မွန်ပြည်နယ်

ရေးမြို့နယ်တောင်ပိုင်း ထိတွေ့ပစ်ခတ်မှုအတွင်း စစ်အုပ်စုဗိုလ်ကြီးအပါအဝင် (၅) ဦး သေဆုံး

ရေးမြို့နယ်တောင်ပိုင်း ထိတွေ့ပစ်ခတ်မှုအတွင်း စစ်အုပ်စုဗိုလ်ကြီးအပါအဝင် (၅) ဦး သေဆုံး

RNA_နိုဝင်ဘာ(၂၁)၊၂၀၂၆ခုနှစ်။ မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း၌ စစ်အုပ်စုတပ်ဖွဲ့နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ဗိုလ်ကြီး ဇော်မျိုးအောင်အပါအဝင် (၅) ဦး သေဆုံးခဲ့ကြောင်း MSRF ထံက သိရသည်။ နိုဝင်ဘာ (၂၀) ရက် နေ့လည် (၃) နာရီခွဲဝန်းကျင်က ခေါဇာမြို့အခြေစိုက် စစ်အုပ်စု အမှတ် (၃၁) ခြေလျင်တပ်ရင်း (ခလရ ၃၁) သို့ ပြန်လာသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များကို MSRF တပ်ဖွဲ့မှ ပြောက်ကျားတိုက်ခိုက်ခဲ့မှုကြောင့် စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုရှိခဲ့ကာ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “မနေ့က ပြောက်ကျားပစ်ခတ်မှုဖြစ်စဉ်မှာ အဓိကကတော့ တပ်ရေးဗိုလ်ကြီးကို အဓိကထား တိုက်ခိုက်တာပဲ ဖြစ်တယ်။ ရေးမြို့မှ…
Read More
KNLA တပ်ရင်း (၃) ဌာနချုပ်ကို စစ်အုပ်စု သိမ်းယူခဲ့ဆိုသည်မှာ မဟုတ်မှန်ကြောင်း KNU ပြော

KNLA တပ်ရင်း (၃) ဌာနချုပ်ကို စစ်အုပ်စု သိမ်းယူခဲ့ဆိုသည်မှာ မဟုတ်မှန်ကြောင်း KNU ပြော

RNA_နိုဝင်ဘာ(၁၃)၊၂၀၂၆ခုနှစ်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၃) ဌာနချုပ်ကို စစ်အုပ်စုက သိမ်းယူခဲ့ကြောင်း ထုတ်ပြန်ထားမှုအပေါ် မဟုတ်မှန်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက အတည်ပြုပြောသည်။ KNU/KNLA တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ ကျိုက်ထိုနှင့် သိမ်ဖြူဇရပ်မြို့နယ် ကော်ကတ်ရွာအနီးဝန်းကျင်ရှိ တပ်စခန်း (၂) ခုနှင့် ကော်ထီးထရွာအနီးရှိ KNLA တပ်မဟာ (၁)၊ တပ်ရင်း (၃) မှာ စခန်းတို့အပါအဝင် ယာယီအခြေပြု စခန်း (၄) ခုကို သိမ်းယူရရှိခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားသည်။ (more…)
Read More
အထူးတိုင်းစစ်ဌာနချုပ် သိမ်းပိုက်ရရှိသည်ဟု အာဏာသိမ်းစစ်အုပ်စု လိမ်ညာပြောဆို

အထူးတိုင်းစစ်ဌာနချုပ် သိမ်းပိုက်ရရှိသည်ဟု အာဏာသိမ်းစစ်အုပ်စု လိမ်ညာပြောဆို

RNA_နိုဝင်ဘာ(၁၁)၊၂၀၂၆ခုနှစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ အထူးတိုင်စစစ်ဌာနချုပ်ကို အာဏာသိမ်းစစ်အုပ်စုက သိမ်းယူခဲ့သည်ဟု ထုတ်ပြန်မှုအပေါ် အလုံးစုံမှန်ကန်မှုမရှိကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က Red News Agency ကို ပြောသည်။ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့၏ တပ်စခန်းများကို စစ်အုပ်စုက တိုက်ခိုက်သိမ်းယူခဲ့ကြောင်း နိုဝင်ဘာ (၁၀) ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး NUG ၏ အထူးတိုင်းစစ်ဌာနချုပ်လည်း ပါဝင်ကြောင်း ဖော်ပြထားသည်။ (more…)
Read More
အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် KNLA/PDF တပ်စခန်း (၉) ခုကို သိမ်းယူနိုင်ခဲ့ကြောင်း စစ်အုပ်စု ထုတ်ပြန်

အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် KNLA/PDF တပ်စခန်း (၉) ခုကို သိမ်းယူနိုင်ခဲ့ကြောင်း စစ်အုပ်စု ထုတ်ပြန်

RNA_နိုဝင်ဘာ(၁၀)၊၂၀၂၆ခုနှစ်။ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့ရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် ယာယီအခြေပြု တပ်စခန်း (၉) ခုကို သိမ်းယူနိုင်ခဲ့ကြောင်း အာဏာသိမ်း စစ်အုပ်စုက ယနေ့ (နိုဝင်ဘာ ၁၀ ရက်) ထုတ်ပြန်ထားသည်။ စစ်အုပ်စု၏ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့နှင့် နိုဝင်ဘာလဆန်းပိုင်းကတည်းက တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။ (more…)
Read More
မွန်ပြည်တော်လှန်ရေးတပ်အနေဖြင့် စစ်ဆင်ရေးမှာ အရှိန်မြှင့်ဖော်ဆောင်နေ

မွန်ပြည်တော်လှန်ရေးတပ်အနေဖြင့် စစ်ဆင်ရေးမှာ အရှိန်မြှင့်ဖော်ဆောင်နေ

RNA_စက်တင်ဘာ(၂)၊၂၀၂၅ခုနှစ်။ မွန်ပြည်တော်လှန်ရေးတပ် - MSRF အနေဖြင့် မွန်ပြည်နယ်အတွင်းရှိ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်( တောင်ပိုင်းနှင့်မြောက်ပိုင်း)၊ တနင်္သာရီတိုင်းအတွင်းရှိ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲနှင့် သရက်ချောင်းမြို့နယ်အထိ ဖြန့်ကျက်ကာ တော်လှန်ရေးပူးပေါင်းမဟာမိတ်အဖွဲ့များနှင့် စစ်ဆင်ရေးများကို အရှိန်မြှင့်ဖော်ဆောင်နေသည်ဟု သိရသည်။ မွန်ပြည်တော်လှန်ရေးတပ် စစ်ဆင်ရေးသုံးနှစ်ပြည့် ( ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်) အစီရင်ခံစာတွင် စစ်ဆင်ရေးများ အရှန်မြှင့်ဖော်ဆောင်လျက်ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ ၃၃ နှင့် ညီနောင်တပ်ဖွဲ့ အဖြစ် ဖွဲ့နိုင်ခြင်းများ၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ အထိ…
Read More
ရာမညမွန်တပ်တော် ရဲဘော်များမှ မွန်ပြည်သူများအတွက် အသက်စွန့်တိုက်ပွဲဝင်မည်ဟု သစ္စာဓိဋ္ဌာန်ပြု

ရာမညမွန်တပ်တော် ရဲဘော်များမှ မွန်ပြည်သူများအတွက် အသက်စွန့်တိုက်ပွဲဝင်မည်ဟု သစ္စာဓိဋ္ဌာန်ပြု

RNA_ဇွန်(၂၆)၊၂၀၂၅ခုနှစ်။ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှၚ်တိုက်ဖျက်ရေး) ရာမညမွန်တပ်တော်၏ အခြေခံစစ်ပညာ အပတ်စဉ် (၄) သင်တန်းဆင်းပွဲကို မွန်ပြည်နယ်လွတ်မြောက်နယ်မြေ တစ်နေရာတွင် ဇွန်လ ၂၄ ရက်နေ့က အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး၊ သင်တန်းဆင်း ရဲဘော်များမှ မွန်ပြည်နယ်နှင့် မွန်ပြည်သူလူထုအတွက် အသက်စွန့် တိုက်ပွဲဝင်သွားမည်ဟု သစ္စာဓိဋ္ဌာန်ပြုခဲ့ကြကြောင်း သိရသည်။ (more…)
Read More
ကျိုက်ထီးရိုးတောင်ခြေတွင် ဖမ်းဆီးရမိသည့် ပျူများ ပြစ်မှုများစွာ ကျူးလွန်ထား

ကျိုက်ထီးရိုးတောင်ခြေတွင် ဖမ်းဆီးရမိသည့် ပျူများ ပြစ်မှုများစွာ ကျူးလွန်ထား

RNA_ဧပြီ(၁၉)၊၂၀၂၅ခုနှစ်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းကျေးရွာ ကဒက်ချောင်းရေတံခွန်မှာ ဧပြီလ ၁၅ ရက်နေ့က ဖမ်းဆီးရမိခဲ့သော ပျူများသည် ရက်ရက်စက်စက်ကျူးလွန်သော ပြစ်မှုများစွာ ပြုလုပ်ထားသည့်အတွက် အရေးယူမည်ဟု အမှတ် (၂၇) စစ်ဗျူဟာ တာဝန်ခံက ပြည့်ပြည့်စုံစုံပြောပြထားသည်။ #RedNewsAgency #REDNEWS #REDNEWS
Read More
ယနေ့ အတွက် စခန်းသိမ်းတိုက်ပွဲသတင်းနှင့် အခြားသတင်းများ

