သတင်း

စစ်ဆင်ရေးရည်မှန်းချက် အပြည့်အဝမအောင်မြင်ခဲ့ပေမဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ခန့် သေဆုံးခဲ့ 

စစ်ဆင်ရေးရည်မှန်းချက် အပြည့်အဝမအောင်မြင်ခဲ့ပေမဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ခန့် သေဆုံးခဲ့ 

RNA_ဇွန်(၂၄)၊၂၀၂၄ ခုနှစ်။  မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မန်းချောင်းဆည်အနီး၊ ကျောင်းကုန်းရွာဟောင်းအနီးဝန်းကျင်ရှိ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ၁၄ ဂိတ်ကင်းစခန်းတိုက်ပွဲတွင် စစ်ဆင်ရေး ရည်မှန်းချက် အပြည့်အဝ မအောင်မြင်ခဲ့ပေမဲ့ တိုက်ပွဲအတွင်း သော်လည်း စစ်ကောင်စီတပ်သား (၂၀) ခန့်သေဆုံးခဲ့သည်ဟု သိရသည်။  ကာကွယ်ရေးပစ္စည်းစက်ရုံ ၁၄ ဂိတ်ကင်းစခန်းကို ချင်းကာကွယ်ရေးတပ် - အရှို ( CDF-Asho) နှင့် ဧရာဝတီပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်း (APDF) ရဲဘော်များက ဇွန်လ ၂၁ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၂၀) ခန့် သေဆုံးခဲ့သည်ဟု ကပစ ၁၄ နှင့် နီးစပ်သူတဦးနှင့်…
Read More
BNRA အပတ်စဉ် (၁) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်

BNRA အပတ်စဉ် (၁) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်

RNA_ဇွန်(၂၄)၊၂၀၂၄ ခုနှစ်။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အပတ်စဥ် - ၁ သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ပြီး BNRA စစ်ဦးစီးချုပ် ဗိုလ်နဂါး ၊BNRAအတွင်းရေးမှူး နှင့် စစ်ဆင်ရေးတာဝန်ခံတို့မှ မိန့်ခွန်းများပြောကြားပြိး လက်နက်တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ BNRA အပတ်စဉ် ၁ သင်တန်းတွင် အထူးကွန်မန်ဒို၊ အထူးချေးမှုန်းရေး၊ အထူးလက်ဖြောင့် ၊ စစ်ဆင်ရေးတွင် အဓိကကြသော စစ်ရေးလေ့ကျင့်မှုများ နှင့် စစ်သည်တော်ကျင့်ဝတ်များအား စာတွေ့ လက်တွေ့ ဖြင့်စနစ်တကျလေ့ကျင့် သင်ကြားမှုသင်တန်းဆင်းပွဲကို မေလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့က ထုတ်ပြန်ကြေညာထားသည်။ #RedNewsAgency
Read More
တနိုင်ငံလုံးအတိုင်းအတာဖြင့် သိပ်မကြာခင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်လာတော့မည်

တနိုင်ငံလုံးအတိုင်းအတာဖြင့် သိပ်မကြာခင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်လာတော့မည်

RNA_ဇွန်(၂၂)၊၂၀၂၄ ခုနှစ်။ အကြမ်းဖက်စစ်ကောင်စီအနေဖြင့် လူသစ်စုဆောင်းမှုများ၊ စစ်ကြောင်းထိုးမှုများ အဆက်မပြတ်လုပ်လာသည့်အတွက် တနိုင်ငံလုံးအတိုင်းအတာဖြင့် သိပ်မကြာခင် တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်လာတော့မည်ဟု ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် ဥက္ကဋ္ဌ ကိုလပြည့်က ပြောကြားထားသည်။ #RedNewsAgency
Read More
ဝင်းနိမ္မိတရုံ ဆရာတော်ကို စစ်ကောင်စီတပ်သားများ ပစ်သတ်ဟု

ဝင်းနိမ္မိတရုံ ဆရာတော်ကို စစ်ကောင်စီတပ်သားများ ပစ်သတ်ဟု

RNA_ဇွန်(၂၀)၊၂၀၂၄ ခုနှစ်။   ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်သားများ ပစ်သတ်ဟု ခရီးထွက်ရာတွင် ကားပေါ်ပါပြီး ဒဏ်ရာရရှိခဲ့သည့် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသမှ ဖြစ်စဉ်များကို လျှောက်ထားရာတွင် ထည့်သွင်းမိန့်ကြားထားသည်။   “ဝိုင်းပြီးတော့ ဖောကားပေါ်ကနေ ပစ်လိုက်တာ ခုနှစ်ချက် ရှစ်ချက်လောက်ရှိပါတယ်။ ဝင်းနိမ္မိတာရုံ ဆရာတော်ကတော့ တစ်ဘဝတစ်ခန္ဓာ ရုတ်သိမ်းသွားပါတယ်ဘုရား။ ဘုရားတပည့်တော်ကတော့ ခေါင်းကို ကားရဲ့မှန်စထိပါတယ်ဘုရား။ ဘုရားတပည့်တော် ပြင်ဘတ်ရောက်တဲ့အခါ ခင်ဗျားတို့ ရက်စက်လှကြီလားဗျာ ဘုန်ကြီးတွေကို ဒီလောက်ရက်စက်ရသလားလို့ ဖောကားပေါ်မှာပါတဲ့ ရှင်းရှင်းပြောရင် စစ်ဗိုလ်စစ်သားတွေ ရက်စက်လှပြီလားလို့။ အရှင်ဘုရားတို့က ဘုရားတဲ့ ဘုန်းကြီးမှန်းမသိလို့ပါတဲ့ ကားတံခါးလည်းပိတ်ထားတော့…
Read More
စစ်ကောင်စီတပ်၏ ပစ်ခတ်ခံရမှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ဝင်းနိမ္မိတရုံစာသင်တိုက် ဆရာတော်၏ ရုပ်ကလာပ် ပဲခူးပြန်လည်ပင့်ဆောင်

စစ်ကောင်စီတပ်၏ ပစ်ခတ်ခံရမှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ဝင်းနိမ္မိတရုံစာသင်တိုက် ဆရာတော်၏ ရုပ်ကလာပ် ပဲခူးပြန်လည်ပင့်ဆောင်

RNA_ဇွန်(၂၀)၊၂၀၂၄ ခုနှစ်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ယမန်နေ့က ပျံလွန်တော်မူခဲ့ရသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ၏ ဥတုဇရုပ်ကလာပ် ပဲခူးမြို့ ကျောင်းတိုက်သို့ ယနေ့ (ဇွန်လ ၂၀ ရက်) နံနက် ၄ နာရီတွင် ပြန်လည်ပင့်ဆောင်ခဲ့ပြီဟု သိရသည်။ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန) ၌ ယနေ့ ကျင်းပမည့် ရွှေကျင်နိကာယဗဟိုဌာန၏ အစည်းအဝေးသွားတက်သည့် ခရီးစဉ်အတွင်း စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့် ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရခြင်း ဖြစ်သည်။ (more…)
Read More
စစ်ကောင်စီ ကျောင်းများတွင် အတန်းကျော်သည့် မှောင်ခိုဈေးကွက်ထွန်းကားနေ

စစ်ကောင်စီ ကျောင်းများတွင် အတန်းကျော်သည့် မှောင်ခိုဈေးကွက်ထွန်းကားနေ

RNA_ဖားကန့်၊ ဇွန် (၁၇)၊၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ စစ်ကောင်စီဖွင့် အခြေခံပညာကျောင်းများတွင် အသက်အရွယ်အလိုက် စာသင်နှစ်တစ်နှစ်အတွင်း အတန်းကျော်သည့် မှောင်ခိုဈေးကွက်ထွန်းကားနေကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။ “ဖားကန့် ကျောင်းကြီးမှာက ကိုယ့်သားသမီးက အသက်ကြီးနေရင် ကျောင်းစအပ်တာနဲ့ တစ်တန်းတက်စေချင်ရင် သုံးသိန်းခွဲပဲ၊ တစ်နှစ်ထဲ နှစ်တန်းအထိတင်လို့ရတယ်၊ ခုနှစ်သိန်း ကျမှာပေါ့ နှစ်တန်းတင်ဆို၊ အတန်းကြီးတွေက တစ်တန်းတင်မယ်ဆို ငါးသိန်းဈေးပေါက်တယ်၊ ကျောင်းအုပ် ကတော့ မသိဘူး ဒါဆရာမတွေက လုပ်ပေးတာ ဆိုပြီးပြောနေတာပဲ”ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။ မြို့နယ်ပညာရေးမှူးသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်နောက်မှ ပြောင်းလာသည့် ဒေါ်အေးအေးနွယ်ဖြစ်ပြီး ဖားကန့်ကျောင်းအုပ်ကြီးသည် အာဏာမသိမ်းခင်ကတည်းက ကျောင်းအုပ် ဖြစ်သူ ဦးထွဲဝါဖြစ်သည်။ (more…)
Read More
စစ်ကောင်စီတပ်အတွင်း တိုက်ခိုက်ရေးကောင်းသည့် စစ်သားများမရှိတော့

စစ်ကောင်စီတပ်အတွင်း တိုက်ခိုက်ရေးကောင်းသည့် စစ်သားများမရှိတော့

RNA_ဇွန်(၁၇)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စစ်ကြောင်းများတွင် တိုက်ခိုက်ရေးကောင်သည့် စစ်သားများ ပါမလာတော့ဟု မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဂျိုကာမှပြောကြားထားသည်။ Red News Agency
Read More
ရေမဆေးကျောက်ရှာသူတစ်ဦး ချောင်းကမ်းပါးမှ ပြုတ်ကျသေဆုံး

