ကချင်ပြည်နယ်

ဖားကန့်၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးအမျိုးသားနှစ်ဦး ရုပ်အလောင်းထပ်တွေ့

ဖားကန့်၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးအမျိုးသားနှစ်ဦး ရုပ်အလောင်းထပ်တွေ့

RNA_ဖားကန့် မေလ ၅ ရက်၊၂၀၂၃ ခုနှစ်။   ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအဝင် ဖားကန့်-လုံးခင်းသွား မိန်းလမ်းမကြီးပေါ်တွင် ယနေ့နံနက်ပိုင်းက ဦးခေါင်းအား သေနတ်ဖြင့် ပစ်သတ်ကာစွန့်ပစ်ထားသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းအားဒေသခံများက တွေ့ရကြောင်း သိရသည်။   ပစ်သတ်ခံထားရသူနှစ်ဦးသည် မည်သူဖြစ်ကြောင်း မသိရသေးသလို ယမန်နေ့ (မေလ ၅ရက်)ကလည်း ရှရော်ခကျေးရွာအဝင်နှင့် မျောက်ဖြူကျေးရွာသွားလမ်းဆုံ လမ်းခွ၌ အမျိုးသားနှစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ထားသည့်အလောင်း စွန့်ပစ်ထားခဲ့သည်။ (more…)
Read More
ဖားကန့်၌ အမျိုးသားနှစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့

ဖားကန့်၌ အမျိုးသားနှစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့

RNA_ဖားကန့် မေလ ၅ရက်၊ ၂၀၂၃ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာ အဝင်နှင့်မျောက်ဖြူကျေးရွာသွား လမ်းခွဲနေရာတွင် လူလတ်ပိုင်းအမျိုးသား (၂) ဦးအား သေနတ်ဖြင့်တေ့ပစ်ခံထားသည့် သေဆုံးရုပ်အလောင်းအား ယနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။   ယနေ့ နံနက် သေဆုံးနေသည့် ရုပ်အလောင်းများသည် မည်သူဖြစ်ကြောင်း မသိရှိရသေးကြောင်း၊ သေဆုံးသူ နှစ်ဦးမှ တဦးသည် ဦးခေါင်းကိုတေ့ပစ်ခံထားရခြင်းဖြစ်ကြောင်း၊ ယခု သေဆုံးသူများကို စစ်ကောင်စီတပ်သတ်ဖြတ်သည်ဟု အတည်မပြုနိုင်သေးသော်လည်း ဧပြီလ (၂၄)ရက်နေ့ နံနက်က စစ်ကောင်စီမှ ဗိုလ်မှူး ‌အသတ်ခံရသည့် Happy KTV အဝင်လမ်းရှေ့တွင် ဖမ်းဆီးထားသည့် အမျိုးသားနှစ်ဦးအား စစ်ကောင်စီတပ်မှ လမ်းပေါ်တွင် ပစ်ခတ်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည်။…
Read More
ဉရုချောင်းဘေး ကျောက်ကျင်းတူးနေမှုကြောင့် တွင်းရေများခမ်းခြောက်ကာ ဒေသခံများအခက်အခဲတွေ့

ဉရုချောင်းဘေး ကျောက်ကျင်းတူးနေမှုကြောင့် တွင်းရေများခမ်းခြောက်ကာ ဒေသခံများအခက်အခဲတွေ့

RNA_ဖားကန့် မေလ (၂)ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီကျေးရွာဘက်ခြမ်း ဉရုချောင်းနှင့်ကပ်လျက် ကျောက်ကျင်းတူးဖော်နေမှုကြောင့် အနီးနားနေ ပြည်သူများအသုံးပြုသည့် တွင်းရေများခမ်းခြောက်ကာ သောက်သုံးရေပြတ်လပ်သည့်ပြဿနာကြုံတွေ့နေရသည်။ "ကျောက်တူးနေတဲ့နေရာက မှော်စီစာဘက်ခြမ်းဆိုပေမယ့် တစ်ဖက်က မလန်းကျေးရွာနဲ့ ငြိမ်းချမ်းသာယာကျေးရွာရှိတာ၊ အဲ့ဒီနား အိမ်ခြေ(၆၀၀)ဝန်းကျင်ရှိတယ်၊ ကျင်းတူးနေတော့ သောက်သုံးရေခမ်းတာဗျ၊ ရေရရှိရေး ပြန်လုပ်ပေးမယ့် အစီအစဉ်လည်း မရှိဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။ (more…)
Read More
စစ်ကောင်စီတပ် ဗိုလ်မှူးအသတ်ခံခဲ့ရသည့် KTV ရှေ့လမ်းတွင် KPDF တစ်ဦးနှင့် အရပ်သားတဦးကို ပစ်သတ်ခံရ

စစ်ကောင်စီတပ် ဗိုလ်မှူးအသတ်ခံခဲ့ရသည့် KTV ရှေ့လမ်းတွင် KPDF တစ်ဦးနှင့် အရပ်သားတဦးကို ပစ်သတ်ခံရ

RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။   ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်ရှိ Happy KTV တွင် စစ်ကောင်စီတပ် ဗိုလ်မှူးနှင့်အပေါင်းအပါများ ပစ်ခတ်ခံရမှုကို လက်စားချေသည့်အနေဖြင့် စစ်ကောင်စီတပ်သားများက ယနေ့ နံနက် ( ဧပြီလ ၂၄ ရက်) စောစောပိုင်းက Happy KTV ရှေ့အဝင်လမ်းရှေ့တွင် KPDF ရဲဘော်တဦးနှင့် အရပ်သားတဦးကို ပစ်ခတ်သတ်ဖြတ်ထားကြောာင်း သိရသည်။   စစ်ကောင်စီတပ်၏ ပစ်သတ်ခံရသူများထဲတွင် ကိုအောင်ကြည်မင်း (ခ) ဆိုင်ကလုံး (အသက်(၂၅)နှစ်) နှင့် KPDF အဖွဲ့ဝင်တဦးဖြစ်ကြောင်း၊ လမ်းမပေါ်တွင် ပစ်ခတ်ခံရသူ (၂) ဦးကို ဖေဖော်ဝါရီ (၁၃)ရက်နေ့ည (၁၂)နာရီခန့်က လုံးခင်းကျေးရွာဘက်မှ မဇွပ်ယန်ကျေးရွာဘက်အလာတွင် စစ်ကောင်စီတပ်နှင့်တွေ့ပြီး အဖမ်းခံခဲ့ရသူဖြစ်ကြောင်း သိရသည်။…
Read More
မှော်ပုံကျေးရွာမှ ဖမ်းဆီးခံရသူများ ဆန်ခါထောင်၌ ချုပ်နှောင်ခံရပြီး၊ ကံဆီးဒေသ အဖမ်းခံရသူများ ထမင်းမကျွေး 

မှော်ပုံကျေးရွာမှ ဖမ်းဆီးခံရသူများ ဆန်ခါထောင်၌ ချုပ်နှောင်ခံရပြီး၊ ကံဆီးဒေသ အဖမ်းခံရသူများ ထမင်းမကျွေး 

RNA_ဧပြီ(၂၂)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာမှ ဧပြီ (၂၁) ရက်က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ကျေးရွာပြည်သူများအား ဆန်ခါ အချုပ် ထောင်၌ ချုပ်နှောင်ထားပြီး၊ ကံဆီးဒေသ လည်းကောင်းတို့တပ်အထိုင်ချထားရာဘက်သို့ ဖမ်းဆီး‌ခေါ်ဆောင်သွားသည့် ပြည်သူ(၆၀)ကျော်အား ထမင်းမကျွေးပဲ အိမ်မှထမင်းလာပို့ခိုင်းခဲ့ကြောင်း သိရသည်။ အကြမ်းဖက်စစ်ကောင်စီက မှော်ပုံရွာအတွင်း ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ပြည်သူ(၆၀)ဦးခန့်ကို ကံဆီးဒေသ စစ်ကောင်စီတပ်စခန်းတွင် ဓားစာခံ ဒိုင်းကာအဖြစ် နှစ်ယောက်ကြား တပ်သားတစ်ဦးနှုန်းညှပ်ကာ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ဆန်ခါကျေးရွာဘက်သို့လည်း ပြည်သူ (၁၀၀) နီးပါးကိုအတင်း အဓမ္မဖမ်းဆီး ခေါ်ဆောင်လာခဲ့ကြောင်း၊ ဆန်ခါကျေးရွာဘက်ခေါ်လာသူများကို ဆန်ခါ အချုပ်ထောင်စခန်း၌ ချုပ်နှောင်ထားကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီ စစ်တပ်မှ ဖားကန့် မှော်ပုံကျေးရွာမှပြည်သူများအား ဖမ်းဆီးပြီး “NUG အလိုမရှိ” ဟု အော်ခိုင်း

