ကချင်ပြည်နယ်

ဖားကန့်မြို့ဝင် စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်း သေဆုံး

ဖားကန့်မြို့ဝင် စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်း သေဆုံး

RNA_ဇူလိုင်(၂၂)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီဂိတ်စခန်းကို KIAနှင့် PDF များက ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်မှ နံနက် ၃ နာရီဝန်းကျင်အထိ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၇ ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။ ပန်းတင်တံတားထိပ်ရှိ စစ်ကောင်စီတပ်ဂိတ်စခန်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ရဲနှင့်တပ်သား ၇ ဦးထက်မနည်း သေဆုံးပြီး ၂ ဦးအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ အဆိုပါ ဂိတ်စခန်းတွင် စစ်ကောင်စီလက်အောက်ခံ ၂၀ ခန့်ရှိကြောင်း တိုက်ပွဲဝင် သတင်းရစ်မြစ်ထံမှ သိရသည်။ ပစ်ခတ်မှုဖြစ်ပွားစဉ်အတွင်း ဖားကန့်မြို့ ဗျူဟာကုန်းတွင် တပ်စွဲထားသည့် ရှေ့တန်းတပ်မ…
Read More
ကုမ္ပဏီ (၅)က ကျောက်တူးပြီး ထားခဲ့သည့်မြေအနေအထားကြောင့် လမ်းပြိုကျပျက်စီး

ကုမ္ပဏီ (၅)က ကျောက်တူးပြီး ထားခဲ့သည့်မြေအနေအထားကြောင့် လမ်းပြိုကျပျက်စီး

PpRNA_ဖားကန့်၊ဇူလိုင် (၁၄)ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာအတွင်း၌ ကုမ္ပဏီ (၅) ခုက စုပေါင်းကျောက်တူးပြီး မိုးကာလ ကျောက်စိမ်းတူးဖော်မရသည့်အခါ တူးလက်စအတိုင်းထားခဲ့သည့်အတွက် အများသုံးကျေးရွာလမ်းပြိုကျပြီး ကျေးရွာနေအိမ်အချို့ မြေပြိုမည့် အန္တရာယ်ရှိနေသည်။ "နေမင်းကမ္ဘာ" နှင့် "မြန်မာတကောင်း" တို့ပါဝင်သည့် ကုမ္ပဏီ(၅)ခုက စုပေါင်းပြီး ကုဋေကျေးရွာမှ နေအိမ်များအား သိန်းထောင်ချီပေးဝယ်ကာ ကျောက်စိမ်းတူးဖော်ခဲ့ကြပြီး မိုးကာလ ကျောက်တူးမရသည့်အခါ မြေပြန်လည်ဖို့ပေးခြင်းမဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုရက်သတ္တပါတ်အတွင်း မြေပြိုမှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး အများပြည်သူသွားလမ်းပါ ပြိုကျပျက်ဆီးနေခြင်း ဖြစ်သည်။ (more…)
Read More
ပြန်ပေးဆွဲခံရသည့် ဖားကန့်မြို့မိ/မြို့ဖ တစ်ဦး တစ်ပတ်ကြာသည်အထိ ပြန်မလွတ်သေး

ပြန်ပေးဆွဲခံရသည့် ဖားကန့်မြို့မိ/မြို့ဖ တစ်ဦး တစ်ပတ်ကြာသည်အထိ ပြန်မလွတ်သေး

RNA_ဖားကန့်၊ဇွန် ၂၀ ရက်၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှ မြို့မကဖေးဆိုင်ပိုင်ရှင် မြို့မိ/မြို့ဖ မြို့မျက်နှာဖုံးဖြစ်သည့် ဦးသိန်းလွင်သည် ဇွန် ၁၃ ရက်နေ့ ညနေပိုင်းက ဆံပင်ညှပ်သွားရင်း ပြန်ပေးဆွဲခံရသည့်မှာ ယနေ့အထိ (ရက်သတ္တတစ်ပတ်ကြာသည်အထိ)ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။ ဇွန် ၁၃ ရက်ည ၈ နာရီခွဲခန့်က ပြန်ပေးဆွဲခံရသည့် ဦးသိန်းလွင်၏ အသံဖြင့် သားဖြစ်သူအား ငွေကျပ်သိန်းသုံးရာ၊ ရွှေတစ်ဆယ်သားဖြင့် ပြန်‌ရွေးရမည်ဟု ဖုန်းဆက်အကြောင်းကြားသည့်အတွက် သားဖြစ်သူက အဆိုပါ ရွှေနှင့်ငွေ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ခြောက်ရာကျော်ဖြင့် လာပို့ခိုင်းသည့်နေရာ ယူမာကျေးရွာရှိ လမ်းခွတစ်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (more…)
Read More
ဖားကန့်၌ ပျူစောထီးအဖွဲ့ကဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေတောင်း

