သတင်း

ပုလဲမြို့တွင်း ဝင်တိုက်ပြီး တော်လှန်ရေးတပ်များက (၂) နာရီကျော် ထိန်းချုပ်ထားနိုင်ခဲ့

ပုလဲမြို့တွင်း ဝင်တိုက်ပြီး တော်လှန်ရေးတပ်များက (၂) နာရီကျော် ထိန်းချုပ်ထားနိုင်ခဲ့

RNA_ဇူလိုင်(၈)၊၂၀၂၄ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့တွင်း၊ စစ်ကောင်စီတပ် တပ်စွဲထားသော စုပေါင်းရုံးနှင့် ရဲစခန်းတို့အား တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး ယမန်နေ့က တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ပြီး ပုလဲမြို့အား (၂) နာရီကျော် ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ထံမှ သိရသည််။ "တိုက်ပွဲကြာမြင့်ချိန် ၃နာရီခန့်ကြာမြင့်ခဲ့ပြီး ပုလဲမြို့အား ၂နာရီကျော်ထိန်းချုပ်နိုင်ခဲ့သည်။တိုက်ပွဲတွင်း ရန်သူ့ဘန်ကာတစ်ချို့ရရှိိခဲ့ပြီး စကစပြည်သူ့စစ်အဖွဲ့ဝင်၂ဦးအားဖမ်းဆီးရမိခဲ့သည်။ဖမ်းဆီးရမိသော စကစပြည်သူ့စစ်အဖွဲ့ဝင်၂ဦးအား မြို့နယ် ပအဖအဖွဲ့ထံသို့ အပ်နှံခဲ့သည်" ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထုတ်ပြန်ထားသည်။ (more…)
Read More
သံတွဲတိုက်ပွဲတွင် စစ်ကောင်စီ လက်အောက်ခံ ၄၀၀ ကျော်သေဆုံးပြီး၊ မောင်တော နခခ (၂)၊ နယ်ခြားစောင့်တပ်စခန်းသိမ်းခံရမှုတွင် (၃၅၀) ကျော် သေဆုံး

သံတွဲတိုက်ပွဲတွင် စစ်ကောင်စီ လက်အောက်ခံ ၄၀၀ ကျော်သေဆုံးပြီး၊ မောင်တော နခခ (၂)၊ နယ်ခြားစောင့်တပ်စခန်းသိမ်းခံရမှုတွင် (၃၅၀) ကျော် သေဆုံး

RNA_ဇူလိုင်(၇)၊၂၀၂၄ ခုနှစ်။ အာရက္ခတပ်တော် -AA ၏ သံတွဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၄၀၀) ကျော်သေဆုံးပြီး၊ မောက်တော်မြို့နယ် နခခ (၂)၊ နယ်ခြားစောင့်တပ်စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၃၅၀) ကျော်သေဆုံးကြောင်း AA က ယနေ့ ထုတ်ပြန်ထားသည်။ သံတွဲအခြေစိုက် ခမရ (၅၆၆) တပ်ရင်းအား ဇွန်လ (၂၇) ရက်၊ ညနေ (၅) နာရီ (၃၀) မိနစ်တွင် သိမ်းပိုက်ရရှိခဲ့ပြီး၊ အခြားသော တပ်စခန်းအချို့တို့ကိုလည်း သိမ်းပိုက်ရရှိထားပြီးဖြစ်သည့်အတွက် သံတွဲ၊ လေဆိပ်အတွင်း၊ လေဆိပ်အနီးအဆောက်အအုံများ၊ နာမည်ကြီးဟော်တယ်ကြီးများနှင့် ဇီးဖြူကုန်းရှိ သုံးထပ်တိုက် တစ်တိုက်စသည်တို့ကို ဇူလိုင်လ (၆) ရက်၊ နံနက်(၁၁) နာရီခန့်တွင် အပြီးသိမ်းပိုက်နိုင်ခဲ့ကြောင်း၊…
Read More
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏ မိခင် ဒေါ်အမာညွန့်ကွယ်လွန်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏ မိခင် ဒေါ်အမာညွန့်ကွယ်လွန်

RNA_ဇူလိုင်(၇)၊၂၀၂၄ ခုနှစ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏ မိခင် ဒေါ်အမာညွန့် အသက် (၇၈) နှစ်သည် ဇူလိုင် (၆) ရက်နေ့က ကွယ်လွန်ခဲ့ပြီး ဇူလိုင် (၈) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် မြို့တမြို့၌ င်္သဂြိုလ်မည်ဖြစ်သည်။ (more…)
Read More
မြို့တွင်းတိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် လာရှိုးမြို့နေပြည်သူများ မြို့ကိုစွန့်ခါသူများလာ

မြို့တွင်းတိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် လာရှိုးမြို့နေပြည်သူများ မြို့ကိုစွန့်ခါသူများလာ

RNA_ဇူလိုင်(၆)၊၂၀၂၄ ခုနှစ်။   လားရှိုးမြို့တွင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှု ဆက်တိုက်ဖြစ်နေသည့်အတွက် မြို့တွင်းတိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် မြို့ခံအများအပြား ယနေ့ နံနက်ပိုင်းအထိ စွန့်ခွါပြီး စစ်ဘေးရှောင်သူများရှိနေကြောင်း သိရသည်။   "ဒီနေ့တော့ ဆီဆိုင်တွေပါ ပိတ်ကုန်ပြီ။ မြို့ခံတွေထွက်တာကတော့ မနေ့ကလည်းထွက်တယ် ဒီနေ့လည်း ကားတန်းအရှည်ကြီးပဲ ထွက်နေကြတာ အလံဖြူထောင်ထားတဲ့ ကားတွေလည်းရှိတယ်။ မြို့ထဲမှာလည်း ပုံမှန်နေကြသူတွေရှိတယ်။ စျေးတချို့လည်း ပုံမှန်ဖွင့်တယ်။ လက်နက် ကြီးသံနဲ့ လက်နက်ငယ်သံတွေကတော့ ကြားနေရတာ အဆက်မပြတ်ပစ်နေကြတာ" ဟု လားရှိုးမြို့ခံ တဦးက Red News Agency ကိုပြောကြားထားသည်။ (more…)
Read More
SSPP/SSA နှင့် PSLF/TNLA တို့ သီပေါမြို့နယ် ပစ်ခတ်မှုတွင် PSLF/TNLA ၏ မြိုနယ်မှူး ကျဆုံး

SSPP/SSA နှင့် PSLF/TNLA တို့ သီပေါမြို့နယ် ပစ်ခတ်မှုတွင် PSLF/TNLA ၏ မြိုနယ်မှူး ကျဆုံး

RNA_ဇူလိုင်(၅)၊၂၀၂၄ ခုနှစ်။ ရှမ်းမြောက်၊ တအာင်းပြည်နယ်၊ တပ်မဟာ(၂) စစ်ဒေသ သီပေါမြိုနယ်တွင် 1027 စစ်ဆင်ရေးအပိုင်း(၂)အတွင်း PSLF/TNLA က ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများအား သယ်ယူပို့ဆောင်နေစဥ် သီပေါမြို့နယ် ရေပူရွာအနီးတွင် ယနေ့ နံနက်ပိုင်းက SSPP/SSA ရဲဘော်များ ပစ်ခတ်ခဲ့သဖြင့် ကားပေါ်တွင်လိုက်ပါလာသည့် PSLF/TNLA ၏ မြိုနယ်မှူး ဗိုလ်ကြီး နေအုပ် (ခေါ်) ဂူ;ပ္လါင် ကျဆုံးပြီး ရဲဘော် (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။ (more…)
Read More
စဉ့်ကူမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရရှိသည်ဟု မန္တလေး PDF ထုတ်ပြန်

စဉ့်ကူမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရရှိသည်ဟု မန္တလေး PDF ထုတ်ပြန်

RNA_ဇူလိုင်(၃)၊၂၀၂၄ ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) နှင့်အတူ စဉ့်ကူးမြို့နယ်တွင်လည်း စစ်ဆင်ရေးများကို ဟန်ချက်ညီညီဖော်ဆောင်လျက်ရှိသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များသည် စဉ့်ကူးမြို့နယ်အတွင်းရှိ ဒိုးနွယ်ရွာ တပ်စခန်း၊ နမ့်ဟပ်ရွာ တပ်စခန်း၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း၊ ရွှေမာလဲစေတီ တပ်ခစန်း၊ ရွာတော်လေး တပ်စခန်း နှင့် နွယ်ရုံ ရဲစခန်းတို့ကို အပြီးသတ်သိမ်းပိုက်ထားသည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ စဉ့်ကူးစစ်ဆင်ရေးနယ်မြေအတွင်း ထပ်မံသိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်စခန်းများမှ လက်နက်မျိုးစုံ (၄၀)ကျော်နှင့် ခဲယမ်းအများအပြားသိမ်းဆည်းရမိထားပြီး စစ်သုံ့ပန်း (၁၃) ဦးခန့်ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ စဉ့်ကူးစစ်ဆင်ရေးများတွင်စဉ့်ကူးမြို့နယ် ပကဖ မှလည်း ထောက်ပို့ဆိုင်ရာကိစ္စရပ်များတွင် ပံ့ပိုးကူညီပေးလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။ (more…)
Read More
ချောင်းရေတိုက်စားမှုကြောင့် နေအိမ်များ မျောပါပျက်စီး

ချောင်းရေတိုက်စားမှုကြောင့် နေအိမ်များ မျောပါပျက်စီး

RNA_ဖားကန့်၊ ဇူလိုင် (၂)၊ ၂၀၂၄ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ ဥရုချောင်းအတွင်း စီးဝင်သည့် ဆန်ခါချောင်းလက်တက်သည် ယမန်နေ့မှစကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆန်ခါချောင်း အနီးရှိနေအိမ် (၁၂)လုံးအား တိုက်စားသွားခဲ့ပြီး ပါဂျဲရိုးကားတစ်စီးပါ မျောပါခဲ့ကြောင်း သိရသည်။   “ဆန်ခါချောင်းက ရေတိုက်စားပြီး ဆန်ခါရွာဘေးတူနေတဲ့ နေမင်းကမ္ဘာ၊ တစ်သုံးလုံး ကျောက်လုပ်ကွက်ထဲလည်း ရေဝင်တိုက်စားတယ်၊ နေအိမ်တွေလည်း ပါကုန်တယ်၊ ဆန်ခါရော ကပ်လျက် ဆိုင်းရာရွာသစ်ရော ကျောက်တူးထားတဲ့ကမ်းပါးတွေပြိုကုန်တယ်၊ နေအိမ်တွေ ရေနစ်ကုန်တယ်” ဟု ဆန်ခါကျေးရွာ ဒေသခံက ပြောသည်။   ဆန်ခါချောင်းရေတိုက်စားမှုကြောင့် ဆန်ခါရွာဘေးတူးဖော်နေသည့် လုပ်ကွက်များ မြေပြိုကျမှုများဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်သေဆုံးမှုတော့ မရှိဟုမသိရသေးကြောင်း၊ ဖားကန့်၌…
Read More
မတ္တရာမြို့နယ်အတွင်းမှ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်းအပါအဝင် (၈) ခုကို မန္တလေး PDF အပြီးသတ်သိမ်းပိုက်နိုင်ခဲ့

မတ္တရာမြို့နယ်အတွင်းမှ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်းအပါအဝင် (၈) ခုကို မန္တလေး PDF အပြီးသတ်သိမ်းပိုက်နိုင်ခဲ့

RNA_ဇူလိုင်(၂)၊၂၀၂၄ ခုနှစ်။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သော (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း၊ ဆည်တော်တပ်စခန်း၊ ပန်းသလဲတောင် တပ်စခန်း၊ ရေစိုတောင် တပ်စခန်း၊ နေကျော်တောင် တပ်စခန်း၊ ရွှေပုထိုး တပ်စခန်း၊ ကျောက်ခလုတ် တပ်စခန်းနှင့် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင် တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က အပြီးသတ်သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း သိရသည်။ မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း ဖမ်းဆီးရမိစစ်သုံ့ပန်းနှင့် လက်နက်ချအညံ့ခံသူ (၆၄)ဦးရှိပြီး၊ တပ်မိသာစုဝင်များဖြစ်သည့် အမျိုးသမီး၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ စုစုပေါင်း (၁၁၇)ဦးခန့်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားလျက်ရှိကြောင်း၊ ရန်သူ့လက်နက်မျိုးစုံ (၁၂၅) လက်နှင့် ဆက်စပ်ခဲယမ်းအများအပြား သိမ်းဆည်းရမိထးသည်ဟု မန္တလေး PDF က ယနေ့ ထုတ်ပြန်ထားသည်။…
Read More
PLA ရဲဘော်များ မဟာမိတ် TNLA နှင့်အတူ မိုးမိတ်စစ်မျက်နှာတွင် တိုက်ပွဲဝင်နေ

PLA ရဲဘော်များ မဟာမိတ် TNLA နှင့်အတူ မိုးမိတ်စစ်မျက်နှာတွင် တိုက်ပွဲဝင်နေ

RNA_ဇွန်(၃၀)၊၂၀၂၄ ခုနှစ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲဘော်များ မဟာမိတ် TNLA နှင့်အတူ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်သည့် ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ မိုးမိတ်စစ်မျက်နှာနှင့် အခြားစစ်မျက်နှာတို့တွင် စစ်ကောင်စီတပ်အား တိုက်ခိုက်နေကြောင်း ပြည်သူများကို ယနေ့ အသိပေးထားသည်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ရှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ မိုးမိတ်မြို့နယ်၊ မိုးကုတ်မြို့နယ်စသည်တို့တွင် စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ် TNLA နှင့်အတူ PLA၊ MDY - PDF၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) တို့ပူးပေါင်းပြီး စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည်။ (more…)
Read More
မတူပီမြို့ကို ချင်းညီနောင် ယနေ့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီ

မတူပီမြို့ကို ချင်းညီနောင် ယနေ့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီ

RNA_ဇွန်(၂၉)၊၂၀၂၄ ခုနှစ်။ ချင်းပြည်နယ်၊ မတူပီမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ချင်းပြည်နယ် တောင်ပိုင်းအတွင်း အကြီးဆုံးဖြစ်သော စစ်ဗျူဟာနှင့် အမှတ် (၁၄၀) ခြေလျင်တပ်ရင်းကို ယနေ့ (ဇွန်လ ၂၉ ရက်) အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်သည့်အတွက် မတူပီမြို့ကို အပြီးသတ် သိမ်းပိုက်နိုက်ခဲ့ပြီဖြစ်ကြောင်း ချင်းညီနောင် အဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More