ခုခံတော်လှန်စစ် ဒုတိယနှစ်အတွင်း စစ်ကောင်စီတပ်စခန်း ၁၀၇ ခု သိမ်းပိုက်နိုင်ခဲ့ 

RNA_စက်တက်ဘာ()၊၂၀၂၃ ခုနှစ်။ 

နွေဦးတော်လှန်ရေး ခုခံစစ် ဒုတိယနှစ်အတွင်း စစ်ကောင်စီတပ်စခန်း (၁၀၇) ခု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့ ကျရောက်သည့် ပြည်သူ့ခုခံတော်လှန်စစ် () နှစ်ပြည့်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ထုတ်ပြန်ထားသည်။ 

ခုခံတွန်းလှန်စစ် ပထမနှစ်တွင် စစ်ကောင်စီတပ်စခန်း (၂၈) ခုသာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဒုတိယနှစ်တွင် စစ်ကောင်စီတပ်စခန်း (၁၀၇) ခု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ခုခံစစ် ဒုတိယနှစ်အတွင်း မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် လက်တွဲ၍ ပြောက်ကျားစစ် သာမက သမရိုးကျစစ် အဆင့်သို့ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ခုခံစစ်အတွင်းကျေးလက်ကို အခြေခံ မြို့ပြကို ဝိုင်းဟူသော ပြောက်ကျားစစ်နည်းဗျူးဟာနှင့်အညီ ဆင်နွှဲခဲ့သည့်အတွက် ယနေ့အချိန်တွင် ကျေးလက်ဒေသ အမြောက်အများကို ထိန်းချုပ်ထားနိုင်ရုံသာမက မဟာဗျူဟာလမ်းမကြီးများကို စိုးမိုးလျက် မြို့ပြများကို ဝန်းရံပိတ်ဆို့ထားနိုင်ပြီဖြစ်ကြောင်း၊ ယနေ့အချိန်တွင်လမ်းအားလုံး နေပြည်တော်သို့  ဟု စစ်ရေးစီမံချက်ကို အကောင်အထည်ဖော်ကာ စစ်ကောင်စိီစိုးမိုးနယ်မြေများအတွင်း ပိုမိုထိုးဖောက်လှုပ်ရှားရေးနှင့် စိုးမိုးနယ်မြေများကို ပိုမိုထိန်းချုပ်နိုင်ရေး စီမံဆောင်ရွက်နေကြောင်း သိရသည်။ 

Red News Agency

By Editor