RNA_ဖားကန့်၊ စက်တင်ဘာ (၂၅)၊ ၂၀၂၃ ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ စစ်ကောင်စီ၏ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့) ရုံးအား ယနေ့ နံနက် (၄)နာရီခန့်က KIA/KPDF များက ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

“ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိပါဘူး၊ အရှင်မိတာရှိတယ်၊ အသက်(၂၅)ဝန်းကျင် အမျိုးသား၊ သူ့အမျိုးသမီးနဲ့ကလေး၊ နောက်အမျိုးသမီးတစ်ယောက်၊ အကုန်လုံးကို ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားပါတယ်၊ စာရွက်စာတမ်းတွေသိမ်းဆည်းတယ်ပေါ့”ဟု KPDF ရဲဘော်တစ်ဦးက ပြောသည်။

စက်တင်ဘာ ၂၁ ရက်နေ့ကလည်း ဖားကန့်မြို့၊ ဆိပ်မူဗျူဟာကုန်းမှ စစ်ကောင်စီတပ် ပါတ်ကင်းလှည့်ရန်ထွက်လာသည့်ရဲကားကို KPDF က ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ရဲတစ်ဦးသေဆုံးခဲ့သည်။
#RedNewsAgency