Red News Agency

Independent Journalism for Justice and Human Rights.

Category: အင်တာဗျူး

  • အိပ်မက်တွေ ပျက်စီးသွားပေမဲ့ ကြိုးစားရုန်းကန် ပညာသင်ကြားနေသော ကျောင်းသားများ

    အိပ်မက်တွေ ပျက်စီးသွားပေမဲ့ ကြိုးစားရုန်းကန် ပညာသင်ကြားနေသော ကျောင်းသားများ

    RNA_အောက်တိုဘာ(၁၃)၊၂၀၂၄ ခုနှစ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် အညာဒေသ စစ်ကိုင်းတိုင်းအတွင်းက ကျောင်းသူ ကျောင်းသားများ၏ အိပ်မက်​တွေ ပျက်စီးသွားပေမဲ့ ကြိုးစားရုန်းကန် ပညာသင်ကြားနေကြသည့် အခြေအနေများကို တင်ပြလိုက်ရပါသည်။

    [embedyt] https://www.youtube.com/watch?v=hgIDf8OisNA[/embedyt]

    Red News Agency

  • မင်းအောင်လှိုင်သည် ပညာရေးနိမ့်ပါးသည့်အတွက် တိုင်းပြည်ကို ဖျက်ဆီးနေ

    မင်းအောင်လှိုင်သည် ပညာရေးနိမ့်ပါးသည့်အတွက် တိုင်းပြည်ကို ဖျက်ဆီးနေ

    RNA_စက်တင်ဘာ(၂၉)၊၂၀၂၄ခုနှစ်။

    အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပညာရေးနိမ့်ပါးသည့်အတွက် စီမံခန့်ခွဲမှုအမှားများဖြင့် တိုင်းပြည်ကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း CDM ကျောင်းဆရာ ဆရာဇောင်းက အညာဒေသတွင်း ပညာရေးအခြေအနေများနှင့် ပတ်သက်ပြီး ဖြေကြားရာတွင် ထည့်သွင်းပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=cirF5G1ICGw[/embedyt]

    Red News Agency

  • PDF အဖွဲ့များ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဖိတ်ခေါ်သည်ဟု စစ်ကောင်စီလေသံပြောင်းလာ

    PDF အဖွဲ့များ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဖိတ်ခေါ်သည်ဟု စစ်ကောင်စီလေသံပြောင်းလာ

    RNA_စက်တင်ဘာ(၂၇)၊၂၀၂၄ ခုနှစ်။

    အဓမ္မအာဏာသိမ်းပြီးနောက် ပြည်သူများကို ဖမ်းဆီးထောင်ချ သတ်ဖြတ်မှုများအပြင် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ထားသော စစ်ကောင်စီက PDF အဖွဲ့များ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဖိတ်ခေါ်သည်ဟု လေသံပြောင်းလာသည့် ကြေညာချက်ကို စစ်ကောင်စီသတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီသည် ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ် သဘောထားပြီး လုပ်ဆောင်ရန် အောက်တိုဘာ ၁ ရက်နေ့တွင် သန်းခေါင်စာရင်းကောက်ယူတော့မည်ဖြစ်ကြောင်း၊ စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများလက်မခံသည့်အပြင် သန်းခေါင်စာရင်းကောက်ယူမှုကိုလည်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်မခံကြောင်း ထုတ်ပြန်ပြောကြားထားသည်။

    (more…)

  • MNDAA အနေဖြင့် NUG နှင့် စစ်ရေး၊ နိုင်ငံရေးပူးပေါင်းခြင်း လုံးဝပြုလုပ်မည်မဟုတ်သည့်အပြင် ချက်ချင်းအပစ်ရပ်ပြီး တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွပူးပေါင်းမည်ဟု ကြေညာ

    MNDAA အနေဖြင့် NUG နှင့် စစ်ရေး၊ နိုင်ငံရေးပူးပေါင်းခြင်း လုံးဝပြုလုပ်မည်မဟုတ်သည့်အပြင် ချက်ချင်းအပစ်ရပ်ပြီး တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွပူးပေါင်းမည်ဟု ကြေညာ

    RNA_စက်တင်ဘာ(၁၉)၊၂၀၂၄ ခုနှစ်။

    MNDAA အနေဖြင့် NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်း စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တလးနှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်းနှင့် ချက်ချင်းအပစ်ရပ်ပြီး တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးသောလမ်းစဉ်ဖြင့် အဖြေရှာ ဖြေရှင်းသွားမည်ဟု ပြောကြားထားသည်။

    (more…)

