အထူးစစ်ဆင်ရေးတပ်ဖွဲ့ရှိ အမျိုးသမီးရဲမေများ စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်နေ

RNA_မတ်(၃၁)၊၂၀၂၃ ခုနှစ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F အတွင်းရှိ အမျိုးသမီးရဲမေများသည် စစ်ကောင်စီလက်အောက်ခံများကို တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။
 
“S.O.F အမျိုးသမီးရဲမေအားလုံးသည် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၏ မြို့ပြနှင့်ကျေးလက်စစ်ဆင်ရေးအစီအစဥ်များအား ကိုယ်တိုင်ပါဝင်၍ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ S.O.F အမျိုးသမီးရဲမေအားလုံးသည် တပ်ဖွဲ့၏ ဦးဆောင်မှု၊ စစ်ရေး၊ ထောက်/ပို့၊ ထောက်လှမ်းရေး ဂဏ္ဍအသီးသီးတွင် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျှက်ရှိကြသည်” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F ထံမှ ပြောကြားထားသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများသည် လက်နက်ကိုင်တိုက်ခိုက်ရေးကဏ္ဍ၊ ထောက်ပို့ကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍစသည့် တော်လှန်ရေးကဏ္ဍများစွာတွင် အမျိုးသားများနှင့်တန်းတူ လုပ်ကိုင်ဆောင်ရွက်နေကြောင်း၊ NUG၊ NUCC တို့တွင်လည်း အမျိုးသမီးများပါဝင်ပြီး နိုင်ငံရေး၊ စစ်ရေးကိစ္စများကို ဆောင်ရွက်နေကြောင်း သိရသည်။
 
#RedNewsAgency
By Editor