ရဲစခန်းအား တိုက်ခိုက်ခြေမှုန်းအပြန် တိုက်ပွဲဖြစ်ပြီး MSRO တာဝန်ခံ ရဲဘော် သီဟနေစိုး ကျဆုံး 

RNA_အောက်တိုဘာ(၁၈)၊၂၀၂၂ခုနှစ်။

မွန်ပြည်နယ်၊ ရေးမြို့အနောက်ဘက် (၇) မိုင်ခန့် အကွာရှိ အစင်ကျေးရွာအုပ်စု၊ဇီးဖြူသောင်ကျေးရွာ နယ်မြေရဲစခန်းအား အောက်တိုဘာလ (၁၇) ရက်နေ့က သွား ရောက်တိုက်ခိုက် ခြေမှုန်းပြီးအပြန် တိုက်ပွဲဖြစ်ကာ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့စည်း (MSRO) မှ တာဝန်ခံရဲဘော် ကိုသီဟနေစိုး (ခ) တိုဘီ (ခ) ကိုအဂ္ဂ သည် မြင့်မြတ်စွာကျဆုံးခဲ့ပါကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့စည်း (MSRO) မှ ယမန်နေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်အချိန်က အစင်ကျေးရွာအုပ်စု၊ဇီးဖြူသောင်ကျေးရွာ နယ်မြေရဲစခန်းအား သွားရောက်တိုက်ခိုက်ခြေမှုန်းပြီးအပြန် ညနေ ၄ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ရေးမြို့ အနောက်မြောက်ဘက် ၇မိုင်ခန့်အကွာရှိ ဒူးယားကျေးရွာအုပ်စု၊ ပလိုင်ကီးကျေးရွာအနီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ကာ တာဝန်ခံရဲဘော် ကိုသီဟနေစိုး ကျဆုံးခဲ့ရသည်ဟု MSRO က ယနေ့ ထုတ်ပြန်ထားသည်။

Red News Agency

By Editor