စစ်ကောင်စီတပ်ကျဆုံး

MRDA နှင့် မဟာမိတ်များပူးပေါင်းသည့် တိုက်ပွဲတွင် စကစဘက်မှ (၂၅) ဦးခန့် ကျဆုံး

MRDA နှင့် မဟာမိတ်များပူးပေါင်းသည့် တိုက်ပွဲတွင် စကစဘက်မှ (၂၅) ဦးခန့် ကျဆုံး

RNA_ဩဂုတ်(၁၂)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း၊ ပန်းတိမ်ညင်စေသူသံပိုသစ်ကွင်း၌ သစ်များသယ်ယူရန် အင်အားအများပြားဖြင့် ချီတက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် မြန်မာ့တော်ဝင်နဂါးတပ်တော် -MRDA နှင့် မဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၂၅ ဦးခန့် ကျဆုံးခဲ့ကြောင်း MRDA တပ်ရင်း ၆ တပ်ခွဲ ၁ ထံမှ သိရသည်။ ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်ကြားရှိ ပန်းတိမ်ညင်စေသူသံပိုသစ်ကွင်းသို့ သံခွန်များဖြင့် ချင်းတွင်းမြစ်ကြောင်းမှ တဆင့်ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဩဂုတ်လ (၆) ရက်နေ့ နေ့လည် ၁ နာရီ ၄၀ မိနစ်ဝန်းကျင်က MRDA တပ်ရင်း ၆၊ တပ်ခွဲ ၁ နှင့် မုံရွာ ခရိုင်…
Read More
မကွေးတိုင်းအတွင်း စစ်ရေးအခြေအနေနဲ့ စစ်ကောင်စီတပ်တွေအနေအထား

မကွေးတိုင်းအတွင်း စစ်ရေးအခြေအနေနဲ့ စစ်ကောင်စီတပ်တွေအနေအထား

ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ နွားမတောင်တကြောမှာ ကာကွယ်ရေးအဖွဲ့ တွေကော စစ်တပ်ကပါ နေရာဖြန့်ပြီး ယူထားပေမဲ့ ဒါဟာ စစ်တပ်အတွက်တော့ တဒင်္ဂနေရာယူထားတာသာဖြစ်ခဲ့ပါတယ်။ မုန်းတလျှောက်နဲ့ မင်းဘူးခရိုင်- ဂန့်ဂေါခရိုင်နဲ့ ချင်းပြည်နယ် အစပ်ကို ပတ်ချာလည် ဝန်းရံ ပြီး ကာမယ်လို့ ထင်ထားခဲ့ပေမဲ့ အင်အားမရှိတဲ့ စစ်တပ်ဟာ တစ်ပတ်သာ တောင့်ခံပြီး ပြန်ဆုတ်သွားခဲ့ပါတယ် ကျော်ရဲစံ မကွေးတိုင်းမှာ ခရိုင် ငါးခုနဲ့ မြို့နယ် ၂၅ မြို့နယ် ရှိပါတယ်။ မင်းဘူးခရိုင်၊ မကွေးခရိုင်၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်နဲ့ သရက်ခရိုင်တို့ မှာ မြို့နယ်ပေါင်း ၂၅ မြို့နယ်ကို နယ်မြေဒေသအခြေခံပြီး အချိုးကျ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။ ဒီခရိုင်တွေမှာ အရေးကြီးတဲ့ အချက်ကစစ်တပ်က…
Read More
KNLA နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁၅) ဦးကျဆုံးပြီး (၃၆) ဦး ဒဏ်ရာရ 

KNLA နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁၅) ဦးကျဆုံးပြီး (၃၆) ဦး ဒဏ်ရာရ 

RNA_ဇူလိုင်(၂၉)၊၂၀၂၃ ခုနှစ်။ ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် K.N.L.A တပ်ရင်း (၉) လက်အောက်ခံတပ်ဖွဲ့တို့ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅) ဦးကျဆုံးပြီး (၃၆) ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၅ ရက် ၂၆ ရက်နေ့တို့တွင် ရေတွင်းကုန်းကျေးရွာ သင်္ချိုင်းကုန်း၊ နံဇကျေးရွာ အနီးတဝိုက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ နယ်မြေရှင်းလင်းစဉ် G3-၁လက်၊ ကျည်ဆံ(၂၀၀)တောင့်၊ 60mm-၁လုံး၊ MA1-၁လက်၊ MA2-၂လက်၊ MA3-၂လက်၊ MA5-၁လက်၊ ကျည်ဘောက် (၁၃)ဘောက်၊ G4-၁လက်၊G4ကျည် -၅၀တောင့်၊ ကျည်အိမ် (၄)…
Read More
ရွေးချယ်မှု မှားယွင်းခဲ့သည့် ပျူစောထီးများ

