စစ်ကောင်စီလက်အောက်ခံစခန်းအား တာဝေးပစ်လက်နက်များဖြင့် ပစ်ခတ်

RNA_ဧပြီ(၁၉)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ် လက်လောက်ခံ စခန်းတခုအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဧပြီလ (၁၈) ရက်နေ့ ညနေ (၆) နာရီ (၄၁) မိနစ်ခန့်က ၈၀ မမ ဖြင့် (၃) ကြိမ်၊ ၆၀ မမ ဖြင့် (၄) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force Myinmu မှ ထုတ်ပြန်ထားသည်။

မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ စခန်းတခုကို People’s Army To Fight Dictatorship(PAFD) တပ်ခွဲ DK PDF-MMU၊ People’s Knight Defence Force Myinmu(PKDF MMU)၊ Zarmini Revolution Force Myinmu/Myaung၊ မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပ.က.ဖ၊ TAUNGTHA People DefenseForce(TTAPDF)၊ (D.B.B.F-MMU)စသည့် မဟာမိတ်တပ်ဖွဲ့များမှ ပူပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုနှင့်သေဆုံး ဒဏ်ရာရရှိမှုစာရင်း အတိအကျမသိရှိရသေးကြောင်း၊ စစ်ကောင်စီတပ်စခန်းနှင့် ခုခံစစ်ဆင်နွှဲနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လက်နက်ခဲယမ်းလိုအပ်နေသည့်အတွက် https://www.facebook.com/DK-PDF-100279879066488 သို့ တိုက်ရိုက်လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor