Tag: NMSP-AD

  • NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့်အခမ်းအနားကို UN၊ ASEAN နှင့် နိုင်ငံတကာသံတမန်များ မတက်ရောက်ရန်လက်မှတ်ရေးထိုးခဲ့သောအဖွဲ့များ တိုက်တွန်း

    NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့်အခမ်းအနားကို UN၊ ASEAN နှင့် နိုင်ငံတကာသံတမန်များ မတက်ရောက်ရန်လက်မှတ်ရေးထိုးခဲ့သောအဖွဲ့များ တိုက်တွန်း

    RNA_အောက်တိုဘာ(၁၃)၊၂၀၂၅ခုနှစ်။

    ပြည်သူလူထုကို နေ့စဉ်ဗုံးကြဲသတ်ဖြတ်၊ လူငယ်များကို အဓမ္မစစ်မှုထမ်းစေခိုင်းခြင်းစသည်တို့ကို ပြုလုပ်နေသည့် စစ်အုပ်စု၏ ဟန်ပြလုပ်ငန်းစဉ်တွင် ပါဝင်ခြင်းသည် ဒေသတွင်းမတည်ငြိမ်မှုကို ဖန်တီးနေသည့် စစ်အုပ်စုကို ထောက်ခံရာကျသည့်အတွက် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့်မြောက်အခမ်းအနားကို မတက်ရောက်ခြင်းဖြင့် ပြည်သူလူထုနှင့်အတူ ရပ်တည်ကြောင်း ပြသရန် UN၊ ASEAN နှင့် နိုင်ငံတကာသံတမန်များကို NCA လက်မှတ်ရေးထိုးခဲ့သည့်အဖွဲ့အစည်းများက ယနေ့ တိုက်တွန်းချက် ထုတ်ပြန်ထားသည်။

    မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်ရည်ရွယ်သော KNU၊ CNF၊ ABSDF နှင့် PNLO တို့သည် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း လေးဖွဲ့နှင့်အတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ (၁၅) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ NMSP နှင့် LDU တို့သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။

    (more…)

  • ရာမညမွန်တပ်တော် ရဲဘော်များမှ မွန်ပြည်သူများအတွက် အသက်စွန့်တိုက်ပွဲဝင်မည်ဟု သစ္စာဓိဋ္ဌာန်ပြု

    ရာမညမွန်တပ်တော် ရဲဘော်များမှ မွန်ပြည်သူများအတွက် အသက်စွန့်တိုက်ပွဲဝင်မည်ဟု သစ္စာဓိဋ္ဌာန်ပြု

    RNA_ဇွန်(၂၆)၊၂၀၂၅ခုနှစ်။

    မွန်ပြည်သစ်ပါတီ (စစ်အာဏာရှၚ်တိုက်ဖျက်ရေး) ရာမညမွန်တပ်တော်၏ အခြေခံစစ်ပညာ အပတ်စဉ် (၄) သင်တန်းဆင်းပွဲကို မွန်ပြည်နယ်လွတ်မြောက်နယ်မြေ တစ်နေရာတွင် ဇွန်လ ၂၄ ရက်နေ့က အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး၊ သင်တန်းဆင်း ရဲဘော်များမှ မွန်ပြည်နယ်နှင့် မွန်ပြည်သူလူထုအတွက် အသက်စွန့် တိုက်ပွဲဝင်သွားမည်ဟု သစ္စာဓိဋ္ဌာန်ပြုခဲ့ကြကြောင်း သိရသည်။

    (more…)

  • မွန်လက်နက်ကိုင် (၂) ဖွဲ့ပေါင်းပြီး ရာမညမွန်တပ်တော်ဖွဲ့စည်း 

    မွန်လက်နက်ကိုင် (၂) ဖွဲ့ပေါင်းပြီး ရာမညမွန်တပ်တော်ဖွဲ့စည်း 

    RNA_မေ(၂၅)၊၂၀၂၅ခုနှစ်။

    မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA တို့ပေါင်းစည်းပြီး ရာမညမွန်တပ်တော် – Ramonnya Mon Army (RMA) ကို မေလ ၂၄ ရက်နေ့က ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

    NMSP (AD) နိုင်ငံရေး စစ်ရေးကော်မတီဦးဆောင်မှုဖြင့် ရာမညမွန်တပ်တော်၏ စစ်ရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ရန် အဖွဲ့ဝင် (၇) ဦးပါဝင်သော စစ်ကော်မတီကို ဖွဲ့စည်းပြီး စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထော၊ ဒုစစ်ဦးစီးချုပ် (၁) ဗိုလ်မှူးကြီးစိုးဝင်းနှင့် ဒုစစ်ဦးစီးချုပ် (၂) ဗိုလ်မှူးကြီးကျည်ဆံတို့အား ခန့်အပ်တာဝန်ပေးထားသည်ဟု ပူးပေါင်းထားသည့် (၂) ဖွဲ့က ပူးတွဲကြေညာချက်ကို ထုတ်ပြန်ထားသည်။

    (more…)