ကျားတက်စခန်းသိမ်းတိုက်ပွဲတွင် ကျဆုံခဲ့ရသည့် ရဲဘော်၏ ရဲဘော်ဝလုံး ဈာပန

RNA_အောက်တိုဘာ(၃)၊၂၀၂၂ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာရှိ စစ်ကောင်စီတပ်လက်အောက်ခံစခန်းသိမ်း တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် (ပ.က.ဖ)မှ ရဲဘော်ဝလုံးနှင့် ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SSTF)မှ ရဲဘော်ပိန္နဲစေ့တို့ ကျဆုံးခဲ့ရသည်။

“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ) ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သော ရဲဘော်ဝလုံးသည် အောက်တိုဘာ ( ၂ )ရက် ကျားတက်ရွာစခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်အား သတ္တိပြောင်စွာတိုက်ပွဲဝင်ရင်း တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူ၍ မြင့်မြတ်စွာ ကျဆုံးခဲ့ပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ)သည် ရဲဘော်ဝလုံးအား အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ယူမှတ်တမ်းတင်အပ်ပါသည်” ဟု ယနေ့ ရေစကြိုမြို့နယ် (ပ.က.ဖ)က ဈာပနအခမ်းအနား ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။

ကျားတက်စခန်းသိမ်းတိုက်ပွဲကို ယမန်နေ့က ရေစကြိုမြို့နယ် (ပ.က.ဖ)၊ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SSTF)တို့ တိုက်ခိုက်ရာ စစ်ကောင်စီဘက်က လေယာဉ်များဖြင့်ပါ လာရောက်ကူပစ်ခဲ့ကြောင်း၊ SSTF မှ ရဲဘော်ပိန္နဲစေ့နှင့် ရေစကြိုမြို့နယ် (ပ.က.ဖ) ရဲဘော် ဝလုံးတို့ ကျဆုံးခဲ့ကြောင်း သိရသည်။

RedNewsAgency

By Editor