နတ်ရေကန်လမ်းဟောင်း တိုက်ပွဲတွင် CDF – အရှို ရဲဘော် ဆလိုင်းနေမျိုးအောင် ကျဆုံး

RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၅ခုနှစ်။

စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့သော တိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ် – အရှို (Chin Defence Force – Asho)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၄) သင်တန်းဆင်း ရဲဘော်ဆလိုင်းနေမျိုးအောင် ကျဆုံးခဲ့ရသည်။

ရဲဘော်ဆလိုင်းနေမျိုးအောင်သည် ချင်းမျိုးနွယ်စုအားလုံးနှင့် အဖိနှိပ်ခံပြည်သူတစ်ရပ်လုံးအား ကာကွယ်သွားရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီ ၁၀ မိနစ်ခန့်က မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်လမ်းဟောင်းတွင် မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်ဟု CDF – Asho ကယနေ့ ထုတ်ပြန်ထားသည်။


နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများ သယ်ဆောင်လာသော ယာဉ်တန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၇) ဦးသေဆုံးပြီး ယာဉ်တစ်စီး မီးလောင်ပျက်စီးသွားကာ လက်နက်ငယ် (၄) လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor