Tag: ကြံ့ခိုင်ရေး

  • ကြံ့ခိုင်ရေးပါတီ ရပ်ကျေးခေါင်းဆောင်တဦးကို စစ်တပ်က သတ်ဖြတ်

    ကြံ့ခိုင်ရေးပါတီ ရပ်ကျေးခေါင်းဆောင်တဦးကို စစ်တပ်က သတ်ဖြတ်

    RNA_စက်တင်ဘာ(၂၈)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ မင်းလှမြို့နယ်၊ လက်ယားရှည်ကျေးရွာမှအုပ်ချုပ်ရေးမှူးဟောင်း၊ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တဦးကို စစ်ကောင်စီတပ်သားများက စက်တင်ဘာ (၂၇) ရက်နေ့တွင် ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

    စစ်ကောင်စီတပ် အင်းအား (၆၀) ခန့်ရှိ စစ်ကြောင်းသည်လက်ယားရှည်ရွာ မြောက်ဘက်မှ ဝင်ရောက်မွှေနှောက်ပြီး ပြည်သူများကို ဇရပ်တွင် စုရုံးခိုင်းခဲ့ကြောင်း၊ ရွာအရှေ့ဘက်သို့ ဝင်ရောက်စဉ် အသက် (၅၂) နှစ်အရွယ် ဦးဝင်းလှိုင်နေအိမ်အနီးသို့ ရောက်ရှိချိန် စစ်ဆေးရန်ခေါ်ယူသည့်အခါ နောက်ဖေးပေါက်မှ ထွက်ပြေးခဲ့သည့် အတွက် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

    စစ်ကောင်စီတပ်သားများက ကြံ့ခိုင်ရေးပါတီ ရပ်ကျေးခေါင်းဆောင်လည်းဖြစ်၊ အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ဦးဝင်စလှိုင်ကို မပြေးရန်အော်ပြောသော်လည်း ဆက်ပြေးသည့်အတွက် သေနတ်ဖြင့် ပစ်ခတ်ပြီး အလောင်းကို စစ်ကောင်စီတပ်သားများ ယူဆောင်သွားကြောင်း သိရသည်။

    (more…)

  • ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ကြံ့ခိုင်ရေးပါတီဝင်များဖြင့် အစားထိုးမှုများ ပြုလုပ်

    ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ကြံ့ခိုင်ရေးပါတီဝင်များဖြင့် အစားထိုးမှုများ ပြုလုပ်

    RNA_ဒီဇင်ဘာ(၁၉)၊၂၀၂၂ ခုနှစ်။
     
    အာဏာသိမ်းစစ်ကောင်စီက ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ကြံ့ခိုင်ရေးပါတီဝင်များဖြင့် အစားထိုးမှု ရန်ကုန်တိုင်းတွင် စတင်ပြောင်းလဲမှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
     
    ရန်ကုန်တိုင်း၊ မင်္ဂလာဒုံခရိုင်အတွင်းရှိ နွယ်ခွေ၊ အနန်းပင်၊ ချစ်တီးကုန်း၊ ထောက်ကြံ့တောင်ပိုင်းရပ်ကွက်၊ ကြံခင်းစု၊ ပေါက်ကုန်းရပ်ကွက်စသည့် ၁၄ ခုမှ အုပ်ချုပ်ရေးမှူး ၁၄ ဦးကို စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အမိန့်ဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းမှစတင်ပြီး ကြံ့ခိုင်ရေးပါတီဝင်များဖြင့် အစားထိုးပြောင်းလဲလိုက်ကြောင်း သိရသည်။
    ဓာတ်ပုံ : ၂၀၂၀ ရွေးကောက်ပွဲကို ဆန္ဒပြနေသည့် မိတ္ထီလာမြို့နယ်မှ ကြံ့ခိုင်ရေးပါတီဝင်များ။

    (more…)

  • ဗကသကိုဆန့်ကျင်ရာတွင် စစ်လော်ဘီနှင့်စုလော်ဘီများ တပေါင်းတစည်းတည်း ညီညွတ်နေကြရခြင်းအကြောင်းအရင်း

    ဗကသကိုဆန့်ကျင်ရာတွင် စစ်လော်ဘီနှင့်စုလော်ဘီများ တပေါင်းတစည်းတည်း ညီညွတ်နေကြရခြင်းအကြောင်းအရင်း

    ” တကယ့်လက်တွေ့မှာတော့ “စစ်နဲ့စု အကြောင်းဖွဲ့ပြုလို့ မကောင်းတဲ့အမှု တည်စေသောဝ်”ဖြစ်နေပါပြီလို့ တမလွန်က ကိုလှသန်းကို တိုင်တည်ပြီး စိတ်မကောင်းစွာနဲ့ ဒီစာကို ဆက်ရေးရပါလိမ့်မယ် ”

