ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနား အမှတ်(၂၀၃) စစ်ဒေသတွင် ကျင်းပပြုလုပ်

RNA_ဧပြီ(၁၉)၊၂၀၂၃ ခုနှစ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တပ်တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနားကိုရှမ်းမြောက်ရှိ အမှတ်(၂၀၃) စစ်ဒေသတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – BPLA 

၂၀၂၃ ခုနှစ် ဧပြီလ (၁၇) ရက်နေ့သည် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တပ်တည်ထောင်ခြင်း (၂)နှစ်ပြည့်မြောက်နေ့ ဖြစ်ကြောင်း၊ KNU/KNLA တပ်မဟာ (၅) နယ်မြေရှိ အမှတ် (၁၀၇) စစ်ဒေသနှင့် ရှမ်းမြောက်ရှိ အမှတ် (၂၀၃) စစ်ဒေသတို့တွင် BPLA ရဲဘော်များက အခမ်းအနားများပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ – BPLA 
ဓာတ်ပုံ – BPLA 
ဓာတ်ပုံ – BPLA 

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တည်ထောင်ခြင်း (၂) နှစ်ပြည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စသည်တို့က သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

#RedNewsAgency

By Editor