အင်တာဗျူး

ပြည်သူကို စောင့်ကြည့်ထိန်းချုပ်ဖို့ စစ်ကောင်စီဖော်ဆောင်နေတဲ့ ဘိုင်အိုမက်ထရစ် 

ပြည်သူကို စောင့်ကြည့်ထိန်းချုပ်ဖို့ စစ်ကောင်စီဖော်ဆောင်နေတဲ့ ဘိုင်အိုမက်ထရစ် 

"ဇီဝအချက်အလက်(Biometric Data)ကောက်ယူမှုဟာ လူ့အခွင့်အရေးပေါ် သက်ရောက်နိုင်ချေများစွာရှိနေပါတယ်။ ဒီလိုကောက်ယူခြင်းအပေါ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကြား စိုးရိမ်ပူပန်မှုနေကြသလိုလူ့အခွင့်အရေး အခြေအနေ ဆိုးဝါးနေပြီးသားဖြစ်တဲ့ မြန်မာနိုင်ငံမှာ အခုလို  အဆိုပါ biometric data ကောက်ယူခြင်း လုပ်ငန်းစဉ်ကို စစ်ကောင်စီက အသုံးချလိုက်ခြင်းအားဖြင့် လူ့အခွင့်အရေး အခြေအနေ ပို ဆိုးဝါးလာနိုင်တယ်" ငြိမ်းမောင်  e-Government စနစ်အကောင် အထည်ဖော်ရာမှာ အခြေခံဖြစ်တဲ့ အီလက်ထရောနစ်မှတ်ပုံတင် e-ID အကောင် အထည်ဖော်ဖို့ အာဏာသိမ်း စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလလောက်ကတည်းက ကြိုးပမ်းလာခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေအရသိရပါတယ်။ ဝန်ဆောင်မှု လုပ်ငန်းများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံသားတိုင်း မွေးစာရင်းအပါအဝင် တရားဝင်မှတ်ပုံတင် တစ်ခုရရှိဖို့၊ နိုင်ငံအတွင်း…
Read More
မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း ပစ်ခတ်ခံရမှု ကလေးငယ် ၁၀ ဦးအပါအဝင် ၂၈ ဦးသေဆုံး

မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း ပစ်ခတ်ခံရမှု ကလေးငယ် ၁၀ ဦးအပါအဝင် ၂၈ ဦးသေဆုံး

RMA_အောက်တိုဘာ(၁၀)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး၊ မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်မှ အောက်တိုဘာလ (၉) ရက်နေ့ ည (၁၁) နာရီ (၃၀) မိနစ်ခန့်က လက်နက်ကြီး ပစ်ခတ်မှုအတွင်း ‌စစ်ဘေးရှောင်ပြည်သူ ကလေးငယ် (၁၀) ဦးအပါအဝင် (၂၈) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရချိန် တချိန်တည်း လိုင်ဇာရှိ ရက္ခိုင့်တပ်တော် - AA စခန်းကိုလည်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် AA တပ်ဖွဲ့ဝင် တဦး ကျဆုံးပြီး ၁၀ ဦး  ဒဏ်ရာရရှိခဲ့ကြောင်း မုန်လိုင်ခတ်စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် MNDAA၊ TNLA၊…
Read More
စစ်ကောင်စီတပ် ရေတံလျောက်စခန်းကို ဘယ်လိုသိမ်းခဲ့လဲ

စစ်ကောင်စီတပ် ရေတံလျောက်စခန်းကို ဘယ်လိုသိမ်းခဲ့လဲ

RNA_အောက်တိုဘာ(၆)၊၂၀၂၃ ခုနှစ်။   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် တနေရာက စစ်ကောင်စီတပ် ရေတံလျောက်စခန်းသိမ်းတိုက်ပွဲ အခြေအနေများနှင့် ပတ်သက်ပြီး Special Operation Group မှ Ayeyarwaddy Force တပ်စုမှ တပ်စုမှူး ရဲဘော် JP က ပြောကြားထားသည်။   KNLA - ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၁၈)၊ Special Operation Group(SOG) ပူးပေါင်းတပ်ဖွဲ့- Ayeyarwaddy Force တပ်စု- Dawna Phoenix Drone Team နှင့် Tiger Dragon Revolution Force တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ ခုနှစ် စက်တင်ဘာလ…
Read More
NUGက ၂ နှစ်အတွင်း PDF များကို အမေရိကန်ဒေါ်လာ (၁၅.၇) သန်း ထောက်ပံ့ခဲ့ 

