စစ်ကောင်စီတပ်ကျဆုံး

သဲဖြူကျေးရွာ အထိုင်ချနေသည့် စစ်ကောင်စီတပ် တိုက်ပွဲအတွင်း (၂၀) ကျော်သေဆုံးနိုင်ဟု ခန့်မှန်း 

သဲဖြူကျေးရွာ အထိုင်ချနေသည့် စစ်ကောင်စီတပ် တိုက်ပွဲအတွင်း (၂၀) ကျော်သေဆုံးနိုင်ဟု ခန့်မှန်း 

RNA_ဧပြီ(၁၄)၊၂၀၂၃ ခုနှစ်။ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သဲဖြူကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၂၀) ကျော်သေဆုံးနိုင်ကြောင်း People Defense Wrganization - Tanintharyi Division က ခန့်မှန်းထားသည်။ စစ်ကောင်စီတပ်သည် သဲဖြူကျေးရွာသို့မတ်လ (၂၈) ရက်နေ့က စတင်ပြီး စစ်ကြောင်းထိုးရောက်ရှိကာ ယာယီတပ်စွဲနေထိုင်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်း မဟာမိတ်တပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ဧပြီလ (၁၂)ရက်နေ့တွင် စစ်ကောင်စီတပ်သားများ ပြန်လည်ဆုတ်ခွါသွားကြောင်း၊ နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းတချို့နှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။ (more…)
Read More
ဗားရ်ကျေးရွာတိုက်ပွဲ စစ်ကောင်စီတပ်သား (၁၁) ဦးသေ (၁၄) ဦးအရှင်ဖမ်းမိ

ဗားရ်ကျေးရွာတိုက်ပွဲ စစ်ကောင်စီတပ်သား (၁၁) ဦးသေ (၁၄) ဦးအရှင်ဖမ်းမိ

RNA_ဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် (၁၂) မိုင်ခန့်အကွာရှိ ဗားရ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)က ယနေ့ နံနက် (၅) နာရီ (၃၀) မိနစ်ဝန်းကျင်မှစတင်တိုက်ခိုက်ရာ (၁) နာရီ (၃၀) မိနစ်ဝန်ကျင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၁) ဦးသေဆုံးကာ (၁၄) ဦးအရှင်ဖမ်းမိခဲ့ကြောင်း၊ လမ်းခု လတ်တွင် ဒဏ်ရာကြောင့် (၃) ဦးထပ်မံသေဆုံးကြောင်း CNO ကထုတ်ပြန်ထားသည်။ ဗားရ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွင် စစ်ကောင်စီတပ်သား (၂၅) ဦးသာရှိကြောင်း၊ တိုက်ပွဲအပြီး MA1 - (၃)လက်၊ MA2-(၁)လက်၊ MA3-(၂)လက်၊ MA 4-(၁) လက်၊ G3-(၁၂)လက်၊ ကျည်ဘောက်-(၂၀)၊ ၆၀…
Read More
စစ်ကောင်စီတပ် ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၇) ဦးသေ 

စစ်ကောင်စီတပ် ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၇) ဦးသေ 

RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုးကုတ်- ပြင်ဦးလွင် - ကျောက်မဲ ဆက်သွယ်ရေး လမ်းမပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲများအထိုင်ချသည့် လယ်ကြီးဂိတ်စခန်းကို KIA နှင့် ပူးပေါင်းများဟာမိတ်များ သွားရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်နှင့်ရဲ (၇) ဦးသေဆုံးပြီး (၇) ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။ KIA၊ K- PDF ( Kachin Region )၊ PDF( NUG )၊ ကျောင်းသားတပ်မတော်( A.B.S.D.F )၊ ရှမ်းမြောက်ဒေသ မဟာမိတ်တပ်ပေါင်းစုတို့မှ ပူးပေါင်းစစ်ဆင်ရေးအဖြစ် ဧပြီလ (၇) ရက်နေ့ နံနက် (၇) နာရီ (၄၀) မိနစ်ဝန်းကျင်က လယ်ကြီး…
Read More
ဒီးမော့ဆို အရှေ့ခြမ်း တိုက်ပွဲ (၂) ရက်အတွင်း စစ်ကောင်စီတပ်မှ (၁၀) ဦးကျော်သေဆုံး

