီးဖြစ်တဲ့ ဆွန်ဇုကတော့ အခြေချရာနယ်မြေတွေကို မှုန့်မှုန့်ညက်ညက်ခြေဖျက်ပြီး ရန်သူအလိုလို ကြောက်ရွံ့အရှုံးပေးလာစေတဲ့ ဗျူဟာကို သုံးခဲ့တယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ စစ်ပွဲတွေမှာတော့ ဆိုခဲ့တဲ့ စစ်နည်း ဗျူဟာ ၂ ခုလုံးကို အသုံးပြုနေတာ တွေ့ရတယ်။ ဒါတင်မကသေးပဲ ရောမခေတ်က သုံးခဲ့တဲ့ ထရိုဂျန်ဆန်ဆန် စိမ့်ဝင်စစ်ကိုလည်း လက်တွေ့အသုံးချနေတယ်။ ကမ္ဘာ့အဆင့် ၃၈ ဆိုတဲ့ စစ်တပ်ကြီးလဲ တော်လှန်ရေး အင်အားစုတွေနဲ့ ရင်ဆိုင်နေရတဲ့အခါ အလဲလဲအကွဲကွဲနဲ့…
Read More
၂၀၂၅ တွင် လူထုဆန္ဒအခြေခံသည့် အုပ်ချုပ်မှုအစိုးရပေါ်ပေါက်လာရန် PSLF/TNLA ကြိုးပမ်းမည်

၂၀၂၅ တွင် လူထုဆန္ဒအခြေခံသည့် အုပ်ချုပ်မှုအစိုးရပေါ်ပေါက်လာရန် PSLF/TNLA ကြိုးပမ်းမည်

RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၄ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း ထိန်းသိမ်းရရှိခဲ့သည့် မြို့ (၇) မြို့အပါအဝင် TNLA တပ်မတော်အခြေစိုက် နယ်မြေဒေသများကို လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးစသည်တို့ကို ပိုမိုတိုးတက်ကောင်းမွန်စေရန် ဦးဆောင်စီမံအုပ်ချုပ်သွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်သစ်တွင် လူထုဆန္ဒအခြေခံသည့် လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်လာရန် ကြိုးပမ်းဆောက်ရွက်သွားမည်ဟု PSLF/TNLA ကထုတ်ပြန်ထားသည်။ တအာင်းပြည်ရှိ တအာင်းတပ်မတော် TNLA စစ်ဌာနချုပ်တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF နှစ်ပတ်လည် အစည်းအဝေးကို ဗဟိုကော်မတီဝင်များ၊ အရံဗဟိုကော်မတီဝင်များ၊ တပ်မှူးများ၊ လုပ်ငန်းဌာနမှူးများ၊ အရာရရှိ အရာခံများနှင့် ဖိတ်ကြားထားသည့် မိဘပြည်သူ စုစုပေါင်း ၁၈၅ ဦးတက်ရောက်ပြီး…
Read More
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောတဲ့ “မသေချင် အလံဖြူထောင်” ဆိုတဲ့ ရခိုင်စစ်မျက်နှာ 

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောတဲ့ “မသေချင် အလံဖြူထောင်” ဆိုတဲ့ ရခိုင်စစ်မျက်နှာ 

