ကချင်ပြည်နယ်

အရပ်ဝတ်ဖြင့် နယ်မြေသတင်းယူရန် လာသော ရဲတပ်ဖွဲ့ဝင် ၄ ဦးကို KPDF ရဲဘော်များ ပစ်ခတ်ဖမ်းဆီး

အရပ်ဝတ်ဖြင့် နယ်မြေသတင်းယူရန် လာသော ရဲတပ်ဖွဲ့ဝင် ၄ ဦးကို KPDF ရဲဘော်များ ပစ်ခတ်ဖမ်းဆီး

RNA_ဖားကန့်၊ စက်တင်ဘာ(၂၈)၊၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ အမှတ် (၁) ရပ်ကွက်အတွင်း၊ နယ်မြေသတင်းရယူရန် IPsum ကားပေါ်တွင် အရပ်ဝတ်ဖြင့် စက်တင်ဘာ ၂၇ ရက်နေ့က လှည့်လည်နေစဉ် KPDF ရဲဘော်များက ပစ်ခတ်ဖမ်းဆီးရာ ရဲ (၄)ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။ အရပ်ဝတ်ဖြင့် နယ်မြေသတင်းရယူရန် ရောက်လာသူများထဲမှ KPDF ရဲဘော်များ၏ ဖမ်းဆီးခံခဲ့ရသော် ရဲ (၄) ဦးမှာ ဒုရဲအုပ် နိုင်ထူး၊ ဒုရဲအုပ် သူရမိုး၊ ဒုတပ်ကြပ် အောင်မြင့်ကျော်၊ တပ်သား တင်ထွန်းဝေတို့ဖြစ်ကြောင်း Red News Agency သတင်းရင်းမြစ်က ပြောကြားထားသည်။ #RedNewsAgency #RNA
Read More
တာမခံ ခမရ(၁၁၉) စခန်းသိမ်း တိုက်ပွဲဝင် KPDF ရဲဘော်တစ်ဦး၏ အတွေ့အကြုံ (အပိုင်း-၂)

တာမခံ ခမရ(၁၁၉) စခန်းသိမ်း တိုက်ပွဲဝင် KPDF ရဲဘော်တစ်ဦး၏ အတွေ့အကြုံ (အပိုင်း-၂)

"ကျနော့်ဘေးက ရဲဘော်က ပွဲချင်းပြီး ကျသွားတယ်။ ခြံစည်းရိုး အတွင်းထိဖောက်ဝင်သွားတဲ့အထဲက ရဲဘော်တချို့က လေယာဉ်လာကြဲတော့ ကားအောက်ကို ဝင်ဝပ်လိုက်ကြတယ်။ အဲ့မှာ ထောင်ထားတဲ့ မိုင်းထိပြီး ဒဏ်ရာအပြင်းထန်ရကုန်ကြတယ် ကျနော်အပါဝင် ၅ ယောက်ပေါ့။ ငါ့ ခါးပြတ်သွားပြီ ငါတော့သေတော့မယ်လို့ အတွေးများနေတုန်း" **************************** Ernesto Ba Chan တိုက်ပွဲစဖြစ်တဲ့ရက်ကတည်းကစလို့ တရက်မပြတ် အသားဟင်းကို အမျိုးစားမထပ်အောင် ‌စားခဲ့ရတယ်။ ရိက္ခာပို့ပေးတဲ့ အရပ်သားလူငယ်တွေဟာ ကျနော်တို့ ပစ်နေတဲ့ ဧရိယာထဲအထိ ရိက္ခာထုပ်ထမ်းပို့ပေးတယ်၊ ကျည်တွေဗုံးတွေကြားလူနာတွေ DB တွေလာထမ်းကြတယ်၊ ချက်ပြုတ်တဲ့လူတွေက ချက်ပြုတ် ထောက်ပံ့တဲ့ လူထောက်ပံ့ ပို့ဆောင်သူပို့ဆောင်နဲ့ တကယ်ကို နိုင်ရာနေရာကနေ အစွမ်းကုန်ပါဝင်ကြတာပါပဲ။ တစ်ကိုယ်စာ ကတုပ်ကျင်းထဲမှာ ဆေးလိပ်ရှိတယ်…
Read More
ဆိပ်မူတိုက်ပွဲတွင် KPDF ရဲဘော် စိုင်းအောင်အောင် ကျဆုံးခဲ့ရ

ဆိပ်မူတိုက်ပွဲတွင် KPDF ရဲဘော် စိုင်းအောင်အောင် ကျဆုံးခဲ့ရ

RNA_စက်တင်ဘာ(၁၉)၊၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအတွင်း စက်တင်ဘာ (၁၂) ရက်နေ့ တိုက်ပွဲအတွင်း ဖားကန့် KPDF ရဲဘော် စိုင်းအောင်အောင် (အသက် ၂၁ နှစ်)သည် မြင့်မြတ်စွာကျဆုံးခဲ့ရသည်ဟု သိရသည်။ #RedNewsAgency #RNA
Read More
စစ်ကောင်စီတပ်က ဆိပ်မူကျေးရွာကို ထပ်မံမီးရှို့နေပြီး ဖားပြင်ကျေးရွာကို လက်နက်ကြီးပစ် 

စစ်ကောင်စီတပ်က ဆိပ်မူကျေးရွာကို ထပ်မံမီးရှို့နေပြီး ဖားပြင်ကျေးရွာကို လက်နက်ကြီးပစ် 

RNA_စက်တင်ဘာ(၁၃)၊၂၀၂၄ ခုနှစ်။  ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ထပ်မံမီးရှို့နေပြီး ဆိပ်မူကျေးရွာ တဖက်ကမ်း ဖားပြင်ကျေးရွာကို လက်နက်ကြီးပစ်ခတ်သည့်အတွက် ဆေးပေးခန်းတခုအပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့သည်ဟု သိရသည်။ စစ်ကောင်စီက ယမန်နေ့က ဆိပ်မူကျေးရွာကို လေကြောင်းတိုက်ခိုက်သည့်အတွက် မီးလောင်မှုအတွင်း ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ညပိုင်းတွင် KIA/KPDF က စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း၊ ယနေ့တွင် ညပိုင်း ကျည်လာရာလမ်းကြောင်းအတိုင်းလိုက်ပြီး မီးရှို့ဖျက်ဆီးမှုများကို စစ်ကောင်စီတပ်က လုပ်ဆောင်နေသည်ဟု ဒေသခံက ပြောကြားထားသည်။ (more…)
Read More
ဆိပ်မူကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး (၆) လုံးကြဲ

ဆိပ်မူကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး (၆) လုံးကြဲ

RNA_ဖားကန့်၊ စက်တင်ဘာ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ ရပ်ကွက်(၄)အား စစ်ကောင်စီီက လေယာဉ် နှစ်စီးဖြင့် ယနေ့ နေ့လယ် တစ်နာရီက ဗုံး (၆) လုံးကြဲသွားခဲ့သည့်အတွက် အပျက်အစီးများနှင့် အထိအခိုက်များရှိကြောင်း သိရသည်။ စစ်ကောင်စီကတိုက်လေယာဉ် နှစ်စီးဖြင့် ဆိပ်မူကျေးရွာအတွင်း ဗုံးခြောက်လုံး ကြဲချမှုတွင် ကျေးရွာအတွင်းအစောင့်ကျန်ခဲ့သူများ၊ ပိတ်မိနေသူများ ထိခိုက်နိုင်ပြီး ထိခိုက်သေဆုံးမှု အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်။ (more…)
Read More
တိုက်ပွဲမဖြစ်ပွားရေး ဝင်ရောက်ညှိနှိုင်းပေးသည့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ကျည်ထိ

တိုက်ပွဲမဖြစ်ပွားရေး ဝင်ရောက်ညှိနှိုင်းပေးသည့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ကျည်ထိ