စစ်ကောင်စီ စစ်တပ်မှ ဖားကန့် မှော်ပုံကျေးရွာမှပြည်သူများအား ဖမ်းဆီးပြီး “NUG အလိုမရှိ” ဟု အော်ခိုင်း

RNA_ဖားကန့်၊ ဧပြီ(၂၁) ရက်။ ၂၀၂၃ ခုနှစ်။   ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ စစ်သား(၅၀)ကျော်ခန့်သည် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာအတွင်း ဝင်ရောက်ကာ ကျေးရွာနေ ပြည်သူ(၆၀)ဦးခန့်အား အတင်းအဓမ္မဖမ်းဆီးပြီး "NUG အလိုမရှိ"ဟု အော်ခိုင်းကြောင်း သိရသည်။   "စစ်သားတွေက မှော်ပုံလမ်းသွယ်(၁၀)ထိပ်မှာ "NUG အလိုမရှိ"လို့ အော်ခိုင်းပြီး ဓါတ်ပုံ ဗွီဒီယိုတွေရိုက်ကြတာ၊ ပြီးတော့ အိမ်တစ်အိမ်ကို မီးရှို့ကြတယ်၊ အဆောင်တစ်ခုကိုလည်း ရိုက်ချိုးဖျက်ဆီးပစ်ကြတယ်"ဟု အဆိုပါကျေးရွာနေ ပြည်သူတစ်ဦးက ပြောသည်။ (more…)
Read More
သိက္ခာတော်ရ ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ထောင်ဒဏ် (၆) နှစ်ချမှတ်

သိက္ခာတော်ရ ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ထောင်ဒဏ် (၆) နှစ်ချမှတ်

RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။ မြစ်ကြီးနားထောင်တွင် မတရားဖမ်းဆီးချုပ်နှေင်ခံထားရသည့် ကချင်နှစ်ခြင်းခရစ်ယာအဖွဲ့ချုပ် - KBC အကြံပေး သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီလက်အောက်ခံတရားရုံးမှ ယနေ့ ထောင်ဒဏ် (၆) နှစ် ချမှတ်လိုက်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူထံမှ သိရသည်။ အမိန့်ချမှတ်ခဲ့သော ယနေ့သည် ခရစ်ယာန်ဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်ဖြစ်သည့် မဟာသောကြာကြီး (Good Friday) နေ့ဖြစ်ကြောင်း၊ သခင်ခရစ်တော်ကို မတရား ကားစင်တင်ခံရန် အမိန့်ချသည့်နေ့မှာသိက္ခာ တော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ထောင်ဒဏ်ချမှတ်သည်မှာ စစ်ကောင်စီ၏ ဘာသာရေးနှင့်လူမျိုးရေး အငြိုးအတေးဖြစ်ကြောင်း ခရစ်ယာန်ဘာသာဝင်တဦးက ပြောသည်။ (more…)
Read More
တပ်မမှူးအပြောင်းအလဲသတင်း ထွက်ပေါ်ပြီးနောက် ကျောက်တူးဖော်ရေးကုမ္ပဏီများနှင့် ဈေးနှုန်းအသစ်ညှိနှိုင်းနေ

တပ်မမှူးအပြောင်းအလဲသတင်း ထွက်ပေါ်ပြီးနောက် ကျောက်တူးဖော်ရေးကုမ္ပဏီများနှင့် ဈေးနှုန်းအသစ်ညှိနှိုင်းနေ

RNA_ဖားကန့်၊ ဧပြီ (၆)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်‌၌ ယခုရက်သတ္တပတ်အတွင်း ရှေ့တန်းတပ်မ (၃၃)၏ တပ်မမှူး အပြောင်းအလဲရှိသည်ဟု သတင်းထွက်လာပြီးနောက် ကျောက်တူးဖော်နေသည့် ကုမ္ပဏီလုပ်ငန်းအချို့ ရပ်နားထားသည်ကိုတွေ့ရသည်။ ဧပြီ (၃)ရက်နေ့က စစ်ကောင်စီ၏ တပ်သား (၅၀)ခန့်ပါဝင်သည့် စစ်ကြောင်းက ကုမ္ပဏီအချို့ကို ဝင်ရောက်စီးနင်းခဲ့ပြီး လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင်းရှိ ဒေသအခေါ် စိန်စိန်ကုမ္ပဏီလုပ်ကွက်အတွင်းမှ ဘက်ဟိုးနှင့် မြေသယ်ကား(၁၀)စီးနှင့် အထက် သိမ်းဆည်းသွားခဲ့ပြီး ပြန်ရွေးမည်ဆိုပါက တစ်စီးလျှင်ငွေကျပ် သိန်းတစ်ထောင့်နှစ်ရာနှင့် ပြန်ရွေးခိုင်းကြောင်း ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ (more…)
Read More
ဖားကန့်မှ စစ်ဘေးရှောင်ရွှေ့ပြောင်းနေထိုင်သူများ ဖယ်ရှားရန် ဖိအားပေးခံနေသည့်အတွက် အခက်အခဲဖြစ်နေ

ဖားကန့်မှ စစ်ဘေးရှောင်ရွှေ့ပြောင်းနေထိုင်သူများ ဖယ်ရှားရန် ဖိအားပေးခံနေသည့်အတွက် အခက်အခဲဖြစ်နေ

RNA_ဖားကန့် ၊ ဧပြီ (၅)၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာရှိ မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ဘေးရှောင်လာသော ပြည်သူများစုဖွဲ့နေထိုင်နေသည့် ရွှေ့ပြောင်းနေအိမ်များကို ရပ်မိ/ရပ်ဖ ဆိုသူများက ကျောက်တူးဖော်ရေးကုမ္ပဏီလုပ်ငန်းများဆောင်ရွက်နိုင်ရန် အကြိမ်ကြိမ် ဖယ်ရှားပေးရန် ဖိအားပေးခံနေရသည့်အတွက် ရွှေ့ပြောင်းနေထိုင်သည့်ပြည်သူများ နေစရာအခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။   "ကျွန်တော်တို့က မြေနေရာလေးတစ်ခုရဖို့ပါပဲ၊ အဓိက နေစရာရဖို့ပါပဲ၊ ဒီနေရာကရွှေ့ရရင် ဘယ်မှာနေရမလဲမသိဘူး၊ အတင်းရွှေ့ခိုင်းတဲ့နေရာက မိုးရွာတာနဲ့ပါမှာ၊ မျောချောင်းဘေးမှာ၊ ကျနော်တို့မြေနေရာရချင်တယ်လို့ ပထမတောင်းဆိုလို့ပေးတဲ့နေရာက ကချင်ရိုးရာက ပိုင်တာလို့ကြားရတယ်၊ ပြန်ရွှေ့ဆိုရင် ရွှေ့ရမှာ၊ သတ်သတ်မှတ်မှတ်မရှိဘူး"ဟု စစ်ဘေးရှောင် ရွှေ့ပြောင်းပြည်သူတစ်ဦးက ပြောသည်။ (more…)
Read More
ကျေးရွာပိုင်ရေကန်အတွင်း ရွှေမျောတိုက်မှု ပိုတိုးလာ၊ KIA/PDF မှ အရေးယူဆောင်ရွက်ပေးမှုမရှိ

ကျေးရွာပိုင်ရေကန်အတွင်း ရွှေမျောတိုက်မှု ပိုတိုးလာ၊ KIA/PDF မှ အရေးယူဆောင်ရွက်ပေးမှုမရှိ

RNA_ဖားကန့်၊ မတ် (၁၃)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ အများသုံး ကျေးရွာပိုင်ရေကန်အတွင်းရွှေမျောတိုက်မှု ဒေသခံများမလိုလားသော်လည်း ဒေသအာဏာပိုင်များ၏ အရေးယူဆောင်ရွက်ပေးမှု မရှိခြင်းကြောင့် ရွှေမျောစင်များ ပိုတိုးလာကြောင်း သိရသည်။ "ကျနော်အရင်တစ်ခါလည်းပြောပါတယ်၊ ရေကြည်ရေကန်ထဲ ရွှေမျောတိုက်တော့၊ ရေအသုံးပြုရအဆင်မပြေဘူးလို့၊ ဒါကိုသတင်းတက်လာလည်း KIAရော PDF ရော ရွှေမျောတိုက်တာကို မတားပေးကြဘူးဗျ" ဟု ဒေသခံတစ်ဦးကပြောသည်။ (more…)
Read More