    ကျော်ကိုကို

    လူမှုကွန်ရက်မှာ ကျနော့်အကိုတယောက်က “ကြံဖွံ့ ထောက်ခံသူနဲ့ NLD ထောက်ခံသူတွေ ညီညီညွတ်ညွတ် လုပ်တဲ့အလုပ်ကတော့ ဗကသ ဆန့်ကျင်ရေးပဲ။” လို့ ရေးလိုက်ပါတယ်။သူ့အယူအဆကို ကျနော်လည်း သဘောတူပါတယ်။ဘာကြောင့်လဲဆိုရင် ကျနော့်အတွေ့အကြုံအရ ပြောပြရင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်က ဆိုရှယ်မီဒီယာပေါ်မှာ ကျနော်အပါအဝင် ဗကသကျောင်းသားတွေကို အကြီးအကျယ်တိုက်ခိုက်နေတာ စစ်တပ်ထောက်ခံသူတွေ၊ကြံ့ဖွံ့ထောက်ခံသူတွေ(အတိုချုံးပြီး စစ်လော်ဘီတွေလို့ပဲခေါ်ပါမယ်-ရည်ရွယ်ချက်ကို အကြောင်းပြုပြီးခေါ်တာပါ)ဖြစ်ပြီး ခရီးရှည်ချီတက်သပိတ်ကာလနဲ့ လက်ပံတန်းအကြမ်းဖက်ဖြိုခွဲပြီးကာလမှာ တောက်လျောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဆိုင်ဘာအကြမ်းဖက်မှုလို့ခေါ်လို့ရတဲ့ သတင်းတု သတင်းမှားတွေ (ကျနော်တို့က သိန်းခြောက်ထောင်ယူထားတယ်ဆိုတာမျိုး၊လက်နက်ကိုင်လှုပ်ရှားမှုနဲ့ဆက်စပ်တယ်ဆိုတာမျိုးတွေ)ဖြန့်ဝေပြီး ဗကသကို ဦးတည်ပစ်မှတ်ထားတိုက်ရင်း ဗကသရဲ့ အဓိကလွှမ်းခြုံအတွေးအခေါ်ဖြစ်တဲ့ (leftist’s ideology)ကို ဖြိုချပစ်ဖို့ကြိုးစားတာပါ။ဗိုလ်သိန်းစိန်လက်ထက်မှာ စစ်လော်ဘီတွေ ထင်တိုင်းမပေါက်ခဲ့ပါဘူး။အဲ့အချိန်တုန်းက ဆိုရှယ်မီဒီယာမှာ သူတို့အင်အားတစုတည်းပဲ ဗကသကို တိုက်နေတာဖြစ်တဲ့အတွက်ပါ။

    ၂၀၁၅ သပိတ်ကြောင့် ထောင်ကျပြီး ပြန်လွတ်လာတဲ့ညကစပြီး ဗကသကို တိုက်တဲ့အင်အားစုက နှစ်စုဖြစ်လာပါတယ်။ဒေါ်စုကိုထောက်ခံနေတဲ့ စုလော်ဘီတွေကလည်း ဗကသကို အကြောင်းမရှိ အကြောင်း ရှာတိုက်ခဲ့ပါတယ်။ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမ္မာန်သွား ဂါရဝပြုတာကအစ သူတို့အတွက် တိုက်ရမယ့်အကြောင်းဖြစ်ခဲ့ရတာပါ။ဒေါ်စုအစိုးရကို ကျေးဇူးတင်စရာမလိုဘူး၊မတရားဖမ်းဆီးခံထားရတာကို ပြန်လွတ်ပေးရမှာ အစိုးရရဲ့တာဝန်ပဲလို့ ကျောင်းသားတွေက ပြောတဲ့အတွက် ကျောင်းသားတွေကို ခွေးနဲ့နှိုင်းယှဉ်ကာ သော့ဖွင့်ပေးတဲ့ဒေါ်စုလက်ကိုပြန်ခဲတယ် စသဖြင့် ဆော်ကြနှက်ကြပါတယ်။ပညာရေးသပိတ်တောင်းဆိုချက်တွေ မရမချင်း သပိတ်မလှန်ဘူးလို့ပြောတဲ့သဘောထားကို နားမလည် သဘောမပေါက်တဲ့ စုလော်ဘီတွေက အခုချက်ချင်းပဲ ကျောင်းသားတွေလမ်းပေါ်ထွက်ဆန္ဒပြလိုက်မယ်ပဲတွေးပြီး “ထောင်ထဲပြန်ထည့်ထားပါ ထောင်ဝင်စာ ကျမပို့ပါမယ်၊ကျနော်ပို့ပါမယ်”လို့တောင် ရိုင်းရိုင်းစိုင်းစိုင်းပြောလာတာတွေရှိပါတယ်။ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို ချိုးဖောက်တဲ့စကားမှန်းမသိနားမလည်တော့တဲ့ အဆင့်အထိ သူတို့ အပြုအမူတွေက အာဏာရှင်ဆန်လာတော့တာပါ။ပြောချင်တာက ဒေါ်စုနဲ့ NLD ပါတီ အစိုးရနေရာရောက်သွားပြီးတဲ့အချိန်မှာ ဗကသကို စစ်လော်ဘီတွေသာမက စုလော်ဘီတွေကပါ ထိုးနှက်တိုက်ခိုက်ခဲ့ပါတယ်။

    (more…)