MNDAA အနေဖြင့် NUG နှင့် စစ်ရေး၊ နိုင်ငံရေးပူးပေါင်းခြင်း လုံးဝပြုလုပ်မည်မဟုတ်သည့်အပြင် ချက်ချင်းအပစ်ရပ်ပြီး တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွပူးပေါင်းမည်ဟု ကြေညာ

RNA_စက်တင်ဘာ(၁၉)၊၂၀၂၄ ခုနှစ်။

MNDAA အနေဖြင့် NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်း စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တလးနှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်းနှင့် ချက်ချင်းအပစ်ရပ်ပြီး တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးသောလမ်းစဉ်ဖြင့် အဖြေရှာ ဖြေရှင်းသွားမည်ဟု ပြောကြားထားသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) စစ်ရေးကော်မတီ၏ လက်တလောနိုင်ငံတော်အခြေအနေနှင့် ပတ်သက်သည့် ရပ်တည်ထုတ်ပြန်ချက်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ (၄) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်ကို ယမန်နေ့ညပိုင်းက တရားဝင်ဖြန့်ချိထားကြောင်း၊ ထုတ်ပြန်ချက်တွင် တရုတ်နီုင်ငံအနေဖြင့် လက်ရှိတစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာသော မြန်မာနိုင်၏ အ​ြခေအနေကို ကြားဝင်စေ့စပ်ဖြေရှင်းပေးပါရန် အထူးမေတ္တာရပ်ခံမှုကိုလည်း ထည့်သွင်းထားသည်။

 

MNDAA အနေဖြင့် စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးဟူသော နိုင်ငံရေးရပ်တည်ချက်ကို လုံးဝပြောင်းလဲမည်မဟုတ်ကြောင်း၊ နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာကိုလုယူခြင်း၊ လွတ်လပ်ရေးအရယူပြိး နိုင်ငံတော်သစ်ထူထောင်ခြင်းများကို လုံးဝပြုလုပ်မည်မဟုတ်ကြောင်း၊ တရုတ်သို့မဟုတ် မြန်မာကိုဆန့်ကျင်သော နိုင်ငံခြားအသိုင်းအဝိုင်းများနှင့် မပူးပေါင်းခြင်း မဆက်ဆံခြင်း၊ မဟာမိတ်မဖွဲ့ခြင်းသည် MNDAA ၏ နိုင်ငံရေး Redline ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။

#RedNewsAgency #RNA

By Editor