တားအိုက်ဘုန်း

သိမ်းပိုက်ထားသည့် မြို့ (၇) မြို့ကို PSLF/TNLA က အုပ်ချုပ်ရေးနှင့် လုံခြုံရေးယန္တယားသစ်ဖြင့် စတင်လည်ပတ်မည်

သိမ်းပိုက်ထားသည့် မြို့ (၇) မြို့ကို PSLF/TNLA က အုပ်ချုပ်ရေးနှင့် လုံခြုံရေးယန္တယားသစ်ဖြင့် စတင်လည်ပတ်မည်

RNA_ဇန်နဝါရီ(၁၂)၊၂၀၂၄ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏အုပ်ချုပ်မှုအောက်မှ သိမ်းပိုက်ရရှိထားသည့် နမ့်ဆန်မြို့၊ မန်တုံမြို့၊ နမ္မတူမြို့၊ မိုင်းငေါ့မြို့၊ မိုင်းလုံမြို့၊ နမ့်ခမ်းမြို့၊ ကွက်ခိုင်မြို့တို့ကို တရားမျှတမှုရှိသည့် ဥပဒေများ ရေးဆွဲပြဌာန်းပြီး လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တယားသစ် စတင်လည်ပတ်နိုင်ရေး လက်တွေ့ဖော်ဆောင်သွားမည်ဟု ပလောင်လွတ်မြောက်ရေးတပ်ဦး ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားထားသည်။ PSLF/TNLA အနေဖြင့် တအာင်းအမျိုးသားအားလုံး အဖိနှိပ်ခံဘဝမှလွတ်မြောက်ရေး၊ ဒီုမိကရေစီနှင့်လူ့အခွင့်အရေးကို အာမခံသည့် တအာင်းပြည်နယ်တည်ဆောက်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ဦးတည်ချကအတိုင်း တဆင့်ချင်းအလိုက် အကာင်အထည်ဖောင်ဆောင်ရွက်နေသည် ဟုစသဖြင့် ယနေ့ ကျရောက်သည့် တအာင်းအများသားတော်လှန်ရေး (၆၁) နှစ်ပြည့် ဂုဏ်ပြုမိန့်ခွန်းတွင် ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားထားခြင်းဖြစ်သည်။ (more…)
Read More