စရဖရုံး

ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သည့် စရဖ အကြီးအကဲနှင့်အရာရှိ ၂ ဦး ဆေးရုံတွင် ပစ်ခတ်ခံရ

ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သည့် စရဖ အကြီးအကဲနှင့်အရာရှိ ၂ ဦး ဆေးရုံတွင် ပစ်ခတ်ခံရ

RNA_ ဖားကန့်၊ စက်တင်ဘာလ ၂၅ ရက်၊၂၀၂၃ ခုနှစ်။ ယနေ့ နံနက် (၄)နာရီ ဝန်းကျင်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့)ရုံးကို KIA/KPDF များက ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ်အတွင်း ဒဏ်ရာဖြင့်ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဖားကန့် ပြည်သူ့ဆေးရုံတွင် လုံခြုံရေးဖြင့် ဆေးကုသနေသည့် စရဖ အကြီးအကဲ ဦးစိုးနိုင်ဝင်းနှင့် အရာရှိ ၂ ဦး ယနေ့ နေ့လယ် (၂)နာရီကျော်ခန့်က ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ စရဖ အကြီးအကဲကို လက်နက်ကိုင်ရဲ ဆယ်ဦးထက်မနည်း လုံခြုံရေးပေးပြီး ဆေးဝါးကုသနေသည့်အချိန် KPDF မှ ကားသုံးစီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။ (more…)
Read More
ဆိပ်မူကျေးရွာရှိ စစ်ကောင်စီ၏ စရဖရုံး စီးနင်းခံရ

ဆိပ်မူကျေးရွာရှိ စစ်ကောင်စီ၏ စရဖရုံး စီးနင်းခံရ

RNA_ဖားကန့်၊ စက်တင်ဘာ (၂၅)၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ စစ်ကောင်စီ၏ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့) ရုံးအား ယနေ့ နံနက် (၄)နာရီခန့်က KIA/KPDF များက ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။ "ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိပါဘူး၊ အရှင်မိတာရှိတယ်၊ အသက်(၂၅)ဝန်းကျင် အမျိုးသား၊ သူ့အမျိုးသမီးနဲ့ကလေး၊ နောက်အမျိုးသမီးတစ်ယောက်၊ အကုန်လုံးကို ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားပါတယ်၊ စာရွက်စာတမ်းတွေသိမ်းဆည်းတယ်ပေါ့"ဟု KPDF ရဲဘော်တစ်ဦးက ပြောသည်။ စက်တင်ဘာ ၂၁ ရက်နေ့ကလည်း ဖားကန့်မြို့၊ ဆိပ်မူဗျူဟာကုန်းမှ စစ်ကောင်စီတပ် ပါတ်ကင်းလှည့်ရန်ထွက်လာသည့်ရဲကားကို KPDF က ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ရဲတစ်ဦးသေဆုံးခဲ့သည်။ #RedNewsAgency
Read More