  • ရေကြီးမှုများနှင့် ထိခိုက်ပျက်စီးမှုများအတွက် အမေရိကန် ကူညီမည်

    ရေကြီးမှုများနှင့် ထိခိုက်ပျက်စီးမှုများအတွက် အမေရိကန် ကူညီမည်

    RNA_စက်တင်ဘာ(၁၈)၊၂၀၂၄ ခုနှစ်။

    မြန်မာနိုင်ငံမှ တိုင်ဖွန်းယာဂီအတွင်း ပြင်းထန်သော ရေကြီးမှုနှင့် ထိခိုက်ပျက်စီးမှုများအတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် ဆက်လက်ပေးအပ်နိုင်ရန် အမေရိကန်ပြည်ထောင်စုက ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးက ထုတ်ပြန်ထားသည်။

    နိုင်ငံတကာအသိုက်အဝန်းမှ ပံ့ပိုးကူညီသည့် လူသားချင်းစာနာမှုအကူအညီများအပါအဝင် သန့်ရှင်းသောရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအထောက်အကူပြုပစ္စည်းများနှင့် အခြား အရေးပါသည့်ကယ်ဆယ်ရေးပစ္စည်းများကို အကူအညီအလိုအပ်ဆုံးဖြစ်သည့် အသိုက်အဝန်းများဆီသို့ ပေးပို့ရာတွင် ချောမွေ့မှုရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူများကိုလည်း တောင်းဆိုထားသည်။

    #RedNewsAgency #RNA

  • အမျိုးသမီးတွေဦးဆောင်ပြီး ရုန်းကန်နေရသော အညာက မိသားစုများ

    အမျိုးသမီးတွေဦးဆောင်ပြီး ရုန်းကန်နေရသော အညာက မိသားစုများ

    RNA_စက်တင်ဘာ(၁၅)၊၂၀၂၄ ခုနှစ်။
     
    အညာဒေသမှာ အမျိုးသားတွေက လက်နက်ကိုင်တိုက်ပွဲဝင်နေရသည့်အတွက် အမျိုးသမီးတွေ ဦးဆောင်ပြီး မိသားစုကို ရုန်းကန်နေရမှုများအပါအဝင် လက်နက်ကိုင်အမျိုးသမီးတွေ ရုန်းကန်နေရသည့် အခြေအနေများနှင့်ပတ်သက်ပြီး ပခုက္ကူခရိုင် တပ်ရင်း (၁၆) တပ်ခွဲ (၄) ဖီးနစ်ပြောက်ကျားတပ်ဖွဲ့က စစ်သင်တန်းတာဝန်ခံ တဦးလည်းဖြစ်သလို ဘဏ္ဍာရေးမှူးဖြစ်တဲ့ ရဲဘော်မြူနဲ့ ထီးလင်းမြို့နယ် စစ်ဘေးရှောင်ကူညီရေး လုပ်နေသည့် ဆရာမ ဒေါ်ဖြူဖြူဝင်းတို့က ဒေသတွင်းအခြေအနေများကို ပြောပြထားသည်။
    [embedyt] https://www.youtube.com/watch?v=ANIMZ4InI-M[/embedyt]
     
    #RedNewsAgency #RNA #AhNyar

  • KNDF ဆေးဌာနမှကြီးမှူးဖွင့်လှစ်သော ဆေးသင်တန်းမှ သင်တန်းသား ရဲဘော် (၁၈) ဦး ရေထဲမျောပါ ကျဆုံး

    KNDF ဆေးဌာနမှကြီးမှူးဖွင့်လှစ်သော ဆေးသင်တန်းမှ သင်တန်းသား ရဲဘော် (၁၈) ဦး ရေထဲမျောပါ ကျဆုံး

    RNA_စက်တင်ဘာ(၁၃)၊၂၀၂၄ ခုနှစ်။

    ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ဆေးဌာနမှကြီးမှူးဖွင့်လှစ်သော ဆေးသင်တန်းသားများသည် စက်တင်ဘာ (၁၁) ရက် နေ့ ညနေက သင်္ခန်းစာလေ့ကျင့်ရေး ဆောင်ရွက်စဉ် ချောင်းတခုကိုဖြတ်ကျော်ရန် ကြိုးစားစဉ်အတွင်း မတော်တဆဖြစ်ပြီး ရေထဲမျောပါကာ ဆေးသင်တန်းသား ရဲဘော် (၁၈) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။