NUGက ၂ နှစ်အတွင်း PDF များကို အမေရိကန်ဒေါ်လာ (၁၅.၇) သန်း ထောက်ပံ့ခဲ့ 

RNA_အောက်တိုဘာ(၃)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ခုခံတွန်းလှန်စစ် (၂) နှစ် အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်းများကို တပ်ရင်းထောက်ပံ့စရိတ်အဖြစ် (၁၆) ကြိမ် တိတိပေးပို့ခဲ့ရာ ငွေကြေးပမာဏအားဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၅.၇)သန်းခန့်ဖြစ်ကြောင်း ယနေ့ ညတွင် ထုတ်ပြန်ထားသည်။ နိုင်ငံနှင့်တဝှမ်းဖွဲ့စည်းထားရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်း (၃၀၀) ခန့်ကို ပေးပို့ခဲ့‌ကြောင်း၊ ယခုနောက်ဆုံးပေးပို့သည့် (၁၆) ကြိမ်မြောက် တပ်ရင်းထောက်ပံ့စရိတ်အနေဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁) သန်းခန့်ရှိကြောင်း သိရသည်။ (more…)
Read More
စက်တင်ဘာလအတွင်း ကရင်နီပြည်မှာ စစ်ကောင်စီတပ်သား ၇၈ ဦးသေဆုံး

စက်တင်ဘာလအတွင်း ကရင်နီပြည်မှာ စစ်ကောင်စီတပ်သား ၇၈ ဦးသေဆုံး

RNA_အောက်တိုဘာ (၃)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်အတွင်း စက်တင်ဘာလအတွင်း မယ်စဲ့မြို့နယ် စသည်တို့တွင် စစ်ကောင်စီတပ်နှင့် KNDF နှင့်မဟာမိတ်ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၇၈ ဦးသေဆုံးပြီး လက်နက်ခဲအများအပြားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ကရင်နီပြည်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲ ၂၉ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂၀ ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ KNDF ရဲဘော် ၈ ဦးကျဆုံးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သုံ့ပန်း ၅ ဦးဖမ်းဆီးခံရပြီး လက်နက်ငယ် ၃၆ လက်၊ လက်နက်ကြီး ၅ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု ယနေ့ KNDF ကထုတ်ပြန်ထားသည်။ (more…)
Read More
ယောဒေသ မြေပြင်အခြေအနေ ဘာတွေဖြစ်နေလဲ

ယောဒေသ မြေပြင်အခြေအနေ ဘာတွေဖြစ်နေလဲ

RNA_အောက်တိုဘာ(၂)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း ယောဒေသမှာ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေ မြေပြင်စိုးမိုးမှုတွေ ရရှိနေပြီးတော့ စစ်ရေးအခြေအနေနှင့် ဒေသတွင်းအခြေအနေများကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - အမှတ် (၃) စစ်ကြောင်း (ABSDF Column-3) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ပြောကြားထားသည်။   #RedNewsAgency
Read More
စစ်ရာဇဝတ်မှုများ ကြိုတင်ဟန့်တားနိုင်ရေးအတွက် BNRA ဖွဲ့စည်းဟု ဗိုလ်နဂါးပြော

စစ်ရာဇဝတ်မှုများ ကြိုတင်ဟန့်တားနိုင်ရေးအတွက် BNRA ဖွဲ့စည်းဟု ဗိုလ်နဂါးပြော

စစ်ရာဇဝတ်မှုများ ကြိုတင်ဟန့်တားနိုင်ရေးနှင့် ပြည်သူကို ကာကွယ်နိုင်ရေးအတွက် BNRA ဖွဲ့စည်းဟု ဗိုလ်နဂါးပြော RNA_စက်တင်ဘာ(၉)၊၂၀၂၃ ခုနှစ်။ တော်လှန်ရေးအလွန်ကာလ ပြန်လည်ထူထောင်ရေးကာလမှာ ဖြစ်ပေါ်လာနိုင်သည့် လက်နက်ကိုင်များ၏ စစ်ရာဇဝတ်မှုများ ကြိုတင်ဟန့်တားနိုင်ရေးနှင့် ပြည်သူများအတွက် ရဲရဲဝံ့ဝဲ့ မားမားမတ်မတ်ရပ်တည်နိုင်ရေးအတွက် ပြည်သူ့တပ်မတော်ပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု ဗိုလ်နဂါးက ပြောကြားထားသည်။ ယနေ့ ပြုလုပ်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်- Burma National Revolutionaty Army ( BNRA) ဖွဲ့စည်းခြင်းအခမ်းအနားတွင် ဗိုလ်နဂါးက ပြောကြားထားခြင်းဖြစ်ပြီး၊ ယင်းအဖွဲ့အစည်းတည်ထောင်ခြင်းနှင့်ပတ်သက်ပြီး NUG-MOD တာဝန်ရှိသူများနှင့်လည်း ဆွေးနွေးတိုင်ပင်ခဲ့ဖူးကြောင်း၊ တော်လှန်ရေးလိုအပ်ချက်အရ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားထားသည်။ Red News Agency
Read More
Red News Agency ၏ ဖားကန့်သတင်းထောက်အား ကားနှင့်တိုက်ပြီး ထွက်ပြေးသည့်လုပ်ရပ်အား အပြင်းအထန်ရှုံ့ချ