ရွေးချယ်မှု မှားယွင်းခဲ့သည့် ပျူစောထီးများ

"ကျူးဘားနိုင်ငံ တော်လှန်ရေးတွင်လည်း ပျူစောထီးကဲ့သို့ သတင်းပေးဒလန်များကို ခရီးလမ်းတလျှောက် အရေးယူ ရှင်းလင်းပြီးမှသာ ပြည်သူ့ရဲဘော်များက နယ်မြေစိုးမိုးမှု အပြည့်အဝ ရယူနိုင်ခဲ့" မေဇော် စစ်ကိုင်းတိုင်းသည် ဒေသခံလူထု၏ လက်နက်ကိုင်တော်လှန်ရေး အင်အားကောင်းရာ နယ်မြေဖြစ်သဖြင့် စစ်ကောင်စီတပ်၏ အထူးမျက်စိကျရာဒေသဖြစ်သည်။နေ့စဉ်နီးပါး ဆိုသလိုပင် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများတွင် နေထိုင်သူ ပြည်သူများမှာ အသက်လုကာ အိုးအိမ်စွန့်ပြီး ထွက်ပြေးနေရသည်။ ယခင်ကဆိုလျှင် တရွာပြေးလျှင် နောက်တရွာက ကူညီ ခေါ်ယူကျွေးမွေးထားနိုင်သည့် အခြေအနေ၊ သို့သော် ယခုအခါ ရွာအားလုံးနီးပါး စစ်ကောင်စီ၊ ပျူစောထီးနှင့် ပြည်သူ့စစ်များ လက်ချက်ကြောင့် ပြာပုံနီးနီး ဖြစ်ခဲ့ရပြီ ။ ယခုအခါလည်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်းမှ ချမ်းသာကြီးနှင့် မြကန်ကျေးရွာ အနီးတဝိုက်…
Read More
မုံရွာမြို့ ကညနရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF များ ပူးပေါင်းတိုက်ခိုက်

မုံရွာမြို့ ကညနရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF များ ပူးပေါင်းတိုက်ခိုက်

RNA_ဇွန်(၂၇)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ကညနရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်များပူးပေါင်းပြီးဇွန်လ ၂၄ ရက်နေ့ ညနေ ၆ နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိကြောင်း ယနေ့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့ ထုတ်ပြန်ထားသည်။ ကညနရုံးအတွင်းရှိ စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ (Monywa The Boys) နှင့် မုံရွာခရိုင် တပ်ရင်း (၅) ၊ မုံရွာခရိုင် တပ်ရင်း (၇) ၊ မုံရွာခရိုင် တပ်ရင်း (၁၂) ၊ မုံရွာခရိုင် တပ်ရင်း…
Read More
ဒီးမော့ဆိုမြို့နယ် (၉) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် (၄၀) နီးပါးသေ 

ဒီးမော့ဆိုမြို့နယ် (၉) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် (၄၀) နီးပါးသေ 

RNA_မေ(၂၄)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာတောင်ပေါ်မှ ဒေါလျားခူ ကျေးရွာ တောင်ပေါ်ဖက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် KNDF နှင့် မဟာမိတ်တပ်ဖွဲ့များအကြား (၉) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် (၄၀) နီးပါးသေဆုံးကြောင်း သိရသည်။ "စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ(၁)ဦး၊ဗိုလ်အဆင့်ရှိသူ(၂)ဦး အပါအဝင် စစ်ကောင်စီတပ်သား (၄၀)နီးပါး သေဆုံးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူလည်းများပြားခဲ့ပါသည်" ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
နယ်ကျွံလာသည့် စစ်ကောင်စီတပ်လက်အောက်ခံ (၂) ဦး ပစ်ခတ်ခံရ

နယ်ကျွံလာသည့် စစ်ကောင်စီတပ်လက်အောက်ခံ (၂) ဦး ပစ်ခတ်ခံရ

RNA_မေ(၁၀)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မူးတိမ်ချောင်းတံတားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်လက်အောက်ခံ လက်နက်ကိုင် (၂) ဦး ခင်ဦး-‌ရေဦး ကားလမ်းပေါ်သို့ ယနေ့ နေ့လည် (၁၂) နာရီ ၄၀ မိနစ် ဝန်းကျင်က နယ်ကျွံလာစဉ် ပ.က.ဖနှင့် ပူးပေါင်းတပ်ဖွဲ့ဆို့ ထိတွေ့ ပစ်ခတ်စဉ် စစ်ကောင်စီလက်အောက်ခံ (၂) ဦး သေဆုံးသွားခဲ့သည်။ ခင်ဦး-ရေဦး ကားလမ်းပေါ်သို့ ရောက်ရှိလာသည့် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် (၂) ဦးနှင့် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် နယ်မြေခံကာကွယ်ရေးအဖွဲ့ (LDF) များနှင့် ထိတွေ့တိုက်ပွဲ (၃) မိနစ်ခန့်သာကြာပြီး သေဆုံးသွားခဲ့ပြီး၊ ကိုင်ဆောင်ခဲ့သော MA 1- ၁လက်၊ AK…
Read More
စစ်ကောင်စီတပ်စစ်ကြောင်း ၁ နာရီကြာ  ကြားဖြတ်ပစ်ခတ်ခံရ