RNA_ဖားကန့်၊ စက်တင်ဘာ (၉)၊ ၂၀၂၄ ခုနှစ်။ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအတွင်း ပိတ်မိနေသော စစ်ကောင်စီတပ်သားများ ထွက်ခွင့်ရရေးနှင့် KIA/KPDF တိုက်ပွဲမဖြစ်ပွားရေးအတွက် ယနေ့ ညှိနှိုင်းမှု သွားရောက်ပြုလုပ်သည့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးယွပ်ဇော်ခေါင် ပေါင်တွင် သေနတ်ကျည်ထိကာ ညှိနှိုင်းမှု အဆင်မပြေခဲ့ဟု သိရသည်။ စက်တင်ဘာ (၆) ရက်နေ့ည (၁၂)နာရီ‌‌ခန့်တွင် စစ်ကောင်စီတပ် စစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ်များပစ်ခတ်ကာ ဆိပ်မူကျေးရွာအတွင်း ဝင်ရောက်ခဲ့ပြီး Lucky Man Hotel & KTV ကို ဝင်စီးခဲ့ရာ ဟိုတယ်အတွင်းမှ KIA/KPDF အချို့ ပစ်ခတ်ဖမ်းဆီးခံခဲ့ရသည့် အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသည့် KIA/KPDF အချို့ကို လွတ်ပေးပြီးနောက်…
Read More
အာဇာနည်နေ့ အထိမ်းအမှတ် အကြမ်းဖက် စစ်ခေါင်းဆောင်၏ ပုံကို ခြေဖြင့်နင်းပြီး ဆန္ဒပြ

အာဇာနည်နေ့ အထိမ်းအမှတ် အကြမ်းဖက် စစ်ခေါင်းဆောင်၏ ပုံကို ခြေဖြင့်နင်းပြီး ဆန္ဒပြ

RNA_ဖားကန့် ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ဖားကန့်မှော်လှည့်သပိတ် ပြည်သူများက မှော်ကျေးရွာ အချို့တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၏ ပုံကို ခြေဖြင့်နင်းကာ “လူထုအားဖြင့် အာဏာရှင်စနစ် အဆုံးသတ်ရမည်” ၊ “အဆုံးသတ်တိုက်ပွဲကို အာဇာနည်သွေးနဲ့ ရေးထိုးကြ” စသည့် စာသားများ ကိုင်ဆောင်ကာ စစ်အာဏာရှင်ကျဆုံးရေး ယနေ့နံနက်ပိုင်းက လှည့်လည်ဆန္ဒပြခဲ့ကြသည်။   ယနေ့ နံနက် ဆန္ဒပြပွဲတွင် ကျဆုံးခဲ့လေသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ နွေဦးတော်လှန်ရေးနှင့် တော်လှန်ရေးသမိုင်းတစ်လျောက် ကျဆုံးခဲ့ရသော အာဇာနည်များအား အလေးပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ (more…)
Read More
ချောင်းရေတိုက်စားမှုကြောင့် နေအိမ်များ မျောပါပျက်စီး

ချောင်းရေတိုက်စားမှုကြောင့် နေအိမ်များ မျောပါပျက်စီး

RNA_ဖားကန့်၊ ဇူလိုင် (၂)၊ ၂၀၂၄ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ ဥရုချောင်းအတွင်း စီးဝင်သည့် ဆန်ခါချောင်းလက်တက်သည် ယမန်နေ့မှစကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆန်ခါချောင်း အနီးရှိနေအိမ် (၁၂)လုံးအား တိုက်စားသွားခဲ့ပြီး ပါဂျဲရိုးကားတစ်စီးပါ မျောပါခဲ့ကြောင်း သိရသည်။   “ဆန်ခါချောင်းက ရေတိုက်စားပြီး ဆန်ခါရွာဘေးတူနေတဲ့ နေမင်းကမ္ဘာ၊ တစ်သုံးလုံး ကျောက်လုပ်ကွက်ထဲလည်း ရေဝင်တိုက်စားတယ်၊ နေအိမ်တွေလည်း ပါကုန်တယ်၊ ဆန်ခါရော ကပ်လျက် ဆိုင်းရာရွာသစ်ရော ကျောက်တူးထားတဲ့ကမ်းပါးတွေပြိုကုန်တယ်၊ နေအိမ်တွေ ရေနစ်ကုန်တယ်” ဟု ဆန်ခါကျေးရွာ ဒေသခံက ပြောသည်။   ဆန်ခါချောင်းရေတိုက်စားမှုကြောင့် ဆန်ခါရွာဘေးတူးဖော်နေသည့် လုပ်ကွက်များ မြေပြိုကျမှုများဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်သေဆုံးမှုတော့ မရှိဟုမသိရသေးကြောင်း၊ ဖားကန့်၌…
Read More
စစ်ကောင်စီကျရှုံးတော့မှာ ဘာ့ကြောင့် သေချာနေရတာလဲ

