ကရင်နီတပ်ပေါင်းစုအထူးကွန်မန်ဒို

အသက် (၁၈) နှစ်အရွယ် အထူးကွန်မန်ဒို တပ်ခွဲ ဒုတပ်စိပ်မှူး ကျဆုံး

အသက် (၁၈) နှစ်အရွယ် အထူးကွန်မန်ဒို တပ်ခွဲ ဒုတပ်စိပ်မှူး ကျဆုံး

RNA_မေ(၁၄)၊၂၀၂၃ ခုနှစ်။ ကယား (ကရင်နီ) တော်လှန်ရေး တပ်ရင်း - KRU လက်အောက်ရှိ တပ်ခွဲ (၁) ကွန်မန်ဒိုတပ်ခွဲမှ ဒုတပ်စိတ်မှူး ရဲဘော် မောင်အဲလ်ဖရက် (ခ) ခွန် နိုဘယ် (အသက် ၁၈ နှစ်) သည် မေလ ၁၀ ရက်နေ့က ကျဆုံးသွားကြောင်း သိရသည်။ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ရှေ့တန်းတနေရာတွင် ထောင်မိုင်းထိကာ ဒဏ်ရာအပြင်းအထန်ရရှိပြီးနောက် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ ရဲဘော် မောင်အဲလ်ဖရက် (ခ) ခွန် နိုဘယ်၏ ဈာပနအခမ်းအနားကို မေလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း KRU အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထံမှ သိရသည်။ (more…)
Read More
တောင်စလုံးတိုက်ပွဲအတွင်း KNDF B/08 နှင့် ကရင်နီတပ်ပေါင်းစု အထူးကွန်မန်ဒိုတပ်ရင်းမှ တပ်စုမှူးကျဆုံး

တောင်စလုံးတိုက်ပွဲအတွင်း KNDF B/08 နှင့် ကရင်နီတပ်ပေါင်းစု အထူးကွန်မန်ဒိုတပ်ရင်းမှ တပ်စုမှူးကျဆုံး

RNA_မေ(၉)၊၂၀၂၃ ခုနှစ်။ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းနယ်စပ် တောင်စလုံးကျေးရွာတွင် မေလ (၈) ရက်နေ့က စစ်ကောင်စီတပ်နှင့် ဒေသခြံပည်သု့ကာကွယ်ရေး မဟာမိတ်များ တိုက်ပွဲဖြစ်ပွားမှု အတွင်း KNDF B/08 နှင့် ကရင်နီတပ်ပေါင်းစုအထူး ကွန်မန်ဒို တပ်စုမှူး ရဲဘော် ချာစ်ဘိုနီဖဲဘူး မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။ "ရဲဘော်ချာစ်ဘိုနီ ဖဲဘူး သည် စစ်အာဏာရှင်စနစ်အမြတ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေး၊ ဖယ်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အစွမ်းကုန်ကြိုးစားရင်း မြင့်မြတ်စွာ အသက်ပေးဆပ်သွားခဲ့သည့်အတွက် ကျွန်ုပ်တို့ KNDF B/08 မှ အာဇာနည်သူရဲကောင်းအဖြစ် အစဉ်အမြဲမှတ်တမ်း တင်သွားမည်ဖြစ်ပြီး ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်" ဟု KNDF B/08 ကထုတ်ပြန်ထားသည်။ (more…)
Read More