Red News Agency ၏ ဖားကန့်သတင်းထောက်အား ကားနှင့်တိုက်ပြီး ထွက်ပြေးသည့်လုပ်ရပ်အား အပြင်းအထန်ရှုံ့ချ

Red News Agency ၏ ဖားကန့်သတင်းထောက်အား ကားနှင့်တိုက်ပြီး ထွက်ပြေးသည့်လုပ်ရပ်အား အပြင်းအထန်ရှုံ့ချ Red News Agency ၏ ဖားကန့် သတင်းထောက် ကိုတာလင်းမောင်အား ယနေ့ (စက်တင်ဘာလ ၈ ရက်) ညနေ (၅) နာရီ (၃)မိနစ်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ မှော်စီစာကျေးရွာ Ammazing Mini Mark ရှေ့၌ ဆိုင်ကယ်စီးလာစဉ် နောက်မှ ကားနှင့်တိုက်ပြေးသည့် ဖြစ်စဉ်တွင် မည်သည့်အဖွဲ့အစည်း မည်သူတစ်ဦးတစ်ယောက်က လုပ်ဆောင်သည်ဖြစ်စေ အပြင်းအထန် ကန့်ကွက်ရှုံ့ချကြောင်း ကြေညာအပ်ပါသည်။ သတင်းထောက် ကိုတာလင်းမောင်သည် ယခင်က ပြန်/ဆက်ဦးစီးဌာန၏ သတင်းထောက်အဖြစ်မှ ၂၀၂၁ ခုနှစ်၊ စစ်ကောင်စီက အာဏာသိမ်းချိန်တွင်…
Read More
မင်းအောင်လှိုင်ကို NUG သမ္မတ သတိပေး

မင်းအောင်လှိုင်ကို NUG သမ္မတ သတိပေး

RNA_စက်တင်ဘာ(၇)၊၂၀၂၃ ခုနှစ်။   တိုင်းပြည်၏ အာဏာသည် ပြည်သူ့ထံမှ ဆင်းသက်တာဖြစ်သည့်အတွက် ပြည်သူ့အာဏာကို မင်းအောင်လှိုင်ဘယ်တော့မှမရရှိနိုင်ကြောင်း ယနေ့ကျရောက်သည့် ပြည်သူ့ခုခံစစ် ကြေညာခြင်း (၂) နှစ်ပြည့် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်းကာ သတိပေးထားသည်။   #RedNewsAgency
Read More
ခုခံတော်လှန်စစ် ဒုတိယနှစ်အတွင်း စစ်ကောင်စီတပ်စခန်း ၁၀၇ ခု သိမ်းပိုက်နိုင်ခဲ့ 

ခုခံတော်လှန်စစ် ဒုတိယနှစ်အတွင်း စစ်ကောင်စီတပ်စခန်း ၁၀၇ ခု သိမ်းပိုက်နိုင်ခဲ့ 

RNA_စက်တက်ဘာ(၇)၊၂၀၂၃ ခုနှစ်။  နွေဦးတော်လှန်ရေး ခုခံစစ် ဒုတိယနှစ်အတွင်း စစ်ကောင်စီတပ်စခန်း (၁၀၇) ခု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့ ကျရောက်သည့် ပြည်သူ့ခုခံတော်လှန်စစ် (၂) နှစ်ပြည့်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ထုတ်ပြန်ထားသည်။  ခုခံတွန်းလှန်စစ် ပထမနှစ်တွင် စစ်ကောင်စီတပ်စခန်း (၂၈) ခုသာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဒုတိယနှစ်တွင် စစ်ကောင်စီတပ်စခန်း (၁၀၇) ခု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ခုခံစစ် ဒုတိယနှစ်အတွင်း မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် လက်တွဲ၍ ပြောက်ကျားစစ် သာမက သမရိုးကျစစ် အဆင့်သို့ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  (more…)
Read More