လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်နေရသည်ဟု PRA-Magway စစ်ဦးစီးချုပ်ပြော

RNA_မတ်(၂၉)၊၂၀၂၃ ခုနှစ်။
 
မကွေးတိုင်းအခြေစိုက် People’s Revolution Alliance – လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တပ်တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနား မိန့်ခွန်းတွင် လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်နေရသည်ဟု PRA-Magway စစ်ဦးစီးချုပ်ပြော ဟာကြူလီက ပြောကြားခဲ့သည်။
“ ရဲဘော်တို့ ငါတို့တပ်တော်ဟာ လူထုကမွေးဖွားလာပြီး လူထုကိုသစ္စာခံတဲ့ တပ်တော်တခုဖြစ်တယ်၊ ငါတို့ဟာ လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေရတာဖြစ်တယ်၊ လူထုသာ မထောက်ခံရင် မထောက်ပံ့ရင် ဒီနေ့လို အခြေအနေကို ရောက်လာစရာအကြောင်းမရှိဘူး အဲဒါကြောင့် ငါတို့အားလုံးမှတ်ထားရမှာက ငါတို့ဟာ လူထုရဲ့ အစေခံတွေဖြစ်တယ်။ လူထုသာ ငါတို့ဘက်က မရှိရင် ငါတို့မရှိနိုင်ဘူးဆိုတာကို အမြဲတွေးနေရမယ်” ဟု People’s Revolution Alliance – လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) စစ်ဦးစီးချုပ် ဟာကြူလီက ပြောကြားခဲ့သည်။

 
People’s Revolution Alliance – လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)ကို နွေဦးတော်လှန်ရေးတွင် ပြည်သူများနှင့်အတူ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့ကြသည့် မကွေးတိုင်းအတွင်းမှ ကျောင်းသားလူငယ်များနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများပါဝင်ပြီး ၂၀၂၁ ခုနှစ် မတ်လ (၂၈) ရက်နေ့က မကွေးမြို့တွင် စတင်ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။
 
#RedNewsAgency
By Editor