ဖားကန့်၌ ပျူစောထီးအဖွဲ့ကဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေတောင်း

RNA_ဖားကန့်၊ ဇွန်လ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာမှ နေခြည်ဆည်းဆာ လက္ဖက်ရည်ဆိုင်ပိုင်ရှင်အား ပျူစောထီးအဖွဲ့ကဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေဆယ်သိန်းတောင်းခံကြောင်း သိရသည်။ ဇွန်လ ၁၇ ရက် စနေနေ့ မနက် ၁၀ နာရီ ၄၀ အထိ ဖုန်းခြောက်ကြိမ်ခေါ်ထားသည့်အတွက် ၁၂ နာရီဝန်းကျင်ခန့်တွင် ဖုန်းပြန်ခေါ်ရာ "ငါက ပျူစောထီးအဖွဲ့က ဗိုလ်စောမောင်ပဲ၊ မင်းအခွန်ဆောင်ရမယ်၊ ငွေဆယ်သိန်းကို မင်းကိုယ်တိုင်လာပေးရမယ်၊ မပေးရင် မင်းအသက်လာယူမယ်"ဟု ခြိမ်းခြောက်ခဲ့ကြောင်း လက္ဖက်ရည်ဆိုင်ပိုင်ရှင် ကိုဇော်ကြီးက ပြောသည်။ ငွေကို ဖားပြင်ကျေးရွာအနီးစခန်းကို လာပေးရမည်ဟုပြောပြီး လူကိုယ်တိုင်မလာရဲပါက Wave Money ဖြင့် ခုနှစ်သိန်းလွှဲပေးရမည်ဟု နောက်တစ်ကြိမ်…
Read More
စစ်ကောင်စီလက်အောက်ခံ လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

စစ်ကောင်စီလက်အောက်ခံ လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

RNA_ဖားကန့် ဇွန်လ ၉ ရက် ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေကို အမည်မသိ လက်နက်ကိုင်အချို့က ယနေ့ နေ့လည် (၁) နာရီ ၃၀ မိနစ်ဝန်းကျင်က ပစ်သတ်သွားကြောင်း သိရသည်။ "သေဆုံးလျက်တွေ့တာက လုံးခင်းသင်္ချိုင်းနားမှာပါ၊ သေနတ်နဲ့တေ့ပစ်ထားတာပေါ့" ဟု လုံးခင်းကျေးရွာ လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေကို လူတစ်စုက နေထိုင်ရာ လုံးခင်းနေအိမ်ကနေ ‌ခေါ်ထုတ်သွားကြောင်း၊ သိပ်မကြာခင် လုံးခင်းသင်္ချိုင်းနားအနီးတွင် နားထင်ကို တေ့ပစ်ထားသည့် ဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရခြင်း ဖြစ်သည်ဟု မိသားစုဝင် တဦးကပြောသည်။ ဖားကန့်၌ စစ်တပ်မှ မတရားအာဏာသိမ်းပြီးနောက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအများစု…
Read More
အခွန်(ခ)ဆက်ကြေးမပေးသည့် ကျောက်စိမ်းလုပ်ကွက် နှစ်ခုကို စစ်ကောင်စီတပ် ဝင်စီး