ဒီးမော့ဆို အရှေ့ခြမ်း တိုက်ပွဲ (၂) ရက်အတွင်း စစ်ကောင်စီတပ်မှ (၁၀) ဦးကျော်သေဆုံး

RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ၏ အရှေ့ဖက် တောင်ပေါ် တစ်ကြောတွင် စစ်ကြောင်းထိုးလှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်များအကြား ဧပြီလ (၄)ရက်နှင့် (၅)ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၀) ဦးကျော်သေဆုံးပြီး၊ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း သိရသည်။ "ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ (၁၀)ဦးကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး စစ်ကောင်စီ၏ စစ်ကြောင်းထိုးနေသော တပ်ရင်းများထဲမှ ခမရ (၅၁၇) တပ်ရင်း အမှတ်တံဆိပ်ပါ MA-1 သေနတ် (၂)လက် ၊ MA-3 သေနတ် (၁)လက် နှင့် ကျည်ဆံများ ၊ ဆက်စပ် ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်ပစ္စည်း အချို့တို့…
Read More
မတူပီ-ပလက်ဝလမ်း မိုင်တိုင် ၁၄/၁၅ အကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၃) ဦးသေ

မတူပီ-ပလက်ဝလမ်း မိုင်တိုင် ၁၄/၁၅ အကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၃) ဦးသေ

RNA_မတ်(၂၆)၊၂၀၂၃ ခုနှစ်။ ချင်းပြည်နယ်၊ မတူပီ-ပလက်ဝ လမ်းမပေါ်ရှိ စစ်ကောင်စီတပ် ထယ်ဘွေးစခန်းသို့ စားနပ်ရိက္ခာဖြည့်ရန် ထွက်ခွာလာသော ယာဉ် (၃)စီးနှင့် အင်အား (၈၀) ခန့်သည် ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၃) ဦးသေဆုံးကာ (၇) ဦး ဒဏ်ရာရရှိကြောင်း CDF - Matupi မှ ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။ စားနပ်ရိက္ခာဖြည့်ရန်လာသည့် စစ်ကောင်စီတပ် ယာဉ် (၃) စီးနှင့် အင်အား (၈၀) ခန့်ကို မတ်လ (၂၃-၂၄) ရက်နေ့က CDF-Matupi နှင့် CNA တို့မှ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်မှု တကြိမ်တွင် စစ်ကောင်စီဘက်မှ (၇) ဦးသေဆုံးကြောင်း၊ ထိတွေ့တိုက်ပွဲ (၃) ကြိမ်တွင်…
Read More
ဒေါတမကြီးကျေးရွာအတွင်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် (၉၀) ကျော်သေဆုံး

ဒေါတမကြီးကျေးရွာအတွင်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် (၉၀) ကျော်သေဆုံး

RNA_မတ်(၂၅)၊၂၀၂၃ ခုနှစ်။   ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြိးကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မတ်လ (၂၀) ရက်နေ့မှ (၂၃) ရက်နေ့အထိ KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD၊နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် (၉၀) ကျော်သေဆုံးပြီး (၅၀) ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။   ၂၀၂၃ ခုနှစ်၊ မတ်လ (၈)ရက်နေ့ မှစ၍ ကရင်နီပြည်နယ်၊ ဘောလခဲမြို့မှ ဒီးမော့ဆိုမြို့နယ် ၊ ဒေါညင်းခူကျေးရွာဖက်သို့…
Read More
မြောင်နယ်ထဲဝင်လာသည့် စစ်ကောင်စီတပ်ဘီလူးစစ်ကြောင်း စစ်ကြောင်းမှူးပါအဝင် သေဆုံးသူများ

မြောင်နယ်ထဲဝင်လာသည့် စစ်ကောင်စီတပ်ဘီလူးစစ်ကြောင်း စစ်ကြောင်းမှူးပါအဝင် သေဆုံးသူများ

RNA_မတ်(၂၃)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင်း သောင်းကြမ်းထွက်လာသည့် စစ်ကောင်စီတပ် တပ်မ ၉၉မှ ဘီလူးကွန်မန်ဒို စစ်ကြောင်း မြောင်မြို့နယ်ထဲဝင်လာချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းမှူးအပါအဝင် အများအပြားသေဆုံးကြောင်း သိရသည်။   တပ်မ (၉၉) မှ ဘီလူးကွန်မန်ဒိုစစ်ကြောင်းတွင် ပျူစောထီးနှင့်ရဲများမပါဝင်သည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ တပ်ကြပ်နှင့် တပ်သားများသာစုစည်းထားသည့် အင်အား (၁၅၀) ခန့်ပါသည့် စစ်ကြောင်းတခုဖြစ်ကြောင်း၊ မတ်လ ၂၂ ရက်နေ့ည ဘီလူးကွန်မန်ဒိုစစ်ကြောင်းကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ - CDSOM နှင့်မဟာမိတ်များက တိုက်ခိုက်သည့်အတွက် ဘီလူးကွန်မန်ဒိုစစ်ကြောင်းမှ စစ်ကြောင်းမှူးအပါအဝင် (၁၉) ဦးသေဆုံးကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ ထံမှ သိရသည်။ (more…)
Read More
စစ်ကောင်စီတပ် ခလရ (၁၃၅) စခန်းတခုကို ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ သိမ်းပိုက်