စစ်ကောင်စီကျရှုံးတော့မှာ ဘာ့ကြောင့် သေချာနေရတာလဲ

"လက်နက်ကိုင်တော်လှန်ရေးဟာ ၃ နှစ်ကျော်ကာလအကြာမှာပဲ သမိုင်းအဆက်ဆက် သက်ဆိုးရှည်နေတဲ့ စစ်အာဏာရှင်တွေကို ထိခိုက်ကျရှုံးလောက်အောင်၊ ပုံပျက်ယိုင်နဲ့ပြီး ပြိုကျလာအောင်အထိ စွမ်းဆောင်ပြနိုင်လာခဲ့ပါပြီ" ကေဂျီ - Wiper ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ဟိုင်ဂင်အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ချိန်မှာတော့ ရှမ်းမြောက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က မြို့ပေါင်း ၁၇ မြို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းမြောက်မှာ စစ်ကောင်စီထိန်းချုပ်ထားနိုင်တော့တာဆိုလို့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးနဲ့ မှုဆယ် ၅ မြို့ သာကျန်ရှိပါတော့တယ်။ အပစ်အခတ်ရပ်စဲပြီး ၅ လ ကျော်လာချိန်မှာတော့ စစ်ကောင်စီနဲ့ ညီနောင် ၃ ဖော်တို့ရဲ့…
Read More
ရေမဆေးကျောက်ရှာသူတစ်ဦး ချောင်းကမ်းပါးမှ ပြုတ်ကျသေဆုံး

ရေမဆေးကျောက်ရှာသူတစ်ဦး ချောင်းကမ်းပါးမှ ပြုတ်ကျသေဆုံး

RNA_ဖားကန့်၊ ဇွန်(၁၇)၊၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မော်မောင်းလျံ-တောင်ပြိုကျေးရွာဘက်ခြမ်းရှိ ယခင် ပိုင်ဖြိုးသီဟ ကုမ္ပဏီမြေစာပုံဟောင်းအောက်ရှိ ရေချောင်းကမ်းပါးတွင် ယနေ့နေ့လယ် (၁၂)နာရီ ဝန်းကျင်ခန့်က ရေမဆေးကျောက်ရှာသူ တစ်ဦး ကမ်းပါးပြိုကျပြီး ရေချောင်းအောက်သို့ပြုတ်ကျ သေဆုံးသွားကြောင်း သိရသည်။ ​သေဆုံးသူသည် မည်သူမည်ဝါဖြစ်ကြောင်း ယခုအချိန်အထိ ရပ်မိ/ရပ်ဖများနှင့် တာဝန်ရှိသူ များထံ မိသားစုမှ ဆက်သွယ်လာခြင်းမရှိသေးပဲ သူငယ်ချင်း မိသားစု ဆွေမျိုးအသိုင်းအဝန်းမှ ဆက်သွယ်လာရန် စောင့်ဆိုင်းနေသည့်အတွက် ရုပ်အလောင်းအား သုဿာန်သို့မပို့ဆောင်ရသေးကြောင်း တောင်ပြိုကျေးရွာ ရပ်မိ/ရပ်ဖ တစ်ဦးထံမှ သိရသည်။ (more…)
Read More