အမျိုးသားညီညွတ်ရေးအစိုးရ မြို့နယ်အဆင့်တရားရုံး ကသာမြို့နယ်တွင်ဖွင့်လှစ် 

RNA_အောက်တိုဘာ(၁၆)၊၂၀၂၂ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၏ မြို့နယ်အဆင့် တရားရုံးကို စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ အောက်တိုဘာ (၁၅) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ: ကသာ ပကဖ 

” အမျိုးသားညီညွတ်ရေးအစိုးရ၏ကသာမြို့နယ် မြို့နယ်တရားရုံးအား15.10.22ရက်နေ့တွင်ဖွင့်လှစ်ခဲ့ပါသည်” ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်များ စိုးမိုးမှုမရှိသည့်နယ်မြေများ တဖြည်းဖြည်းများလာသည့် အတွက် အမျိုးသားညီညွတ်ရေးအစိုးရမှ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ယန္တရားများ လည်ပတ်နိုင်ရေး တဆင့်ခြင်း ဆောင်ရွက်နေကြောင်း သိရသည်။

Red News Agency

By Editor