သဲဖြူကျေးရွာ အထိုင်ချနေသည့် စစ်ကောင်စီတပ် တိုက်ပွဲအတွင်း (၂၀) ကျော်သေဆုံးနိုင်ဟု ခန့်မှန်း 

Written by

in

RNA_ဧပြီ(၁၄)၊၂၀၂၃ ခုနှစ်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သဲဖြူကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၂၀) ကျော်သေဆုံးနိုင်ကြောင်း People Defense Wrganization – Tanintharyi Division က ခန့်မှန်းထားသည်။

စစ်ကောင်စီတပ်သည် သဲဖြူကျေးရွာသို့မတ်လ (၂၈) ရက်နေ့က စတင်ပြီး စစ်ကြောင်းထိုးရောက်ရှိကာ ယာယီတပ်စွဲနေထိုင်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်း မဟာမိတ်တပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ဧပြီလ (၁၂)ရက်နေ့တွင် စစ်ကောင်စီတပ်သားများ ပြန်လည်ဆုတ်ခွါသွားကြောင်း၊ နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းတချို့နှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

“အထက်ပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီမှ သဲဖြူရွာ ခရစ်ယာန်ဘုရားကျောင်း နှင့် လူနေအိမ်အချို့ကို ဖျက်ဆီးခဲ့ပြီး အကြမ်းဖက်များဖက်မှ အနည်းဆုံး (၂၀)ကျော် သေဆုံးနိုင်ကြောင်း ခန့်မှန်းရရှိပါသည်” ဟု People Defense Wrganization – Tanintharyi Division က ထုတ်ပြန်ပြောဆိုထားသည်။

တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့များ အုပ်ခဖုပ်မှုနယ်မြေအတွင်း စစ်ကောင်စီတပ်များ ကျူးကျော်လာပါက ပြင်းထန်စွာတုန့်ပြန်မည့်အပြင် တန်ပြန်ထိုးစစ်ဖြင့်ပါ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ တနင်္သာရီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားစုများ၏ သတိပေးချက်များကို သတိပြုလိုက်နာကြရန်နှင့် စစ်ရေးသတိရှိကြရန် ထပ်မံအသိပေးအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency