RNA_ဧပြီ(၂၁)၊၂၀၂၃ ခုနှစ်။
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါညေးခူကျေးရွာ အနီးတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီပူးပေါင်းတပ်များအကြား ဧပြီလ (၁၆) ရက်နေ့ (၁၈) ရက်နေ့အထိ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၄၀)ကျော်သေဆုံးခဲ့ကြောင်း ယနေ့ KNDF က ထုတ်ပြန်ထားသည်။

ဒေါညေးခူကျေးရွာ အနီးတွင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)၊ KNDF/B10 ၊ KNDF/B15 ၊KND/B04၊ KNDF B/16 ၊ KNDF/B01၊ KNDF/B05၊ KNDF/B06၊ KNDF/B07၊ KNDF ETD(Drome Unit) ၊ Loikaw PDF (Drome Unit)တို့ပူပေါင်း၍ ဧပြီလ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့ထိ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်း သိရသည်။




“ သုံးရက်တာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ (၄၀) ဦးကျော်သေဆုံးကာ ဒဏ်ရာအပြင်းအထန် ရရှိသူ များပြားခဲ့ပြီး တိုက်ပွဲအတွင်း ၎င်းတို့ ထံမှ MA-1 (၃)လက်၊ MA-3 (၁၁)လက်၊ SK-1 (၁)လက်၊ MA-2 (၃)လက်၊ MA-4 (၃)လက်၊ ငါးကြင်းမြီး (၁)လက်၊ 66mm ပြောင်း (၁)ပြောင်း ၊ RPG 7 (၁)လက်၊ မိုင်းရှာစက် (၁)ခု ၊ ကွန်ပျူတာ (၁)လုံး၊ မှန်ဘီလူး (၂)ခု၊ ဆက်သွယ်ရေးစက် (၁)လုံး၊ ဖုန်း (၈)လုံး နှင့် မိုင်းများ ၊ ဆက်စပ် ခဲယမ်းမီးကျောက်များ အားသိမ်းဆည်း ရရှိခဲ့ပါသည်” ဟု KNDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘောလခဲ နှင့် ဒေါညေးခူ ကြား၌ ဧပြီလ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီ၏ ခလရ (၈၀) တပ်ဖွဲ့များ နှင့် KA ၊ KNDF/B21 ၊ ဘောလခဲ PDF ပူးပေါင်းတပ်များအကြား တစ်နာရီကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ (၈)ဦးသေဆုံးကာ တစ်ဦးအား အရှင်ဖမ်းဆီးရမိခဲ့ပြီး၊ MA -1 (၂) လက်၊ MA-3 (၃ )လက်၊ MA-4 (၁ )လက် ၊ ကျည်ဘောက် (၁၇) ခု နှင့် ကျည်အချို့တို့အား သိမ်းဆည်း ရရှိခဲ့ပါသည်ဟု ထုတ်ပြန်ထားသည်။



#RedNewsAgency