သတင်း

ဖားကန့်၌ လဝက ဒုဦးစီးတစ်ဦး ယနေ့ ပစ်သတ်ခံရ

ဖားကန့်၌ လဝက ဒုဦးစီးတစ်ဦး ယနေ့ ပစ်သတ်ခံရ

RNA_ဖားကန့်၊ မတ် (၁၂)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ စစ်ကောင်စီလက်အောက်ခံ လဝက ဒုဦးစီးအဆင့်ရှိ လွင်မြင့်သည် ယနေ့ နေ့လည်ပိုင်းက နေအိမ်ဝန်ထမ်းအိမ်ရာအတွင်း ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။ ဖားကန့်မြို့နယ် ဖားပြင်ကျေးရွာ ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်များက စီးနင်းခဲ့ပြီး နောက်တစ်နေ့၌ လဝက ဝန်ထန်းတ ပစ်သတ်ခံရခြင်းဖြစ်သည့်အတွက် ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးစီးနင်းခံရမှုနှင့်ဆက်စပ်မှုရှိ/မရှိကို Red News Agency သတင်းထောက်အနေဖြင့် သီခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ (more…)
Read More
ကရင်နီတပ်မတော် စခန်းတခုကို သိမ်းပိုက်ရန်ကြိုးစားသည့် စစ်ကောင်စီတပ် အထိနာပြီး တပ်ဆုတ်သွား

ကရင်နီတပ်မတော် စခန်းတခုကို သိမ်းပိုက်ရန်ကြိုးစားသည့် စစ်ကောင်စီတပ် အထိနာပြီး တပ်ဆုတ်သွား

RNA_မတ်(၁၂)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည် ဆိုတရှားမြို့နယ်တွင်ရှိသည့် ကရင်နီတပ်မတော် တပ်ရင်း(၃) စခန်းတခုကို စစ်ကောင်စီတပ်မှ တပ်ရင်း (၃) ရင်းပေါင်းပြီး အင်အားအများအပြားဖြင့် သိမ်းပိုက်ရန် ရန်ကြိုးစားခဲ့သော်လည်း အထိနာပြီး တပ်ဆုတ်သွားကြောင်း သိရသည်။ ကရင်နီ-ထိုင်း နယ်စပ်အမှတ်(၈)နှင့် (၉)အကြားတွင်ရှိသည့် ကရင်နီတပ်မတော် ရင်း(၃)၏ တပ်စခန်းတစ်ခုအား သိမ်းပိုက်ရန် စစ်ကောင်စီတပ် ခမရ-၃၃၇၊ ခမရ - ၃၃၄နှင့် ခမရ-၅၁၉ တပ်ရင်း(၃)ရင်းမှ ပူးပေါင်းကာ မတ်လ (၁၁) ရက်နေ့ နံနက် (၁၁)မှ ညနေ (၆) နာရီထိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု KnIC ကသတင်းထုတ်ပြန်ထားသည်။ (more…)
Read More
ဖားကန့် ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်ဝင်စီး (၇) ဦးဖမ်းဆီးခံရ 

ဖားကန့် ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်ဝင်စီး (၇) ဦးဖမ်းဆီးခံရ 

RNA_ဖားကန့်၊ မတ် (၁၁)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်သားများက မတ်လ (၁၁) ရက် နေ့လည် (၁၂) နာရီ ကျော်က ဝင်ရောက်စီးနင်းပြီး ပြည်သူ (၇) ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။ "ဝင်စီးတာက(၁၂)နာရီ(၁၅)လောက်ဗျ၊ ကျည်ဘောက်လိုက်ဆွဲသံတွေရော တစ်ချက်ချင်းပစ်သံတွေရောကြားရတယ်၊ ပစ်ခတ်သံက(၁၀)မိနစ်လောက်ပဲကြာတယ်၊ ဖမ်းခေါ်သွားတာ ဘယ်နှစ်ယောက်လို့တော့ မရေထားမိဘူး၊ အနည်းဆုံးငါးယောက်လောက်တော့ရှိတယ်၊ ဂုတ်ကိုဆွဲခေါ်သွားတာ"ဟု မျက်မြင်တွေ့သူတစ်ဦးက Red News Agencyကို ပြောကြားထားသည်။ (more…)
Read More
စစ်ကောင်စီစစ်တပ်သားများက ဖားကန့်မြို့အဝင်လမ်းမှာ အမျိုးသား(၂) ဦးကို ပစ်သတ်

