ရေးဘီလူးတပ်ဖွဲ့ လုံခြုံရေးစစ်ဆေးမှုကို စစ်ကောင်စီလော်ဘီတွေ မခံမရပ်နိုင်ဖြစ်နေ

RNA_စက်တင်ဘာ(၁၇)၊၂၀၂၄ခုနှစ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ ရွာထိပ် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ရှိသည့်တံတားအနီး ရေးဘီလူးတပ်ဖွဲ့ ရဲဘော်များ ယမန်နေ့က နယ်မြေလုံခြုံရေး စစ်ဆေးမှုများအပေါ်  စစ်ကောင်စီလော်ဘီများမခံမရပ်နိုင် ဖြစ်နေကြောင်း တွေ့ရှိရသည်။

ရေးဘီလူးတပ်တပ်ဖွဲ့ နယ်မြေလုံခြုံရေး စစ်ဆေးခဲ့သည့် ကျောင်ရွာတွင် စစ်ကောင်စီတပ် ၂ တပ်ရှိပြီး စစ်ကောင်စီလော်ဘီတွေဖြစ်သည့် “နန်းငယ်” တယ်လီဂရန်နှင့်အခြားသော စစ်ကောင်စီလော်ဘီချန်နယ်များတွင် “ရေးတပ်နယ် က လုံခြုံရေးတာဝန်ရှိသူတွေ မရှက်ကြဘူးလား” ခေါင်းစဉ်ဖြင့် ” 👉သစ္စာမဲ့နေတာလား? 👉 သူရဲဘောကြောင်နေလား? 👉လောက်ကောင်တွေလား?” စသည့်မေးခွန်းများဖြင့် စွပ်စွဲပြောဆိုကာ မခံမရပ်နိုင်ဖြစ်နေကြကြောင်း တွေ့ရှိရသည်။

 

#RedNewsAgency #RNA

By Editor