ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန်သည့်အနေဖြင့်စစ်ကောင်စီတပ်ကို တိုက်ခိုက်

ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန်သည့်အနေဖြင့် ဘုန်းမကြီးကင်းကျေးရွာတွင် တပ်စွဲနေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်
 
RNA_ဧပြီ(၁၆)၊၂၀၂၃ ခုနှစ်။
 
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ အစုလိုက်အပြုံလိုက် သတ်ခံရမှုအတွက် လက်တုန့်ပြန်သည့်အနေဖြင့် မြင်းမူမြို့နယ်၊ ဘုန်းမကြီးကင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် အင်အား (၈၅) ဦးခန့်ပါ စစ်ကြောင်းကို ယနေ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်လုပ် ၈၀ မမဖြင့် (၈) ကြိမ်၊ ၆၀ မမ ဖြင့် (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force Myinmu ကယနေ့ ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။
 
“ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကိုလေကြောင်း ဖြင့်လူမျိုးတုံးသက်ဖြတ်မှုကို မလိုလား၍ ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန့်သောအနေဖြင့် မြင်းမူမြို့နယ် ဘုန်းမကြီးကင်းကျေးရွာတွင် အင်အား ၈၅ဦးခန့် အထိုင်ချနေသော စစ်ခွေးများအား ၈၀မမ ဖြင့် ၈ကြိမ်၊ ၆၀ မမ ဖြင့် ၂ ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုကြောင့် စစ်ခွေး၈ကောင်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားနိုင်ကြောင်း သတင်းရရှိပါသည်။ စစ်ခွေးများဘက်မှလက်နက်ကြီး လက်နက်ငယ်ဖြင့် ပြန်လှန်ပစ်ခတ်မှု့ကြောင့်တော်လှန်ရေးရဲဘော်များဘက်မှ တစ်ဦးထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘုန်းမကြီးကင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို People’s Army To Fight Dictatorship(PAFD) တပ်ခွဲ DK PDF-MMU၊ People’s Knight Defence Force Myinmu(PKDF MMU)၊ Zarmini Revolution Force Myinmu/Myaung၊ မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပ က ဖနှင့် (D.B.B.F-MMU)စသည့် မဟာမိတ်တပ်ဖွဲ့များမှ ပူပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
 
#RedNewsAgency
By Editor