Loikaw PDF ရဲဘော်များ မယ်စဲ့မြို့နယ် အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲနှင့် ရှားတောတိုက်ပွဲများတွင် အပြည့်အဝပါဝင်ခဲ့

RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၄ခုနှစ်။

Loikaw PDF ရဲဘော်များသည် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ မြို့သိမ်းတိုက်ပွဲများဖြစ်သည့် မယ်စဲ့မြို့နယ် အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲတွင်လည်း ရာနှုန်းပြည့်ပါဝင်ခဲ့ပြီး ဒုတိယမြို့သိမ်းတိုက်ပွဲအဖြစ် ရှားတော တိုက်ပွဲတွင်လည်း အပြည့်အဝပါဝင်ခဲ့သည်ဟု သိရသည်။

“Loikaw PDF သည် မယ်စဲ့မြို့နယ် အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲတွင်လည်း ရာနှုန်းပြည့်ပါဝင်ခဲ့ကာ စစ်ကောင်စီတပ်များ အလုံးစုံကင်းစင်ရေးကို ဦးတည်ပါဝင်ခဲ့ပြီး အခုအခါတွင် ဒုတိယမြောက် အလုံးစုံလွတ်မြောက်သွားသည့် ရှားတောမြို့သိမ်းတိုက်ပွဲတွင်လည်း ထပ်မံ ပါဝင်တိုက်ခိုက်ခဲ့သည်။ Loikaw PDF ၏ drone တိုက်ခိုက်ရေး mission ရာချီ ဆောင်ရွက်ခဲ့ပြီး မြို့သိမ်းပွဲတွင်လည်း အင်တိုက်အားတိုက်ပူးပေါင်းခဲ့သည်” ဟု ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) – Loikaw PDF မှ ထုတ်ပြန်ပြောကြားထားသည်။



ရှားတောမြို့နယ်အတွင်း စစ်ကောင်စီကင်းစင်နယ်မြေဖြစ်မြောက်ရေးအတွက် (၁) လ ဝန်းကျင်ကြာမြင့်ခဲ့သည့် တိုက်ပွဲတွင်လည်း Loikaw PDF ရဲဘော်များက drone တိုက်ခိုက်ရေး mission ရာချီ ဆောင်ရွက်ခဲ့ပြီး မြို့သိမ်းပွဲတွင်လည်း အင်တိုက်အားတိုက်ပူးပေါင်းခဲ့ကြောင်း၊ တိုက်ပွဲ ကာလတစ်လျှောက်လုံးတွင် အကြမ်းဖက်စစ်ကောင်စီ ရာထူးအဆင့်ဆင့်မှ အယောက် ၁၆၀ ကျော်ကို ခြေမှုန်းနိုင်ခဲ့ပြီး လက်နက်ငယ် (၁၂၈)လက် အပါအဝင် လက်နက်ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

#RedNewsAgency

By Editor