ဗားရ်ကျေးရွာတိုက်ပွဲ စစ်ကောင်စီတပ်သား (၁၁) ဦးသေ (၁၄) ဦးအရှင်ဖမ်းမိ

RNA_ဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် (၁၂) မိုင်ခန့်အကွာရှိ ဗားရ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)က ယနေ့ နံနက် (၅) နာရီ (၃၀) မိနစ်ဝန်းကျင်မှစတင်တိုက်ခိုက်ရာ (၁) နာရီ (၃၀) မိနစ်ဝန်ကျင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၁) ဦးသေဆုံးကာ (၁၄) ဦးအရှင်ဖမ်းမိခဲ့ကြောင်း၊ လမ်းခု လတ်တွင် ဒဏ်ရာကြောင့် (၃) ဦးထပ်မံသေဆုံးကြောင်း CNO ကထုတ်ပြန်ထားသည်။

ဗားရ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွင် စစ်ကောင်စီတပ်သား (၂၅) ဦးသာရှိကြောင်း၊ တိုက်ပွဲအပြီး MA1 – (၃)လက်၊ MA2-(၁)လက်၊ MA3-(၂)လက်၊ MA 4-(၁) လက်၊ G3-(၁၂)လက်၊ ကျည်ဘောက်-(၂၀)၊ ၆၀ မမ စိန်ပြောင်း – (၂)ခု၊ ၆၀ မမ ကျည်-(၅၈)ခု၊ အီနာဂါ – (၈)ခု၊ G3 ကျည်ဘောက် – (၃၇) ခု၊ တိုက်မိုင်း -(၁၀)ခု၊ ၄၀ မမ ကျည် -(၃၃)ခု၊ လက်ပစ်ဗုံး – (၁)လုံး၊ ရှေ့ထွက်မိုင်း – (၅၀)၊ နင်းမိုင်း – (၅၀၀)၊ MA ကျည် – (၁,၀၀၀) ကျော် နှင့် G3 ကျည် – (၂,၅၀၀)ကျော် သိမ်းဆည်းရမိပြီး၊ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်လေကြောင်းမှ တိုက်ပွဲအပြီးတွင် ဗားရ်ကျေးရွာအနီးတဝိုက် ဗုံးကြဲမှုများရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အရပ်သားပြည်သူတစ်ဦးသေဆုံးခဲ့ပြီး၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတဦးအပါအဝင် (၁၄) ဦးသေ‌ဆုံးကြောင်း သိရသည်။

#RedNewsAgency

 

By Editor