စစ်ကောင်စီတပ်စစ်ကြောင်း ၁ နာရီကြာ  ကြားဖြတ်ပစ်ခတ်ခံရ

ကျောက်ရစ်ရဲစခန်းသွားသော စစ်ကောင်စီတပ်စစ်ကြောင်း ၁ နာရီကြာ  ကြားဖြတ်ပစ်ခတ်ခံရ   RNA_မေ(၇)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ရွှေတစ်ချောင်းရွာမှ ကျောက်ရစ်ရဲစခန်းသို့ တက်သွားသော စစ်ကောင်စီတပ်စစ်ကြောင်းကို မေလ (၆) ရက်နေ့ ညနေ (၄) ရီဝန်းကျင်က Myingyan Black Tiger(MBT) နှင့် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် အနီးကပ် ပစ်ခတ်တိုက်ခိုက်မှု (၁) နာရီဝန်းကျင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။   "မိမိတို့ MBT အဖွဲ့က ခွေးစစ်ကြောင်း ချီလာရာ အနီးဆုံး သနပ်ကုန်းတံတားဆီအထိ ကပ်ပြီး အနီးကပ် စပစ်ခဲ့ရာ မဟာမိတ်အဖွဲ့များမှ 60mm များ လက်နက်ငယ်များဖြင့် ကာပစ်ပစ်ပေးခဲ့သဖြင့် ခွေးစစ်ကြောင်းအထိနာသွားသည်"…
Read More
KNDFနှင့် မဟာမိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း စစ်ကောင်စီတပ်မှ (၇၀) ဦးသေဆုံး

KNDFနှင့် မဟာမိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း စစ်ကောင်စီတပ်မှ (၇၀) ဦးသေဆုံး

RNA_မေ(၃)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း - ဖယ်ခုံမြို့နယ်တို့တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို KNDF နှင့်မဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း စစ်ကောင်စီတပ်မှ (၇၀) ဦးသေဆုံးကာ (၃) ဦးအရှင်းဖမ်းမိကြောင်း KNDF ကယနေ့ ထုတ်ပြန်ထားသည်။ ဧပြီလအတွင်း တိုက်ပွဲပေါင်း (၅၀) ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ KNDF ရဲဘော် (၃) ဦးကျဆုံးခဲ့ရကြောင်း၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးအပါအဝင် လေယာဉ်ဗုံးကြဲပစ်ခတ်မှုများအတွင်း အရပ်သားပြည်သူ (၃) ဦးသေဆုံးပြီး (၁၁) ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၁၀၈) ကြိမ်ပြုလုပ်ခဲ့သည်ဟု သိရသည်။ (more…)
Read More
KTV သွားသည့် စစ်ကောင်စီတပ်ဗိုလ်မှူးဇော်မောင် အပါအဝင် (၃) ဦး ပစ်သတ်ခံရ

KTV သွားသည့် စစ်ကောင်စီတပ်ဗိုလ်မှူးဇော်မောင် အပါအဝင် (၃) ဦး ပစ်သတ်ခံရ

RNA_ဖားကန့်၊ ဧပြီ(၂၃)ရက်၊ ၂၀၂၃ ခုနှစ်။ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်ရှိ၊ Happy KTV သွားသည့် စစ်ကောင်စီ တပ်မ (၃၃) လက်အောက်ခံ တပ်ရင်း (၁၃)၊ လုံးခင်းလယ်ပြင် ယမ်းချက်စက်ရုံမှ 2IC DSA (၄၇) ဗိုလ်မှူးဇော်မောင်အပါအဝင် (၃) ဦး ယနေ့နံနက်ပိုင်းက ပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း သိရသည်။ Happy KTV တွင် ဗိုလ်မှူး ဇော်မောင်၊ လုံးခင်းကျေးရွာမှ ကျောက်လုပ်ငန်းရှင် ဦးဘတုတ်နှင့် အမျိုးသမီးတဦးတို့ ပစ်ခတ်ခံရပြီး နေရာတွင် သေဆုံးသွားကြောင်း၊ ဒဏ်ရာရရှိခဲ့သည့် ကျောက်လုပ်ငန်းရှင် ဦးကျော်စိုးနှင့် ဦးတင်မောင်လတ်တို့ကို မြစ်ကြီးနားဆေးရုံသို့ လွှဲပြောင်းကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။ (more…)
Read More