နံနက်စောစော အလစ်အငိုက်တိုက်ခိုက်ခံရပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် (၅) ဦးကျဆုံး

RNA_ဧပြီ(၁)၊၂၀၂၃ ခုနှစ်။
 
ပထမနေ့တိုက်ပွဲအပြီး ဒုတိယနေ့တိုက်ခိုက်ရန် မဟာမိတ်ရဲဘော်များစုနေသည့် တပ်ခွဲစခန်းတခုကို နံနက်စောစော စစ်ကောင်စီတပ်မှ လူအင်အား လက်နက်အင်အားအပြည့်ဖြင့် ဝင်ရောက်တိုက်ခိုက်သည့်အတွက် ရေစကြို ပကဖ ရဲဘော် (၄) ဦးနှင့် YLK ​ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် (၁) ဦးတို့ ကျဆုံးခဲ့ရကြောင်း သိရသည်။
 
ရေစကြိုမြို့ပေါ်မှ မတ်လ (၃၀) ရက်နေ့ကထွက်လာသည့် အင်အား (၄၀)ပါစစ်ကောင်စီတပ်စစ်ကြောင်းအား ညောင့်စောင်နှင့် သမန္တပိုကျေးရွာအကြားမိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက် ဒဏ်ရာများရရှိကာ မြို့ပေါ်ပြန်တက်သွားကြောင်း၊ မတ်လ (၃၁) ရက်နေ့နံနက် (၄)နာရီ (၃၀) မိနစ်ဝန်းကျင်တွင် အင်အား (၇၀) ခန့်ဖြင့် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တပ်ခွဲစခန်းကို စီးနင်းတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေးရဲဘော် (၅) ဦးကျဆုံးခဲ့ရသည်။
 
“စခန်းက စုနေတဲ့ စခန်းတော့မဟုတ်ဘူး၊ အခုက အဖွဲ့ပေါင်းစုံရှိနေတယ်ဆိုတော့ ပထမနေ့တိုက်ပြီး ဒုတိယနေ့ တိုက်ဖို့ဖြစ်မယ်၊ အခုလိုဖြစ်သွားတာက တော်တော်လေးဆိုးပါတယ်၊ ကြားရတာ စိတ်မကောင်းစရာပါ၊ စုစုပေါင်းဆို ၅ ဦးကျသွားတယ်၊ လက်နက်တွေလည်း ပါသွားသေးတယ်ကြားတယ်၊ ကျနော့်အထင်တော့ ရန်သူကို လျှော့တွက်ပြီး ကိုယ့်ဘက်က လက်ဦးမှုယူမယ်လို့ ပြင်ထားပြီးမှ မနက်စောစော အငိုက်ဖမ်းပြီး ရန်သူဝင်လာတော့ ကိုယ့်ဘက်က ဘာမှ  Plan မရှိထားတော့ ခံလိုက်ရတယ်လို့ပဲထင်ပါတယ်၊ လူအင်အား လက်နက်အင်အား မမျှတာလဲ ပါတာပေါ့” ဟု ရေစကြိုမြို့နယ် PDF ရဲဘော်တဦးက ပြောသည်။

ရေစကြိုမြို့နှင့် (၄) မိုင်ဝန်းကျင် အကွာရှိ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တပ်ခွဲစခန်းကို မတ်လ (၃၁) ရက်နေ့ နံနက်စောစော ကင်းသမားများ ရှိသည့်ကြားမှ စီးနင်းတိုက်ခိုက်ခံရပြီး ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ရဲဘော် (၄)ဦးနှင့် YLK ​ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် (၁) ဦးကျဆုံးခဲ့ရပြီး၊ ရေစကြို ပ.က.ဖ ရဲဘော်တဦး၊ Shwe Lal Kyun (KPDF) ရဲဘော်တဦး၊ အညာသားပြောက်ကျားတပ်ဖွဲ့ (YSO)ရဲဘော်တဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း၊ YLK ​ပြောက်ကြားတပ်ဖွဲ့မှ AK ၁ လက်၊ Shwe Lal Kyun (KPDF) မှ M4 ၁ လက်၊ အညာသားပြောက်ကျားတပ်ဖွဲ့မှ AK ၁ လက် ဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ထာသည်။
 
#RedNewsAgency
By Editor