ရာမညမွန်တပ်တော် ရဲဘော်များမှ မွန်ပြည်သူများအတွက် အသက်စွန့်တိုက်ပွဲဝင်မည်ဟု သစ္စာဓိဋ္ဌာန်ပြု

RNA_ဇွန်(၂၆)၊၂၀၂၅ခုနှစ်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှၚ်တိုက်ဖျက်ရေး) ရာမညမွန်တပ်တော်၏ အခြေခံစစ်ပညာ အပတ်စဉ် (၄) သင်တန်းဆင်းပွဲကို မွန်ပြည်နယ်လွတ်မြောက်နယ်မြေ တစ်နေရာတွင် ဇွန်လ ၂၄ ရက်နေ့က အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး၊ သင်တန်းဆင်း ရဲဘော်များမှ မွန်ပြည်နယ်နှင့် မွန်ပြည်သူလူထုအတွက် အသက်စွန့် တိုက်ပွဲဝင်သွားမည်ဟု သစ္စာဓိဋ္ဌာန်ပြုခဲ့ကြကြောင်း သိရသည်။

 

ရာမညမွန်တပ်တော်၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲတွင် တော်လှန်ရေးကို ထောက်ခံအားပေးသော သံဃာတော်နှင့် မျိုးချစ်မွန်ပုဂ္ဂိုလ်များ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှည်များနှင့် NMSP-AD/RMA ခေါင်းဆောင်များတက်ရောက်ခဲ့ကြသည်ဟု NMSP-AD/Ramonnya Mon Army ကထုတ်ပြန်ထားသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA

By RNA Editor