    ဆေးသင်တန်းအတွင်း ယခုကဲ့သို့ မတော်တဆဖြစ်ပြီး သင်တန်းသား ရဲဘော် (၁၈) ဦး ဆုံးရှုံးခဲံရသည့်အပေါ် KNDF အနေဖြင့် သက်ဆိုင်ရာ မိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့များနှင့်အတူ များစွဝြမ်းနည်းကြွေကွဲရပြီး၊ ယခုဖြစ်စဉ်ကို KNDF ဗဟိုအနေဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

    #RedNewsAgency #RNA #Karenni #KNDF

  • စစ်ကောင်စီလက်အောက်မှ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီးအပါအဝင် ၄၁ ဦး ဩဂုတ်လအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံ

    စစ်ကောင်စီလက်အောက်မှ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီးအပါအဝင် ၄၁ ဦး ဩဂုတ်လအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံ

    RNA_စက်တင်ဘာ(၁၂)၊၂၀၂၄ ခုနှစ်။

    အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် မနေနိုင်တော့သည့်အတွက် ဒုဗိုလ်မှူးကြီး (၃) ဦး၊ ဗိုလ်မှူး (၂) ဦး၊ ဗိုလ်ကြီး (၂) ဦး၊ ဗိုလ် (၃) ဦး အပါ အဝင် တပ်သားနှင့်ရဲ (၄၁) ဦးသည် ဩဂုတ်လအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများသို့ ဆက်သွယ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့သည်ဟု သိရသည်။

    သြဂုတ်လအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၁၉) လက်နှင့် ခဲယမ်း မီးကျောက်များရရှိခဲ့ကြောင်း၊ လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

    #RedNewsAgency #RNA

  • CCTV ပိတ်ပြီး အစ္စလာမ်ဘာသာဝင် မိန်းကလေးငယ်များကို အဝတ်အစားချွတ်ကာ နှိပ်စက်မှုများရှိနေ

    CCTV ပိတ်ပြီး အစ္စလာမ်ဘာသာဝင် မိန်းကလေးငယ်များကို အဝတ်အစားချွတ်ကာ နှိပ်စက်မှုများရှိနေ

    RNA_စက်တင်ဘာ(၆)၊၂၀၂၄ ခုနှစ်။

    စစ်ကောင်စီ၏ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ လူငယ်ထိန်းသိမ်းရေးစခန်း (ကလေးထောင်) တွင် အစ္စလာမ်ဘာသာဝင် ( မွတ်ဆလင် ရိုဟင်ဂျာလူမျိုး) မိန်းကလေးငယ်များကို CCTV ပိတ်ပြီး အဝတ်အစားချွတ်ကာ ညှင်းပန်းနှိမ်စက်မှုများ ပြုလုပ်နေသည်ဟု လွတ်မြောက်လာသူ မအိစန္ဒာကျော်က ပြောပြထားသည်။

    [embedyt] https://www.youtube.com/watch?v=H0YXmcUJ_tg[/embedyt]

    တွံတေးမြို့နယ်၊ ငယ်ထိန်းသိမ်းရေးစခန်းတွင် ပုဒ်မ ၅၀ (ဈ)ဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်းထိ နေထိုင်ခဲ့ရပြီးနောက် ဩဂုတ်လ အတွင်းက လွတ်မြောက်လာသူ မအိစန္ဒာကျော်က အစ္စလာမ် ဘာသာဝင် အမျိုးသမီးငယ်များနှင့် ပတ်သက်ပြီး ကြုတွေ့ခဲ့ရသည့် ဖြစ်စဉ်ကို ပြောပြထားခြင်းဖြစ်သည်။

    Red News Agency

  • အညာဒေသအတွင်းမှာ ကြိုးစားရုန်းကန်နေသော အမျိုးသမီးများ

    အညာဒေသအတွင်းမှာ ကြိုးစားရုန်းကန်နေသော အမျိုးသမီးများ

    RNA_စက်တင်ဘာ(၁)၊၂၀၂၄ ခုနှစ်။

    စစ်ကောင်စီ၏ ရက်စက်မှုအပေါင်း ခံနေရသော အညာဒေသအတွင်းရှိ အမျိုးသမီးများမှာ ယခင်ထက်သန်မာပြီး ကြိုးစားရုန်းနေရသော အခြေအနေများ၊ ဒေသတွင်း ဖြစ်ပျက်နေသော အခြေအနေများနှင့်ပတ်သက်ပြီး 96 Soldiers PDF – အညာတပ်ခွဲရဲ့ ဘဏ္ဍာရေးတာဝန်ခံ ရဲဘော် Phoo က ပြောပြထားသည်။

    [embedyt] https://www.youtube.com/watch?v=HxyQHKJJ_RE[/embedyt]

    Red News Agency