ယနေ့ အတွက် စခန်းသိမ်းတိုက်ပွဲသတင်းနှင့် အခြားသတင်းများ

RNA_ဖေဖော်ဝါရီ(၃)၊ ၂၀၂၅ခုနှစ်။ မွန်ပြည်နယ်က စခန်းသိမ်းတိုက်ပွဲနှင့်အတူ ပွင့်ဖြူမြို့နယ်သတင်းများ၊ PDF သင်တန်းဆင်းပွဲနှင့် စစ်မှုထမ်းသတင်းတို့ကို Red News Agency တင်ဆက်ထားခြင်းဖြစ်သည်။ [embedyt] https://www.youtube.com/watch?v=RbmIJi8OtXA[/embedyt] #RedNewsAgency #RNA
Read More
ရေးဘီလူးတပ်ဖွဲ့ လုံခြုံရေးစစ်ဆေးမှုကို စစ်ကောင်စီလော်ဘီတွေ မခံမရပ်နိုင်ဖြစ်နေ

ရေးဘီလူးတပ်ဖွဲ့ လုံခြုံရေးစစ်ဆေးမှုကို စစ်ကောင်စီလော်ဘီတွေ မခံမရပ်နိုင်ဖြစ်နေ

RNA_စက်တင်ဘာ(၁၇)၊၂၀၂၄ခုနှစ်။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ ရွာထိပ် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ရှိသည့်တံတားအနီး ရေးဘီလူးတပ်ဖွဲ့ ရဲဘော်များ ယမန်နေ့က နယ်မြေလုံခြုံရေး စစ်ဆေးမှုများအပေါ်  စစ်ကောင်စီလော်ဘီများမခံမရပ်နိုင် ဖြစ်နေကြောင်း တွေ့ရှိရသည်။ ရေးဘီလူးတပ်တပ်ဖွဲ့ နယ်မြေလုံခြုံရေး စစ်ဆေးခဲ့သည့် ကျောင်ရွာတွင် စစ်ကောင်စီတပ် ၂ တပ်ရှိပြီး စစ်ကောင်စီလော်ဘီတွေဖြစ်သည့် "နန်းငယ်" တယ်လီဂရန်နှင့်အခြားသော စစ်ကောင်စီလော်ဘီချန်နယ်များတွင် "ရေးတပ်နယ် က လုံခြုံရေးတာဝန်ရှိသူတွေ မရှက်ကြဘူးလား" ခေါင်းစဉ်ဖြင့် " ?သစ္စာမဲ့နေတာလား? ? သူရဲဘောကြောင်နေလား? ?လောက်ကောင်တွေလား?" စသည့်မေးခွန်းများဖြင့် စွပ်စွဲပြောဆိုကာ မခံမရပ်နိုင်ဖြစ်နေကြကြောင်း တွေ့ရှိရသည်။   #RedNewsAgency #RNA
Read More
ကျောက်တန်းလေးကျေးရွာအနီး တိုက်ပွဲတွင် ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် လရောင်နှင့် ရဲဘော်သာဒင်တို့ မြင့်မြတ်စွာကျဆုံး

ကျောက်တန်းလေးကျေးရွာအနီး တိုက်ပွဲတွင် ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် လရောင်နှင့် ရဲဘော်သာဒင်တို့ မြင့်မြတ်စွာကျဆုံး

RNA_ဇူလိုင်(၂၇)၊ ၂၀၂၄ ခုနှစ်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ကျောက်တန်းလေးကျေးရွာအနီးတိုက်ပွဲတွင် ပူးပေါင်းမဟာမိတ်တပ်များထဲက ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - တပ်ဖွဲ့ (၁) မှ ရဲဘော် လရောင်နှင့် ရဲဘော်သာဒင်တို့ ကျဆုံးခဲ့ရသည်ဟု ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - တပ်ဖွဲ့ (၁) ထံမှ သိရသည်။ ကျောက်တန်းလေးကျေးရွာအနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA နှင့် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - တပ်ဖွဲ့ (၁) တို့က ဇူလိုင် ၂၃ ရက်နေ့တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၈ ဦးထက်မနည်း သေဆုံးမှုရှိကြောင်း၊ တိုက်ပွဲကြာချိန် ၄၅ မိနစ်အတွင်း စစ်ကောင်စီ၏ သိမ်ဇရပ် ၂၀၇ လက်နက်ကြီးကုန်မှ ၁၂၀…
Read More