ငြိမ်းဇာနည်တပ်စခန်း တိုက်ပွဲတွင် Myingyan Black Tiger (MBT) မှ ရဲဘော်စောလေးကျဆုံး

RNA_ဧပြီ(၂၁)၊၂၀၂၃ ခုနှစ်။
 
မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ်(၄) ဖောင်တော်ဦးရပ်ကွက်တွင် စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသော ငြိမ်းဇာနည်တပ်စခန်းအား မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်စဉ် Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ရဲဘော်စောလေး ကျဆုံးခဲ့ရကြောင်း သိရသည်။
 
ငြိမ်းဇာနည်တပ်စခန်းအား ဧပြီလ ၂၀ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က Myingyan Black Tiger (MBT)တပ်ဖွဲနှင့် ညီနောင်မဟာမိတ်များမှ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စခန်းသိမ်းနိုင်မည့် အခြေအနေရောက်ရှိခဲ့သော်လည်း ရဲဘော်တဦးကျဆုံးပြီး ခဲယမ်း အင်အား မလုံလောက်သည့်အတွက် ပြန်လည်ဆုတ်ခွါခဲ့ကြောင်း MBT က ထုတ်ပြန်ထားသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် ငြိမ်းဇာနည်တပ်စခန်းနှင့် တပြိုင်တည်း ရေစကြိုမြို့ပေါ် ရုံးပေါင်းစုံတပ်စခန်းမှ စစ်ကူလာရန် ပြင်ဆင်နေသည့် စစ်ကောင်စီတပ်အားလည်း MBT ၏ အမှတ် (၂) စစ်ဆင်ရေးတပ်စခန်းမှ ရဲဘော်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တပ်စခန်း (၂) အားတပြိုင်တည်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
#RedNewsAgency
By Editor