RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၅ခုနှစ်။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်တည်ရှိရာ တောင်ကုန်းအား အာရက္ခတပ်တော် – AA မှာ ထိုးစစ်ဆင်နေသည့်အတွက် ထွက်ပြေးလာသော စစ်ကောင်စီတပ်သား (၂၃) ဦးကို လက်နက်ခဲယမ်းများနှင့်အတွ ချင်းကာကွယ်ရေးတပ် – အရှိုက ဖမ်းဆီးရမိထားကြောင်း သိရသည်။
တိုက်ပွဲအတွင်းမှ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သားများကို ချင်းကာကွယ်ရေးတပ် – အရှို ရဲဘော်များက နတ်ရေကန် ဆက်သွယ်ရေး တာဝါတိုင်၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာတွင် နယ်မြေရှင်းလင်းစဉ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၃) ရက်အတွင်း (၂၃) ဦးကို ဖမ်းဆီးရမိသည်ဟု ချင်းကာကွယ်ရေးတပ် – အရှိုကထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့်အတူ MA-1 (၁၃) လက်၊ MA-2 (၁) လက်၊ MA-3 (၃)လက်၊ MA-11 (၂) လက်၊ MA-5 (1) လက်နှင့်အတူ လက်ပစ်မိုင်း၊ ကျည် စသည့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း၊ နတ်ရေကန်ဒေသအနီးတစ်ဝိုက်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးတပ်များနှင့် ချိတ်ဆက်ပြီး အမြန်ဆုံးအလင်းဝင် ပူးပေါင်းကြရန် ချင်းကာကွယ်ရေးတပ် – အရှိုကတိုက်တွန်းထားသည်။
#RedNewsAgency #REDNEWS #RNA