စစ်ကောင်စီတပ် ခလရ (၁၃၅) စခန်းတခုကို ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ သိမ်းပိုက်

RNA_မတ်(၁၇)၊၂၀၂၃ ခုနှစ်။   သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီတပ် ခလရ (၁၃၅) ရှေ့တန်းတပ်စခန်းတခုကို မတ်လ (၁၆) ရက်နေ့ ညနေ ၅ နာရီမှ ၆ နာရီအတွင်း ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။   စစ်ကောင်စီတပ် ခလရ (၁၃၅) ရှေ့တန်းတပ်စခန်းတခုကို သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သား အလောင်း (၃) လောင်းတွေ့ရှိရပြီး၊ လက်နက်မျိုးစုံ (၆)နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း၊ စခန်းအထိုင်တပ်သားတချို့ထွက်ပြေးသွားကြကြောင်း သိရသည်။   #RedNewsAgency
Read More
ကုရင်ကျေးရွာအုပ်စုတောင်ကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၆) ဦးအရှင်ဖမ်းခံရပြီး (၁၉) ဦးသေ

ကုရင်ကျေးရွာအုပ်စုတောင်ကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၆) ဦးအရှင်ဖမ်းခံရပြီး (၁၉) ဦးသေ

RNA_မတ်(၁၄)၊၂၀၂၃ ခုနှစ်။ ဖယ်ခုံမြို့နယ်၊ ကုရင်ကျေးရွာအုပ်စု တောင်းကြားတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၆) ဦးအရှင်ဖမ်းခံရပြီး နယ်မြေရှင်းလင်းရေးလုပ်စဉ် စစ်ကောင်စီတပ်မှ (၁၉) ဦးသေဆုံးကြောင်း သိရသည်။ ကုရင်ကျေးရွာအုပ်စုတောင်ကြားတွင် စစ်ကောင်စီတပ် ရောက်ရှိနေကြောင်း သတင်းရရှိခဲ့သည့်အတွက် ဖယ်ခုံ PDF တပ်ရင်း (၂) နှင့် မဟာမိတ်များက တောနင်းရှာဖွေရာ မတ်လ (၁၁) ရက်နေ့ နံနက် (၁၀) နာရီမှ ညနေ့ (၅) နာရီအထိ ပစ်ခတ်တိုက်ခိုက်ကြကြောင်း၊ တိုက်ပွဲဖြစ်အပြီး စစ်ကောင်စီတပ်ထွက်ပြေးစဉ် (၆) ဦးအရှင်ဖမ်းခံခဲ့ရကြောင်း၊ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တဦး ဒဏ်ရာရရှိခဲ့ကြောင်း PKPDF -2 ကထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီတပ်မှ (၁၃) ဦးကျဆုံးခဲ့သည့် တိုက်ပွဲ ရုပ်သံ

စစ်ကောင်စီတပ်မှ (၁၃) ဦးကျဆုံးခဲ့သည့် တိုက်ပွဲ ရုပ်သံ

RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၃ခုနှစ်။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဒေသ၊ ထားဝယ်-ထီးခီး လမ်းမပေါ်ရှိ ဗဲ့မဲ့တပ်တောင်အနီး၊ ကွာလီတောင်ကြောနှင့် သင်္ကန်းတုံးကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၁၃) ဦးခန့် သေဆုံးခဲ့သည်။ ဥဩစစ်ကြောင်းနှင့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၁) တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ (၁၇) ရက်နေ့က စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်ခဲ့ရာ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သား (၁၀) ဦးသေဆုံးပြီး၊ နေ့လည်ပိုင်းတိုက်ပွဲတွင် (၃) ဦးသေဆုံးခဲ့ကြောင်း၊ယင်းတိုက်ပွဲအတွင်းပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကျဆုံးခဲ့ကြောင်းဥဩစစ်ကြောင်းကထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်သားများ အသေအဆုံးများခဲ့သည့် ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ ၁၈ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် ထားဝယ်-ထီးခီးလမ်းမကြီးနေရာတိုက်ပွဲမှတ်တမ်းရုပ်သံကိုယနေ့မှာဥဩစစ်ကြောင်းထားဝယ်မြို့နယ်မှထုတ်ပြန်ထားသည်။ Red News Agency
Read More