စစ်ကောင်စီစစ်တပ်သားများက ဖားကန့်မြို့အဝင်လမ်းမှာ အမျိုးသား(၂) ဦးကို ပစ်သတ်

RNA_ဖားကန့်၊ မတ်(၁၁)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်၊ မော်မောင်းလျှံ‌ကျေးရွာဘက်မှ ဖားကန့်မြို့သို့အဝင် လမ်းဘေးတစ်နေရာတွင် ယနေ့နံနက် (၃)နာရီခန့်က စစ်ကောင်စီတပ်သားများက အရပ်သား ပြည်သူ (၂) ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ "ကျနော်ကျောက်ရှာပြန်တဲ့အချိန် မနက်(၃)နာရီလောက်၊ စစ်ခွေးတွေက အေးမြသာယာအဝင်မှာ ကင်းချထားတာ၊ ကျနော့်ဆိုင်ကယ်ကိုလမ်းဘေးထိုးခိုင်းပြီး လူကတခြားဖမ်းထားတဲ့လူတွေနဲ့ စုထိုင်ခိုင်းထားတာ၊ အလောင်းသယ်ပြီးမှပဲ လမ်းသွားလမ်းလာဖမ်းထားတဲ့လူတွေ အကုန်ပြန်လွှတ်ပေးတာ၊ မနက်(၆)နာရီအထိပဲ"ဟု ပြည်သူတစ်ဦးက ပြောသည်။ (more…)
Read More
ဒေါသဲရွာအတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၄) ဦးသေဆုံး

ဒေါသဲရွာအတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၄) ဦးသေဆုံး

RNA_မတ်(၁၁)၊၂၀၂၃ ခုနှစ်။ ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုအရှေ့ခြမ်း ဒေသဲရွာအတွင်း စစ်ကောင်စီတပ်နှင့် KA၊ KNDF ပူးပေါင်းတပ်တို့ ရင်ဆိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၄) ဦးသေဆုံးကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ဒေါသဲရွာအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ရင်ဆိုင်တိုက်ပွဲကို မတ်လ (၁၀) ရက်နေ့က ကရင်နီတပ်မတော် KA၊ KNDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ (more…)
Read More
ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် ပြည်သူ (၆) ဦး ကျဆုံးခြင်း (၂) နှစ်ပြည့်

ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် ပြည်သူ (၆) ဦး ကျဆုံးခြင်း (၂) နှစ်ပြည့်

RNA_မတ်(၁၁)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ မြိုင်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြနေသည့်ပြည်သူများကို စစ်ကောင်စီလက်အောက်ခံများက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းသဖြင့် ပြည်သူ (၆) ဦးကျဆုံးခဲ့ရသည်မှာ ယနေ့ (၂) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ၂၀၂၁ ခုနှစ် မတ်လ (၁၁) ရက်နေ့က မြိုင်မြို့ လမ်းမထပ်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် စစ်ကောင်စီလက်အောက် ခံများ အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့သည့်အတွက် ကိုသက်ဇော်ဦး ( အသက် - ၃၄) နှစ်၊ ကိုသိုက်ပေါ် (အသက် -;၄၀) နှစ်၊ ကိုဉာဏ်ဝင်း (အသက် -၃၆) နှစ်၊။ကိုကြည်ဖြိုးဝေ (အသက် - ၂၀) နှစ်၊ ကိုအောင်ကျော်ဆင့် (အသက် - ၂၀)…
Read More
ကျေးရွာပိုင်ရေကန်အတွင်း ရွှေမျောတိုက်နေမှု ‌ဒေသခံများ မကျေနပ်

ကျေးရွာပိုင်ရေကန်အတွင်း ရွှေမျောတိုက်နေမှု ‌ဒေသခံများ မကျေနပ်

RNA_ဖားကန့်၊မတ် (၁၀)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ အများသုံး ကျေးရွာပိုင်ရေကန်အတွင်း မျောစင်ထောင် ရွှေမျောတိုက်နေမှုကို ဒေသခံပြည်သူများက လက်မခံ မကျေနပ်ကြကြောင်း သိရသည်။ ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းတူးဖော်နေသည့် လုပ်ကွက်များနှင့်  ‌ရွှေမျောတိုက်နေသည့်လုပ်ငန်းအများစုက စစ်ကောင်စီနှင့် ဘာသာရေးနောက်များကြောင့် လုပ်ကိုင်နေသည့်အတွက် ပြည်သူများမှာ တရားဝင် မပြောရဲကြခြင်း ဖြစ်နေကြသည်။ (more…)
Read More
စစ်အာဏာရှင်ဆန့်ကျင်ရေး အညာအမျိုးသမီးသပိတ်စစ်ကြောင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး အညာအမျိုးသမီးသပိတ်စစ်ကြောင်း

RNA_မတ်(၉)၊၂၀၂၃ ခုနှစ်။ "သာတူညီမျှမှုနဲ့အတူချီတက် အာဏာရှင်တို့ အဆုံးသတ်" ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး အညာအမျိုးသမီးသပိတ်စစ်ကြောင်း မတ်လ (၈) ရက်နေ့က စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်း ပြုလုပ်ခဲ့သည်။ "အမျိုးသမီးတွေဟာဆိုရင် တော်လှန်ရေးရဲ့နိုင်ရာတာဝန်တွေကို ထမ်းဆောင်နေကြပါတယ်။ အမျိုးသားတွေနဲ့တန်းတူ တော်လှန်ရေးမှာပါဝင်တိုက်ပွဲ ဝင်နေကြတယ်။အမျိုးသမီးများနေ့မှာ တစ်နိုင်ငံလုံးက အမျိုးသမီးတွေ ကျရာနေရာမှာ ပါဝင်နေကြတယ်ဆိုတာကို ပြသသည့်သဘောပါ" ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဦးဆောင်သူတဦးက ပြောသည်။ (more…)
Read More
စစ်ကောင်စီတပ် Mi-17ထောက်ပို့ရဟတ်ယာဉ် တိုက်ခိုက်ခံရ

စစ်ကောင်စီတပ် Mi-17ထောက်ပို့ရဟတ်ယာဉ် တိုက်ခိုက်ခံရ

RNA_မတ်(၈)၊၂၀၂၃ ခုနှစ်။   ချင်းပြည်နယ်၊ ထန်တလန်မြို့၊စစ်ကောင်စီတပ် အထိုင်ချနေသည့် တပ်ကုန်းသို့ ဆင်းသက်လာသည့် စစ်ကောင်စီတပ်ထောက်ပို့ Mi-17 ရဟတ်ယာဉ် Drone ဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။   CNA နှင့် CDF-Thantlang တို့ပူးပေါင်းပြီး ထန်တလန် တပ်ကုန်းသို့ဆင်းသက်လာသည့် စစ်ကောင်စီတပ် Mi-17 ထောက်ပို့ ရဟာတ်ယာဉ်ကို မတ်လ (၃) ရက်နေ့ ညနေ (၃) နာရီ (၃၀) မိနစ်ခန့်က Drone ဖြင့်တိုက်ခိုက်ခဲ့ကြသည်ဟု Chinland Information Center မှ ယနေ့ ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
(၂) နှစ်အတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်သည်အင်အား ထောင်ဂဏန်းထိရှိလာ

(၂) နှစ်အတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်သည်အင်အား ထောင်ဂဏန်းထိရှိလာ

RNA_မတ်(၇)၊၂၀၂၃ ခုနှစ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People's Liberation Army - PLA တည်ထောင်ခြင်း (၂) နှစ်ပြည့်တွင် စစ်ဒေသ (၄) ခုနှစ် မြို့ပြလုပ်ငန်း ဒေသများတိုးချဲ့တည်ဆောက်နိုင်ခဲ့ကြောင်းနှင့် စစ်သည်အင်အား ထောင်ဂဏန်းအထိ တိုးတက်လာခဲ့ပြီး ပါတီဝင်ကေဒါအများအပြားကိုလည်း စည်းရုံးဖွဲစည်းနိုင်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ ၂၀၂၃ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် PLA တည်ထောင်ခြင်း (၂) နှစ်ပြည့်မည်ဖြစ်ကြောင်း၊ ပထမဆုံး အပတ်စဉ် (၁) စစ်သင်တန်းကို မြန်မာပြည်မြောက်ဖျား EAO အဖွဲ့တခု၏ လွတ်မြောက်ဒေသတနေရာတွင် အမာခံ ကေဒါ (၃၂) ‌ဦးဖြင့် ၂၀၂၁ ခုနှစ် မတ်လ (၁၅) ရက်နေ့က စတင်ခဲ့ကြောင်း…
Read More