30                                    
                                    
                                        Jul 
                                    
                                
                            
                        
                        
                    
                        RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားသော လက်ပန်လှရဲစခန်းအား အကြမ်းဖက်စစ်ကြောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ပြစ်ဒဏ်ကျ အကျဉ်းသားများနှင့် စစ်ဆေးနေဆဲ သံသယတရားခံများဖြစ်သော အမျိုးသား(၂၁)ဦး နှင့် အမျိုးသမီး(၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ (၃၀)ဝန်းကျင်ရှိသည်ဟု သိရသည်။ စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာရှိ ရဲစခန်းနှင့် ရွှေပန်တောကျေးရွာတို့အား အကြမ်းဖက်စစ်ကောင်စီက ၂၀၂၅ ခုနှစ် ဇူလိုင် (၂၉) ရက်နေ့ညနေပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအတွင်း လက်ပန်လှကျေးရွာ ရဲစခန်းအတွင်း သေဆုံးမှုများအပြင် ရွှေပန်းတောကျေးရွာ လေကြောင်းတိုက်ခိုက်မှုအတွင် ဒေသခံပြည်သူ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၁)ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကယနေ့ ထုတ်ပြန်ထားသည်။ (more…)                    
                                            
                                    
 
                             
                             
                             
                             
                             
                             
                             
                             
                            