စီးပွားရေးကျဆင်းမှုနှင့် အကြမ်းဖက်မှုတွေကို ပြည်သူနှင့်အတူ ကျော်လွှားနိုင်ခဲ့ပြီဟု မင်းအောင်လှိုင်ပြောပြန်

RNA_အောက်တိုဘာ ၅ရက်၊ ၂၀၂၂ခုနှစ် ။

ကိုဗစ်ကပ်ရောဂါ၊ စီးပွားရေးကျဆင်းမှုနှင့် အကြမ်း ဖက်မှုများကို ပြည်သူနှင့်စစ်တပ်  တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့မှုများကြောင့် ကျော်လွှားနိုင်ခဲ့ပြီဟု အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြောပြန်ပါသည်။

အောက်တိုဘာ ၄ ရက်နေ့က ပဲခူးတိုင်း ပြည်မြို့မှာ မင်းအောင်လှိုင်ရောက်ရှိနေပြီး၊ SME လုပ်ငန်းရှင်တွေနှင့် တွေ့ဆုံစဥ်မှာ ပြောကြားခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ပြောကြားမှုဟာ အောက်​ခြေမြေပြင်အ​ခြေအနေနှင့် ဆန့်ကျင်ပြီး ​ဒေသစုံမှာ နေ့စဥ်တိုက်ပွဲများ၊ ပြည်သူလူထုကို အကြမ်း ဖက်စစ်တပ်က သတ်ဖြတ်နေမှုများကို ဖုံးကွယ်ပြောဆိုခြင်းဖြစ်သည်ဟု အသက် ၅၀ ကျော်အရွယ် ပြည်သူတစ်ဦးက တုန့်ပြန်ထားသည်။

” မြေပြင်မှာ အကြမ်းဖက် တပ်သားတွေ သေနေတာ အတုန်းအရုံးပဲလေ၊ဒါလည်း မသိချင်ယောင် ဟန်ဆောင်နေတာ။ သူအာဏာလုသက်တမ်းရှည်ဖို့ အောက်ခြေက ရခကော၊ စခကော  ထိုးကျွေးနေတာ။ ပြီးတော့ စစ်တပ်က ပြည်သူကို ရန်သူအမြင်နဲ့  ကလေးသူငယ်ကအစ သက်ကြီးရွယ်အထိ တရားလက်လွှတ် သတ်ဖြတ်နေတာဗျာ။ ဘယ်လိုလုပ်ပြီး အကြမ်းဖက် စစ်တပ်နဲ့ ​ပြည်သူ လက်တွဲမှာလဲ၊ အကြမ်းဖက်စစ်တပ်ထောက်ခံတဲ့သူတစ်ချို့ပဲ ပူးပေါင်းနေကြတာ၊ အကြမ်းဖက်ကို ထောက်ခံတဲ့သူတွေလည်း အကြမ်းဖက်ပဲ” လို့ ၎င်းက ပြောသည်။

အကြမ်းဖက် စအာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောက်လှိုင်က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုများဖြစ်ပေါ် ခဲ့သည့်အတွက်အာဏာသိမ်းခဲ့ရကြောင်း ရောက်သည်ါနေရာတိုင်းမှာ ပြောနေပြီး၊ ပြည်ခရိုင် SME လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ထပ်မံပြောကြားခဲ့သည်။

အကြမ်းဖက်၏အာဏာသိမ်းခဲ့သည့်အတွက် နိုင်ငံအနှံ့ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖမ်းဆီးပြီး လူမဆန်စွာ နှိပ်စက်သတ်ဖြတ်၊ ခေါင်းတွေကို ပစ်ခဲ့တာကြောင့် လက်နက်ကိုင်ပြီး ပြန်လည်တိုက်ခိုက်တော်လှန်မှုတွေ နိုင်ငံအနှံ့မှာ ပေါ်ပေါက်လာသည်ဟု မင်းအောင်လှိုင်က အမှန်မပြောပဲ NLD အစိုးရမှ မဲအသာရရှိရေး မရိုးမသားဆောင်ရွက်ခဲ့‌ကြောင်း ၊ မဲမသမာမှုများရှိခဲ့သည့် အတွက် ဆူပူဆန္ဒပြမှုများ၊ နိုင်ငံရေး ပဋိပက္ခများ၊ ထိုမှတဆင့် လက်နက်ကိုင် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု မင်းအောင်လှိုင်က ဗြောင်လိမ်နေဆဲဖြစ်သည်။

Red News Agency

By Editor