NUG ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အဖွဲ့ ဗိုလ်ဒါဘော ဦးဆောင်သော အဖွဲ့အား သွားရောက်တွေ့ဆုံ

RNA_ဇန်နဝါရီ(၂)၊၂၀၂၅ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် အကြမ်းဖက်စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းအား ထိုးစစ်ဆင် ချေမှုန်းလျက်ရှိသော ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောဦးဆောင်သည့် ကော်ဘရာကော်လံမှ တပ်ဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အဖွဲ့အား ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၃၂) စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောမှ စစ်ဆင်ရေးအခြေအနေများကို ရှင်းလင်းပြောပြခဲ့ပြီး၊ အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသူများနှင့် မိတ်ဆက်ပေးခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

ဗိုလ်ဒါဘောသည် လာရောက်တွေ့ဆုံ အားပေးစကားပြောကြားသော ဝန်ကြီးချုပ်နှင့်အဖွဲ့ကို သိမ်းပိုက်ထားသော မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ခြေမြန်တပ်ရင်း ခမရ(၃၅၅) ဝင်း အတွင်းရှိ ပစ်ချထားသော ရဟတ်ယာဉ်အပျက်ကို လိုက်လံပြသခဲ့ကြောင်း၊ ဝန်ကြီးချုပ်ကလည်း ကျေးဇူးတင်စကား၊ အားပေးစကားများပြောကြားကာ ရဲဘော်များ၏ လိုအပ်ချက်များအတွက် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor