News

ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သည့် စရဖ အကြီးအကဲနှင့်အရာရှိ ၂ ဦး ဆေးရုံတွင် ပစ်ခတ်ခံရ

ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သည့် စရဖ အကြီးအကဲနှင့်အရာရှိ ၂ ဦး ဆေးရုံတွင် ပစ်ခတ်ခံရ

RNA_ ဖားကန့်၊ စက်တင်ဘာလ ၂၅ ရက်၊၂၀၂၃ ခုနှစ်။ ယနေ့ နံနက် (၄)နာရီ ဝန်းကျင်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့)ရုံးကို KIA/KPDF များက ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ်အတွင်း ဒဏ်ရာဖြင့်ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဖားကန့် ပြည်သူ့ဆေးရုံတွင် လုံခြုံရေးဖြင့် ဆေးကုသနေသည့် စရဖ အကြီးအကဲ ဦးစိုးနိုင်ဝင်းနှင့် အရာရှိ ၂ ဦး ယနေ့ နေ့လယ် (၂)နာရီကျော်ခန့်က ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ စရဖ အကြီးအကဲကို လက်နက်ကိုင်ရဲ ဆယ်ဦးထက်မနည်း လုံခြုံရေးပေးပြီး ဆေးဝါးကုသနေသည့်အချိန် KPDF မှ ကားသုံးစီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။ (more…)
Read More
ဆိပ်မူကျေးရွာရှိ စစ်ကောင်စီ၏ စရဖရုံး စီးနင်းခံရ

ဆိပ်မူကျေးရွာရှိ စစ်ကောင်စီ၏ စရဖရုံး စီးနင်းခံရ

RNA_ဖားကန့်၊ စက်တင်ဘာ (၂၅)၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ စစ်ကောင်စီ၏ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့) ရုံးအား ယနေ့ နံနက် (၄)နာရီခန့်က KIA/KPDF များက ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။ "ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိပါဘူး၊ အရှင်မိတာရှိတယ်၊ အသက်(၂၅)ဝန်းကျင် အမျိုးသား၊ သူ့အမျိုးသမီးနဲ့ကလေး၊ နောက်အမျိုးသမီးတစ်ယောက်၊ အကုန်လုံးကို ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားပါတယ်၊ စာရွက်စာတမ်းတွေသိမ်းဆည်းတယ်ပေါ့"ဟု KPDF ရဲဘော်တစ်ဦးက ပြောသည်။ စက်တင်ဘာ ၂၁ ရက်နေ့ကလည်း ဖားကန့်မြို့၊ ဆိပ်မူဗျူဟာကုန်းမှ စစ်ကောင်စီတပ် ပါတ်ကင်းလှည့်ရန်ထွက်လာသည့်ရဲကားကို KPDF က ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ရဲတစ်ဦးသေဆုံးခဲ့သည်။ #RedNewsAgency
Read More
ဖခင်နာရေးတက်ခွင့်မရလိုက်သည့် ရန်ကုန်တိုင်းစစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝ

ဖခင်နာရေးတက်ခွင့်မရလိုက်သည့် ရန်ကုန်တိုင်းစစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝ

RNA_စက်တင်ဘာ(၂၅)၊၂၀၂၃ ခုနှစ်။   ယနေ့ မဲဆောက်မြို့တနေရာတွင် သင်္ဂြိုလ်မည့် ဖခင် ဦးဇော်ဇော်မင်း၏ နာရေးကို တက်ခွင့်မရသည့် သားဖြစ်သူ ကိုဒီငြိမ်းလင်း(ခ) ရဲဘော်ဒေဝက အွန်လိုင်းမှတဆင့် နာရေးအခမ်းအနား တက်ရောက်လာသူများကို အမှတ်တရစကားပြောကြားခဲ့သည်။   [embedyt] https://www.youtube.com/watch?v=nif4IX4oy-w[/embedyt] ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇော်ဇော်မင်းသည် စက်တင်ဘာလ ၂၁ ရက်နေ့က ညနေက ၉၆ ပါးသောရောဂါဖြင့် ကွယ်လွန်သွားသည့်အတွက် ယနေ့ ထိုင်းစံတော်ချိန် ၁ နာရီတွင် မဲဆောက်မြို့တနေရာ၌ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို သင်္ဂြိုလ်မည်ဖြစ််သည်။   #RedNewsAgency
Read More
ABSDF အမှတ် (၃) စစ်ကြောင်း ရဲဘော်များ၏ ယောဒေသနှင့် ချင်းတွင်းဒေသ စစ်ရေးလှုပ်ရှားမှု

ABSDF အမှတ် (၃) စစ်ကြောင်း ရဲဘော်များ၏ ယောဒေသနှင့် ချင်းတွင်းဒေသ စစ်ရေးလှုပ်ရှားမှု

RNA_စက်တင်ဘာ(၂၂)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း ယောဒေသနှင့် စစ်ကိုင်းတိုင်း ချင်းတွင်း ဒေသအတွင်း လှုပ်ရှားနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - အမှတ် (၃) စစ်ကြောင်း (ABSDF Column-3) ရဲဘော်များ၏ စစ်ရေးလှုပ်ရှားမှုမှတ်တမ်းတချို့ကို ဖော်ပြလိုက်သည်။ ABSDF Column-3 ရဲဘော်များသည် ယောဒေသနှင့်ချင်းတွင်းဒေသရှိ NUG-MOD PDF များ၊ ပကဖ နှင့်​ ဒေသတွင်း တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းကာ အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများဖော်ဆောင်နေကြောင်း သိရသည်။ [embedyt] https://www.youtube.com/watch?v=Fpf-MaVa-58[/embedyt] ယခုဖော်ပြပါ ရုပ်သံသည် ABSDF Column-3 ရဲဘော်တဦးက စစ်ဆင်ရေးမှတ်တမ်းများအဖြစ်ရိုက်ကူးထားခြင်းဖြစ်ပြီး၊ နောက်ခံ ကျောင်းသားတပ်မတော်သီချင်းမှာ ABSDF ဒေါင်းတမာန်စခန်းမှ တေးရေး၊တေးဆို ရဲဘော်မိုးခါး သီဆိုထားခြင်းဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Red…
Read More
စစ်ကိုင်းတိုင်းအတွင်းက အဖွဲ့အစည်းများနှင့် ညှိနှိုင်းရေးရာတွင် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အခြေခံသင့်ဟု NUG ယာယီသမ္မတပြော

စစ်ကိုင်းတိုင်းအတွင်းက အဖွဲ့အစည်းများနှင့် ညှိနှိုင်းရေးရာတွင် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အခြေခံသင့်ဟု NUG ယာယီသမ္မတပြော

RNA_စက်တင်ဘာ(၂၁)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်းအတွင်းက အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းရေးကို အကောင်အထည်ဖော်သည့်အခါ အထူးသတိထားသင့်ပြီး “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” ကို အခြေခံသင့်သည်ဟု စက်တင်ဘာလာ ၂၀ ရက်နေ့က FSCC အစည်းအဝေးတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားသည်။ “စစ်ကိုင်းတိုင်းဧရိယာအတွင်းက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းရေးကို အကောင်အထည်ဖော်တဲ့ အခါမှာ အထူး သတိမူသင့်တဲ့ အချက်တချို့ကို ပြောချင်ပါတယ်။ အထူးသဖြင့် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အပေါ်မှာ အခြေခံသင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေး အင်အားစုအသီးသီးရဲ့ အင်အားတွေကို စုစည်းယူရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့နဲ့ မိတ်ဖက် အစုအဖွဲ့တွေထဲမှာ ရန်သူ အသစ် မမွေးမိဖို့…
Read More
စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် စစ်ဘေးရှောင်ဇနီးမောင်နှံ သေဆုံးပြီး ၇ ဦးဒဏ်ရာရ

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် စစ်ဘေးရှောင်ဇနီးမောင်နှံ သေဆုံးပြီး ၇ ဦးဒဏ်ရာရ

RNA_စက်တင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး မြင်သားရွာအတွင်း ကျရောက်ပေါက်ကွဲကာ စစ်ဘေးရှောင် ဇနီးမောင်နှံတို့ သေဆုံးခဲ့ရပြီး ဒေသခံ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြောက်ခင်ရန်းကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ၁၂၀ မမ လက်နက်ကြီးဖြင့် ၂ ကြိမ်ပစ်ခတ်ခဲ့ကြောင်း၊ သေဆုံးခဲ့သည့် ဇနီးမောင်နှံမှာ တောင်ခင်ရမ်းကျေးရွာမှ စစ်ဘေးရှောင်ရန် ရောက်ရှိနေသူများဖြစ်ကြောင်း ‌သိရသည်။ (more…)
Read More
ဖားကန့်မြို့ “ဧရာမြင်းမိုရ်” အပေါင်ဆိုင်ပိုင်ရှင် သေနတ်ပစ်ခံရ

ဖားကန့်မြို့ “ဧရာမြင်းမိုရ်” အပေါင်ဆိုင်ပိုင်ရှင် သေနတ်ပစ်ခံရ

RNA_ဖားကန့်၊ စက်တင်ဘာ (၁၅)၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်ရှိ "ဧရာမြင်းမိုရ်" အပေါင်ဆိုင်နှင့် ဆိုင်ကယ်နှင့်အပိုပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဦးညီသည် ယနေ့နံနက် (၁၀)နာရီ (၃၀) မိနစ်ဝန်းကျင်က အမည်မသိလက်နက်ကိုင်တစ်စုက သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။ "ပစ်ခံရတာက မော်ဝမ်း ဇောတိကကုန်း လမ်းဆုံနားမှာပါ၊ ကိုညီက ကားမှန်ချပြီးမောင်းလာတာ၊ ဆိုင်ကယ်နဲ့လူနှစ်ယောက်က ကားထဲကိုလှမ်းပစ်ပြီး ပြေးတာ" ဟု မျက်မြင်တွေ့သူတဦးက ပြောသည်။ မိသားစုနှင့် နီးစပ်သူ တဦးကလည်း "သေနတ်ဒဏ်ရာနဲ့ ကားဆက်မောင်းလာပြီး စာတိုက်ရှေ့ သူ့ဆိုင်နားမှာ ကား‌ပြန်ကွေ့တဲ့အချိန် နောက်က ကားနဲ့ပွတ်မိတယ်၊ အဲ့အနားကလူတွေက ကိုညီဘာဖြစ်သွားသေးလဲ သွားကြည့်မှ သွေးတွေအိုင်နေတာ၊ လက်မောင်းထိသွားတယ်ပြောတယ်၊ ဆေးရုံပို့ထားတယ်၊ အသက်အန္တရာယ်မစိုးရိမ်ရဘူး၊ သတိရပြီလို့ပြောတယ်"…
Read More
ပုလဲမြို့က ထွက်လာသည့် စစ်ကြောင်းနှင့် ဒေသခံပူးပေါင်းတပ်များ ယနေ့ တိုက်ပွဲဖြစ်

ပုလဲမြို့က ထွက်လာသည့် စစ်ကြောင်းနှင့် ဒေသခံပူးပေါင်းတပ်များ ယနေ့ တိုက်ပွဲဖြစ်

RNA_စက်တင်ဘာ(၁၂)၊ ၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှ ထွက်လာသည့် အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်း ပြီးခဲ့သည့်ညက နွယ်ရှောက်ကျေးရွာတွင်် ညအိပ်ပြီးနောက် ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က ကျောင်းသားတပ်မတော် နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ယင်မာပင်ခရိုင် တပ်ရင်းများ ၊ ဒေသခံကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း ABSDF Column - 3 က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်စစ်ကြောင်းကို ကျောင်းသားတပ်မတော်(ချင်းတွင်းဒေသတပ်ရင်း)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်( PDF)၊ ယင်းမာပင်ခရိုင်တပ်ရင်း (၃)၊ တပ်ရင်း(၄)၊ တပ်ရင်း(၅)၊ တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၁)၊တပ်ရင်း (၁၂)၊ တပ်ရင်း (၁၉)၊…
Read More
TNLAနှင့် မန္တလေး PDF ပူးပေါင်းစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်မှ ၈၀ ဦး ကျဆုံး

TNLAနှင့် မန္တလေး PDF ပူးပေါင်းစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်မှ ၈၀ ဦး ကျဆုံး

RNA_စက်တင်ဘာ(၁၂)၊၂၀၂၃ ခုနှစ်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့ပူးပေါင်းကာ ဇူလိုင်လမှ စတင်သည့် “ကနောင် စစ်ဆင်ရေး” တွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး (၂) ဦးအပါအဝင် ၈၀ ဦးကျဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။ (more…)
Read More
ဗကသ ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုဖခင် ဖမ်းဆီးခံရ

ဗကသ ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုဖခင် ဖမ်းဆီးခံရ

RNA_စက်တင်ဘာ(၁၁)၊၂၀၂၃ ခုနှစ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုဖခင် ဦးကျော်အေးကို တာမွေမြို့နယ်ရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံများက ယမန်နေ့ (စက်တင်ဘာလ (၁၀) ရက်နေ့ နံနက်က နေအိမ်ကို လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။ “ကျောင်းသားခေါင်းဆောင် ကျော်ကိုကိုရဲ့အဖေပါ ယနေ့အချိန်အထိ အကြမ်းအားပေး သွေးထိုးလှုံ့ဆော်လျက်ရှိ” ဆိုပြီး စစ်ကောင်စီလော်ဘီ ဟန်ငြိမ်းဦးတယ်လီဂရန်မှ လိပ်စာနှင့်တကွ တင်ပြီးနောက် စက်တင်ဘာလ ၁၀ ရက်နေ့က နေအိမ်မှနေပြီး ဖမ်းဆီးခေါ်ဆောင်သွားခံရကြောင်း၊ ပုဒ်မတပ်ကာ တရားစွဲဆိုထားပြီဖြစ်ကြောင်း သိရသည်။ ကိုကျော်ကိုကို၏ ဖခင်သည် နိုင်ငံရေးနှင့် မသက်ဆိုင်ဟုဆိုကာ နေအိမ်တွင်ပင် နေထိုင်ကြောင်း၊ သားဖြစ်သူ ကိုကျော်ကိုကိုသည် ဗသက ဥက္ကဋ္ဌဟောင်းတဦးဖြစ်ပြီး၊ ယနေ့အချိန်တွင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်တဦးဖြစ်ကြောင်း၊ အာဏာသိမ်းပြီးချိန်မှစပြီး သားဖြစ်သူနှင့် မိသားစုမှာ…
Read More