Red News Agency

Independent Journalism for Justice and Human Rights.

စဉ့်ကူမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရရှိသည်ဟု မန္တလေး PDF ထုတ်ပြန်

Written by

in

RNA_ဇူလိုင်(၃)၊၂၀၂၄ ခုနှစ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) နှင့်အတူ စဉ့်ကူးမြို့နယ်တွင်လည်း စစ်ဆင်ရေးများကို ဟန်ချက်ညီညီဖော်ဆောင်လျက်ရှိသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များသည် စဉ့်ကူးမြို့နယ်အတွင်းရှိ ဒိုးနွယ်ရွာ တပ်စခန်း၊ နမ့်ဟပ်ရွာ တပ်စခန်း၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း၊ ရွှေမာလဲစေတီ တပ်ခစန်း၊ ရွာတော်လေး တပ်စခန်း နှင့် နွယ်ရုံ ရဲစခန်းတို့ကို အပြီးသတ်သိမ်းပိုက်ထားသည်ဟု ယနေ့ ထုတ်ပြန်ထားသည်။


စဉ့်ကူးစစ်ဆင်ရေးနယ်မြေအတွင်း ထပ်မံသိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်စခန်းများမှ လက်နက်မျိုးစုံ (၄၀)ကျော်နှင့် ခဲယမ်းအများအပြားသိမ်းဆည်းရမိထားပြီး စစ်သုံ့ပန်း (၁၃) ဦးခန့်ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ စဉ့်ကူးစစ်ဆင်ရေးများတွင်စဉ့်ကူးမြို့နယ် ပကဖ မှလည်း ထောက်ပို့ဆိုင်ရာကိစ္စရပ်များတွင် ပံ့ပိုးကူညီပေးလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် စဉ့်ကူးမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းကလည်း မတ္တရာမြို့နယ်အတွင်းရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း၊ ဆည်တော်တပ်စခန်း၊ ပန်းသလဲတောင် တပ်စခန်း၊ ရေစိုတောင် တပ်စခန်း၊ နေကျော်တောင် တပ်စခန်း၊ ရွှေပုထိုး တပ်စခန်း၊ ကျောက်ခလုတ် တပ်စခန်း နှင့် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင် တပ်စခန်းများကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

#RedNewsAgency