RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၅ခုနှစ်။
ပြည်သူ့တော်လှန်ရေးတပ်ဦး၏ ဒုတိယအကြိမ်မြောက် ညီလာခံကွန်ကရက်ကို ၂၀၂၅ခုနှစ် ဇန်နဝါရီ(၁)ရက်နေ့မှ ဇန်နဝါရီ (၂၅) ရက်နေ့အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဗဟိုကော်မတီဝင်များ ရွေးကောက်တင်မြောက်ခြင်းစသည်တို့ကို လုပ်ဆောင်နိုင်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို ယနေ့ ထုတ်ပြန်ထားသည်။
“တပ်ဦးသည် အဖိနှိပ်ခံလူတန်းစားများလွတ်မြောက်ရေး အတွေးအခေါ် ၊ထက်မြက်သောနိုင်ငံရေးဦးဆောင်မှု၊ ခိုင်မာသောရပ်တည်ချက်များနှင့်တက်ကြွမှုများ၊ သေဝပ်သည့်စစ်စည်းကမ်းနှင့် ပြည့်ဝသည့်လုပ်ဟန်တို့ဖြင့် အဖိနှိပ်ခံလူတန်းစားများကိုစည်းရုံးကာ ဖိနှိပ်အုပ်စိုးသူ ရန်သူလူတန်းစားကို ဆန့်ကျင်တိုက် ခိုက်သွားမည်” ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး ဗဟိုကော်မတီ၏ ညီလာခံ ထုတ်ပြန်ချက်တွင် ကြွေးကြော်ထားသည်။
ပြည်လုံးကျွတ်ညီလာခံတွင် ၃ နှစ်တာ ကာလလုပ်ငန်းဆောင်တာများ၊ ဆုံးဖြတ်ချက်များကို ပြန်လည်သုံးသပ်ခြင်း၊ တာဝန်ခံမှု၊ တာဝန်ယူမှုများဆောင်ရွက်ခြင်း၊ အတွေးအခေါ်နှင့် လမ်းစဉ်ဆိုင်ရာများအတွက် စာတမ်းများဖြင့် သုံးသပ်ဆွေးနွေး ဆုံးဖြတ်ခြင်း၊ တပ်ဦး၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျည်းဥပဒေအသစ် ရေးဆွဲအတည်ပြုခြင်းစသည်တို့ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
#RedNewsAgency #REDNEWS #RNA