People Defense Wrganization – Tanintharyi Division

သဲဖြူကျေးရွာ အထိုင်ချနေသည့် စစ်ကောင်စီတပ် တိုက်ပွဲအတွင်း (၂၀) ကျော်သေဆုံးနိုင်ဟု ခန့်မှန်း 

သဲဖြူကျေးရွာ အထိုင်ချနေသည့် စစ်ကောင်စီတပ် တိုက်ပွဲအတွင်း (၂၀) ကျော်သေဆုံးနိုင်ဟု ခန့်မှန်း 

RNA_ဧပြီ(၁၄)၊၂၀၂၃ ခုနှစ်။ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သဲဖြူကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၂၀) ကျော်သေဆုံးနိုင်ကြောင်း People Defense Wrganization - Tanintharyi Division က ခန့်မှန်းထားသည်။ စစ်ကောင်စီတပ်သည် သဲဖြူကျေးရွာသို့မတ်လ (၂၈) ရက်နေ့က စတင်ပြီး စစ်ကြောင်းထိုးရောက်ရှိကာ ယာယီတပ်စွဲနေထိုင်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်း မဟာမိတ်တပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ဧပြီလ (၁၂)ရက်နေ့တွင် စစ်ကောင်စီတပ်သားများ ပြန်လည်ဆုတ်ခွါသွားကြောင်း၊ နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းတချို့နှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။ (more…)
Read More