အကျဉ်းသား

အင်းစိန်အကျဉ်းထောင်တွင် တိုင်းစစ်ဌာနချုပ် ဗျူဟာမှူးအဆင့် တာဝန်ယူဦးဆောင်ပြီး လုံခြုံရေးတင်းကြပ်

အင်းစိန်အကျဉ်းထောင်တွင် တိုင်းစစ်ဌာနချုပ် ဗျူဟာမှူးအဆင့် တာဝန်ယူဦးဆောင်ပြီး လုံခြုံရေးတင်းကြပ်

RNA_စက်တင်ဘာ(၁၇)၊၂၀၂၄ ခုနှစ်။ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်အကျဉ်းထောင်တွင် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ဗျူဟာမှူးအဆင့်ထိ ရောက်ရှိပြီီးလုံခြုံရေး အထူးတင်းကြပ်ထားသည်ဟု အင်းစိန်အကျဉ်းထောင်နှင့်နီးစပ်သူထံမှ သိရသည်။ အင်းစိန်အကျဉ်းထောင်တွင်း ဝန်ထမ်းများကို၏ အဝင်အထွက်များကိုလည်း တင်းကြပ်ထားကြောင်း၊ စက်တင်ဘာ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် သွားရောက်ခဲ့သည်ဟု သိရသည်။ #RedNewsAgency #RNA
Read More
အကျဉ်းထောင်မှလက်နက်များနှင့်အတူ လွတ်မြောက်သွားသူ ၁၀ ဦး ယနေ့ည (၈) နာရီထိ လွတ်မြောက်နေ 

အကျဉ်းထောင်မှလက်နက်များနှင့်အတူ လွတ်မြောက်သွားသူ ၁၀ ဦး ယနေ့ည (၈) နာရီထိ လွတ်မြောက်နေ 

RNA_မေ(၁၈)၊၂၀၂၃ ခုနှစ်။ ယနေ့ နေ့လည်ပိုင်းက တောင်ငူထောင်တွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် (၁၀) ဦးသည် စစ်ကောင်စီလက်အောက်ခံများထံမှ လက်နက်လုတိုက်ခိုက်ကာ လက်နက်များနှင့်အတူ ယနေ့ည (၈) နာရီထိ လွတ်မြောက်နေကြောင်း သိရသည်။ "အခုညထိ သူဆို့ကို ဖမ်းမိတယ်မကြားသေးဘူး၊ စခဘော်ဘီအကောင့်တွေက ဓာတ်ပုံတွေနဲ့တင်ပြီး အမြန်ဖမ်းဆီးရမိဖို့ အင်တိုက်အားတိုက်လုပ်နေတယ်၊ ဒေသခံတွေဆီရောက်လာရင် ဒါက မဖြစ်မနေကူညီပေးသင့်တယ်၊ နောက်ပြီးတော့ တညလောက်သာ လွတ်ရင် KNU ဆီမှာ ရောက်ပြီ အဲနယ်က KNU နယ်နဲ့ နီးတယ်၊ အခုညလဲ ရောက်သွားနိုင်တယ်" ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦးက ပြောသည်။ (more…)
Read More
အင်းစိန်ထောင်မှ အကျဉ်းသား(၃) ဦးထွက်ပြေး

အင်းစိန်ထောင်မှ အကျဉ်းသား(၃) ဦးထွက်ပြေး

RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်မှ ယနေ့ ( ဖေဖော်ဝါရီ ၁၃ ရက်) ည အစောပိုင်းက အကျဉ်းသား (၃) ဦးထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ " အကျဉ်းသား ထွက်ပြေးတာက ဟုတ်တယ် နိုင်ငံရေး အကျဉ်းသားမဟုတ်ပါဘူး၊ ခိုးမှုနဲ့သာမန်အမှု လွတ်နီးတွေပါ၊ တယောက်ဆိုရင် စက်ဘီးပါယူသွား ခိုးသွားသေးတယ်" ဟု အင်းစိန်ထောင် အသိုင်းအဝန်းနှင့် နီးစပ်သူ တဦးက Red News Agency ကို ပြောသည်။ အင်းစိန်ထောင်တွင် သာမန်အမှု လွတ်နီး ( ၁ နှစ်အောက် လပိုင်းသမား) များကို အပြင်ဘုတ် ( ထောင်မကြီးအပြင် လုပ်ငန်းများ) ချထားမှုများရှိကြောင်း၊ အင်းစိန်ထောင်မှ…
Read More