အခွန်(ခ)ဆက်ကြေးမပေးသည့် ကျောက်စိမ်းလုပ်ကွက် နှစ်ခုကို စစ်ကောင်စီတပ် ဝင်စီး

RNA_ဖားကန့် မေလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်း‌ကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအနီးရှိ စစ်ကောင်စီကိုအခွန် (ခ) ဆက်ကြေးမပေးပဲ တူးဖော်နေသည့် ကျောက်ကျင်းလုပ်ကွက် နှစ်ခုကို စစ်ကောင်စီတပ်အင်အား(၃၀)ခန့်ဖြင့် မေလ ၂၉ ရက် ညဦးပိုင်းက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်ကို ဆက်ကြေးမပေးသည့်အတွက် အဲဗားရေဝင်းနားလုပ်ကွက်ဟောင်းရေကန်၊ ငိုးပင်းကုမ္ပဏီလုပ်ကွက်‌မြေနေရာဟောင်း မြေစာပုံဈေးတန်းအနီး၊ တောက်ပကြယ် လုပ်ကွက်ဟောင်း ကမ်းပါးနေရာတို့ကို ဝင်ရောက်စီးနင်းကာ စက်ယန္တရားများနှင့် လုပ်ကွက်ဝန်ထမ်းအားလုံးနီးပါးကို ဖမ်းဆီးထားကြောင်း မျက်မြင်တွေ့ရှိသူကများက ပြောကြားထားသည်။ ဝင်ရောက်စီးနင်းခံရသည့် လုပ်ကွက်တွင် ကချင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေး ကုမ္မဏီ KNDPC ဟု နာမည်ခံထားပြီး အဆိုပါကုမ္မဏီ၏ပိုင်ရှင်မှာ တရုတ်လူမျိုး ဦးကွေပင်းဖြစ်ပြီး၊ မူးယစ်ယာဇာ အဖြစ်နာမည်ကြီးသူဟုကျော်ကြားကာ…
Read More
တရုတ်ကျောက်သူဌေး ဦးအားတီနေအိမ် ဓါးပြတိုက်ခံရပြီး ရွှေချောင်း၊ ကျောက်ရိုင်းတုံးနှင့်ကားများပါသွား

တရုတ်ကျောက်သူဌေး ဦးအားတီနေအိမ် ဓါးပြတိုက်ခံရပြီး ရွှေချောင်း၊ ကျောက်ရိုင်းတုံးနှင့်ကားများပါသွား

RNA_ဖားကန့် မေလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ ရှမ်းကုန်းဈေးအနီးရှိ တရုတ်ကျောက်သူဌေး ဦးအားတီ၏နေအိမ်ကို မေလ ၂၈ ရက်နေ့ညပိုင်းက ဓားပြ (၆) ယောက်အဖွဲ့မှ ခြိမ်းခြောက်တိုက်ခိုက်ပြီး ရွှေချောင်းများ၊ ကျောက်ရိုင်းတုံးများနှင့် မော်ဒမြင့်ကားနှစ်စီးပါ ယူသွားကြောင်း သိရသည်။   စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဖားကန့်မြို့မှ ရွှေဆိုင် ဓါးပြတိုက်ခံရမှု၊ လုံးခင်းကျေးရွာမှ ဖုန်းဆိုင်တစ်ခုအတွင်း AK 47 ဟုယူဆရသည့် သေနတ်ကိုင်ဆောင်ကာ ဓါးပြတိုက်မှု၊ ဆိပ်မူကျေးရွာ နှီးဘုရားကုန်းအနီး ဓါပြတိုက်ခံရမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ဆိပ်မူကျေးရွာ နှီးဘုရားကုန်းအနီး ဓါးပြမှုမှ ပါဝင်သူများကို ဖားကန့် KPDF မှ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း…
Read More
စစ်တပ်နှင့် အပေးအယူတည့်ခဲ့သည့် ဖားကန့်မှ​ကျောက်စိမ်း လုပ်ကွက်တစ်ခုအား စစ်တပ်မှဝင်စီး

စစ်တပ်နှင့် အပေးအယူတည့်ခဲ့သည့် ဖားကန့်မှ​ကျောက်စိမ်း လုပ်ကွက်တစ်ခုအား စစ်တပ်မှဝင်စီး