ရေမဆေးကျောက်ရှာသူတစ်ဦး ချောင်းကမ်းပါးမှ ပြုတ်ကျသေဆုံး

RNA_ဖားကန့်၊ ဇွန်(၁၇)၊၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မော်မောင်းလျံ-တောင်ပြိုကျေးရွာဘက်ခြမ်းရှိ ယခင် ပိုင်ဖြိုးသီဟ ကုမ္ပဏီမြေစာပုံဟောင်းအောက်ရှိ ရေချောင်းကမ်းပါးတွင် ယနေ့နေ့လယ် (၁၂)နာရီ ဝန်းကျင်ခန့်က ရေမဆေးကျောက်ရှာသူ တစ်ဦး ကမ်းပါးပြိုကျပြီး ရေချောင်းအောက်သို့ပြုတ်ကျ သေဆုံးသွားကြောင်း သိရသည်။ ​သေဆုံးသူသည် မည်သူမည်ဝါဖြစ်ကြောင်း ယခုအချိန်အထိ ရပ်မိ/ရပ်ဖများနှင့် တာဝန်ရှိသူ များထံ မိသားစုမှ ဆက်သွယ်လာခြင်းမရှိသေးပဲ သူငယ်ချင်း မိသားစု ဆွေမျိုးအသိုင်းအဝန်းမှ ဆက်သွယ်လာရန် စောင့်ဆိုင်းနေသည့်အတွက် ရုပ်အလောင်းအား သုဿာန်သို့မပို့ဆောင်ရသေးကြောင်း တောင်ပြိုကျေးရွာ ရပ်မိ/ရပ်ဖ တစ်ဦးထံမှ သိရသည်။ (more…)
Read More
တပ်ရင်းဌာနချုပ်နှင့် မောရဝတီဗျူဟာ အပါအဝင် စစ်ကောင်စီတပ်စခန်းတွေ ထပ်မံသိမ်းပိုက်နိုင်ဟု AA ကြေညာ

တပ်ရင်းဌာနချုပ်နှင့် မောရဝတီဗျူဟာ အပါအဝင် စစ်ကောင်စီတပ်စခန်းတွေ ထပ်မံသိမ်းပိုက်နိုင်ဟု AA ကြေညာ

RNA_ဇွန်(၁၅)၊၂၀၂၄ ခုနှစ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ နခခ (၄) တပ်ရင်းဌာနချုပ်၊ အလယ်သံကျော်စခန်း၊ မောရဝတီဗျူဟာ၊ နခေါင်းတိုစခန်းတို့ကို ဇွန်လ ဒုတိယပတ်အတွင်း ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်ဟု အာရက္ခတပ်တော်-AA က ယမန်နေ့ညပိုင်းက ထပ်မံကြေညာခဲ့သည်။ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲအတွင်း မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး- တေဇာဌေးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀) ကျော် သေဆုံးခဲ့ကြောင်း၊ နခခ (၄) တပ်ရင်းဌာနချုပ် အား ဇွန်လ (၁၀) ရက်၊ နံနက် (၇) နာရီအချိန်တွင်လည်းကောင်း၊ အလယ်သံကျော်စခန်း အား ဇွန်လ (၁၀) ရက်၊ နံနက် (၇) နာရီ (၄၆) မိနစ် အချိန်တွင်လည်းကောင်း၊ မောရဝတီဗျူဟာ အား ဇွန်လ…
Read More
ဖားကန့်၌ ကမ်းပါးပြိုကျသည့်အတွက် ကျောက်တူးနေသူ (၃)ဦး ဒဏ်ရာရပြီး (၁)ဦး သေဆုံး

ဖားကန့်၌ ကမ်းပါးပြိုကျသည့်အတွက် ကျောက်တူးနေသူ (၃)ဦး ဒဏ်ရာရပြီး (၁)ဦး သေဆုံး

RNA_ဖားကန့်၊ဇွန်လ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင်း သာယာကုန်းကမ်းပါး ပြိုကျမှု ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ချိန် ကမ်းပါးနံရံတွင်ကပ်လျက် ကျောက်တူးနေသူ (၄) ဦး မြေစာနှင့်အတူ ကမ်းပါးအောက်ခြေသို့ ပြုတ်ကျခဲ့ပြီး (၃) ဦး ဒဏ်ရာရရှိကာ (၁) ဦးမှာ မြေစာပိ သေဆုံးသွားခဲ့သည်။ ကျောက်တူးနေစဉ် ကမ်းပါးပြိုကျ၍ မြေစာပိ သေဆုံးသူနှင့် ဒဏ်ရာရသူများသည် ဒေါ်ခမ်းပေါင်း လုပ်ကွက်မှ ကျင်းသားများဖြစ်ကြောင်း၊ ဖားကန့်၌ မိုးရာသီ လမ်းများပျက်စီးပြီး ကျင်းများသည် ရေကန်အဖြစ်ပြောင်းလာချိန် နွံရေများပြည့်လာပြီး ဘက်ဟိုးနှင့်မြေသယ်ယာဉ် စက်ယန္တရားများ အသုံးပြုရန် ခက်ခဲလာသည့်အတွက် လုပ်ကွက်ပိုင်ရှင်များက အစုပုံစံဖြင့် ကျင်းသားများကို ကမ်းပါးယံများတွင်…
Read More