ရခိုင်-ချင်းဒေသအစပ်ရှိ ပလက်ဝဒေသကို ထိန်းချုပ်လိုက်နိုင်တဲ့နောက်မှာ မကွေးတိုင်းအတွင်းရှိ အညာတပ်ပေါင်းစုတွေဆီကို လက်နက်ခဲယမ်းစီးဆင်းဖို့ လမ်းကြောင်း ပိုမိုပွင့်လာနိုင်ပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီအခြေစိုက် တပ်ရင်းတပ်ဖွဲ့များ၊ စခန်းကုန်းများကို ရက္ခိုင့်တပ်တော် AA မှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေ.............  မောင်ဝိ  စစ်ကောင်စီတပ်စွဲထားတဲ့ မီးဝဗျူဟာစခန်းကုန်းကို ဇန်နဝါရီ ၉ ရက်နေ့မှာ ရက္ခိုင့်တပ်တော် AAမှ စတင်တိုက်ခိုက်ခဲ့ပြီး၊ ဇန်နဝါရီ ၁၄ ရက်နေ့မှာအပြီးသတ် သိမ်းပိုက်ရရှိခဲ့တာ ဖြစ်တယ်။ ဒီနောက်တော့ ပလက်ဝ ဒေသတခုလုံး စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AAမှ ထုတ်ပြန်ထားတား အားလုံးအသိဖြစ်ပါလိမ့်မယ်။  ရက္ခိုင့်တပ်တော် AA အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလပိုင်းမှစတင်ပြီး ပလက်ဝဒေသတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ…
Read More
သိန္နီမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ရဲဘော် ၁၂ ဦးကျဆုံးခဲ့ရ

သိန္နီမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ရဲဘော် ၁၂ ဦးကျဆုံးခဲ့ရ

RNA_ဇန်နဝါရီ(၁၆)၊၂၀၂၄ခုနှစ်။ ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့်အတူ ၁၀၂၇ စစ်ဆင်ရေးတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲဘော်များလည်း ပူးပေါင်းပါဝင်တိုက်ပွဲဝင်ခဲ့ပြီး သိန္နီမြို့သိမ်းတိုက်ပွဲအတွင်း PLA ရဲဘော် ၁၂ ဦးကျဆုံးခဲ့ရသည်။ သိန္နီမြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ရဲဘော် သခွား၊ ရဲဘော်ဇနက္က၊ ရဲဘော်ဂျစ်ဂျစ်၊ ရဲဘော်သုခ၊ ရဲဘော်မိုးအောင်၊ ရဲဘော်ကောင်းကင်၊ ရဲဘော်သူရ၊ ရဲဘော်ဝက်သိန်း၊ ရဲဘော်စိန်လွင်၊ ရဲဘော်ဝကြီး၊ ရဲဘော်ကျားလေးနှင့် ရဲဘော်အောင်ဆန်းတို့ တိုက်ပွဲအတွှု်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရသော အာဇာနည်ရဲဘော်များအား “သိန္နီတိုက်ပွဲအာဇာနည်” များအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုထားသည်။ (more…)
Read More
“ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” ကို သိမ်းပိုက်ပြီးနောက် ပလက်ဝဒေသတခုလုံးကို AA သိမ်းပိုက်နိုင်ခဲ့

“ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” ကို သိမ်းပိုက်ပြီးနောက် ပလက်ဝဒေသတခုလုံးကို AA သိမ်းပိုက်နိုင်ခဲ့

RNA_ဇန်နဝါရီ(၁၅)၊၂၀၂၄ခုနှစ်။ စစ်ကောင်စီ၏ တပ်မမှူးများ ပူးတွဲကြီးကြပ်ကွပ်ကဲနေသည့် “စစ်ဗျူဟာ ကုန်းကြီး” တခုဖြစ်သည့် “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်”ကို သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အစပ် ပလက်ဝဒေသတခုလုံးကို ရက္ခိုင့်တပ်တော်-AA မှ အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။ ပလက်ဝဒေသတစ်ခုလုံးရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေသော “စစ်ဗျူဟာ ကုန်းကြီး” ဖြစ်သည့် “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” ကို ဇန်နဝါရီ (၁၀) နံနက် (၇) နာရီ (၁၀) မိနစ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ “ခန်ခတောင်ဗျူဟာ” စခန်းကိုလည်း ဇန်နဝါရီလ (၁၃) ရက်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် "နှမဒါဗျူဟာ” မှကိုလည်း ဇန်နဝါရီလ (၁၄) ရက်၊ နေ့လည် (၃)…
Read More