RNA_ဖားကန့် မေလ၂၉ ရက်၊၂၀၂၃ ခုနှစ်။   ဖားကန့်မြို့၊ မော်ဝမ်းအုပ်စု၊ မော်ဝမ်းကြီးကျေးရွာအနီးရှိ လုပ်ကွက်တစ်ခုအား စစ်ကောင်စီတပ်မှ မေလ ၂၇ ရက် ညဦးပိုင်းတွင် သေနတ်ပစ်ဖောက် ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။   စစ်ကောင်စီတပ်မှဝင်စီးခဲ့သည့် ကျောက်စိမ်းလုပ်ကွက်သည် အပေးအယူ တည့်ထားသည့်အတွက် ကျောက်စိမ်းတူးဖော်မှုလုပ်ကွက်ဖြစ်ကြောင်း၊ ဝင်ရောက်စီးနင်းစဉ် ဘက်ဟိုးနှင့် မြေသယ်ကားများအား သိမ်းဆည်းပြီး လုပ်ကွက်လုံခြုံရေးယူပေးထားသည့် ကချင်အမျိုးသား (၆) ဦးခန့်နှင့် ကျောက်ကျင်းလုပ်ကွက်မှ ဝန်ထမ်း(၅၀)ဦးခန့်အား ‌ဖမ်းဆီးကာ မြေပြင်တွင်ထိုင်ခိုင်းထားခဲ့ကြေင်း မျက်မြင်တွေ့သူတဦးက ပြောသည်။   စစ်ကောင်စီ စစ်တပ်၏ ဝင်ရောက်စီးနင်းခံရသည့် လုပ်ကွက်သည် ကျော်နိုင်နှင့်ညီများ ပိုင်ဆိုင်သည်ဟု စုံစမ်းသိရှိရပြီး ကျော်နိုင်နှင့်ညီများအုပ်စုသည် ယခင်က စစ်ကောင်စီတပ်နှင့် KIA လက်နက်ကိုင်အဖွဲ့အစည်းအပြင်…
Read More
ပန်းရံဆရာတဦး ကျောက်ခဲနှင့်ထုသတ်ခံရပြီး ပစ္စည်းများ လုယူခံရ 

ပန်းရံဆရာတဦး ကျောက်ခဲနှင့်ထုသတ်ခံရပြီး ပစ္စည်းများ လုယူခံရ 

RNA_မေ(၁၃)၊၂၀၂၃ ခုနှစ်။ ‌ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာကျေးရွာအဝင်ဆိုင်းဘုတ်အနီး ထွန်းတောက်စက်သုံးဆီအရောင်းဆိုင်ရှေ့၌ ယနေ့ နံနက်ပိုင်းက ပန်းရံဆရာတဦး ဦးခေါင်းကျော်ခဲတုံးနှင့် ထုသတ်ခံရပြီး ပစ္စည်းများ ယူသွားကြောင်း သိရသည်။ သေဆုံးသူမှာ ပန်းရံဆရာ မောင်ကြံ၊ အသက် (၄၂)နှစ်၊ ဆိုင်းရာရွာသစ်တွင်နေထိုင်သူဟုသိရပြီး၊ ဆိုင်ကယ်၊ ဖုန်းနှင့် ငွေကျပ်လေးသိန်း လုယူခံခဲ့ရကြောင်း သိရသည်။ ဖားကန့်၌ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု များပြားနေခြင်းနှင့်အတူ ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပေါ်နေပြီး အရေးယူဆောင်ရွက်ပေးမည့် အဖွဲ့အစည်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။ #RedNewsAgency
Read More
ဖားကန့်၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးအမျိုးသားနှစ်ဦး ရုပ်အလောင်းထပ်တွေ့

ဖားကန့်၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးအမျိုးသားနှစ်ဦး ရုပ်အလောင်းထပ်တွေ့

RNA_ဖားကန့် မေလ ၅ ရက်၊၂၀၂၃ ခုနှစ်။   ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအဝင် ဖားကန့်-လုံးခင်းသွား မိန်းလမ်းမကြီးပေါ်တွင် ယနေ့နံနက်ပိုင်းက ဦးခေါင်းအား သေနတ်ဖြင့် ပစ်သတ်ကာစွန့်ပစ်ထားသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းအားဒေသခံများက တွေ့ရကြောင်း သိရသည်။   ပစ်သတ်ခံထားရသူနှစ်ဦးသည် မည်သူဖြစ်ကြောင်း မသိရသေးသလို ယမန်နေ့ (မေလ ၅ရက်)ကလည်း ရှရော်ခကျေးရွာအဝင်နှင့် မျောက်ဖြူကျေးရွာသွားလမ်းဆုံ လမ်းခွ၌ အမျိုးသားနှစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ထားသည့်အလောင်း စွန့်ပစ်ထားခဲ့သည်။ (more…)
Read More