သတင်း

စစ်ကောင်စီက မိသားစုတခုလုံးကို ဖမ်းဆီးထားပြီး သားကို ထောင်ဒဏ် အနှစ် (၂၀) ချမှတ်

စစ်ကောင်စီက မိသားစုတခုလုံးကို ဖမ်းဆီးထားပြီး သားကို ထောင်ဒဏ် အနှစ် (၂၀) ချမှတ်

RNA_နိုဝင်ဘာ(၂၆)၊၂၀၂၂ ခုနှစ်။   ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ ကိုဇော်ဝမ်းမောင်နှင့် မခက်ခက်လွင်တို့ မိသားစု တခုလုံးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး သားကြီး ကိုသီဟနှင့်ဇနီး မစွမ်းပြည့်စိုးမွန်ကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ထောင်ဒဏ် အနှစ် (၂၀) ထပ်မံချက်မှတ်လိုက်ကြောင်း သိရသည်။   ကိုသီဟနှင့်ဇနီး မစွမ်းပြည့်စိုးမွန်အပါအဝင် အမှုတွဲ (၁၇) ဦးကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပဲခူးတိုင်း၊ ဒိုက်ဦးထောင်မှာ ဖမ်းဆီးထားပြီး နိုဝင်ဘာလ ၂၅ ရက်နေ့က ဒိုက်ဦးတရားရုံးမှ ပုဒ်မ (၁၂၂) နှင့် ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခဲ့ကြောင်း၊ ကိုသီဟတို့ ဇနီးမောင်နှံကို ထောင်ဒဏ်အနှစ် (၂၀) မချမှတ်ခင်…
Read More
ရှမ်းမြောက်မှာ PDF အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး (၅) ဦးကျဆုံး၊ ၆ ဦးပျောက်နေ

ရှမ်းမြောက်မှာ PDF အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး (၅) ဦးကျဆုံး၊ ၆ ဦးပျောက်နေ

RNA_နိုဝင်ဘာ(၂၅)၊၂၀၂၂ ခုနှစ်။  ရှမ်းပြည်နယ် မြောက်မိုင်း မူဆယ်မြို့နယ်အခြေစိုက် People Security Defemse Army - Northern Shan State အဖွဲ့က ခွဲထွက်သည့် PDF ၁၄ ဦးရှိ စခန်းကို ဝင်ရောက်တိုက်ခိုက်သည့်အတွက် နေရာတွင် PDF (၅) ဦးကျဆုံးကာ ဒဏ်ရာရ (၂) ဦးအပါအဝင် (၃) ဦးလွတ်မြောက်ပြီး (၆) ဦးပျောက်ဆုံးနေကြောင်း သိရသည်။ PDF အဖွဲ့ဝင် ၁၄ ဦးရှိနေသည့် မူဆယ်မြို့နယ်၊ ကျေးရွာတရွာအနီးဝန်းကျင်ရှိ စခန်းကို People Security Defemse Army - Northern Shan State အဖွဲ့ဝင် (၁၀) ဦးဝန်းကျင်က…
Read More
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း PDF ရဲဘော် (၁၀) ဦး ကျဆုံး

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း PDF ရဲဘော် (၁၀) ဦး ကျဆုံး

RNA_နိုဝင်ဘာ(၂၅)၊၂၀၂၂ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာဝန်းကျင်ကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၃ ရက်နေ့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီး ဝင်ရောက်စီးနင်းစဉ်အတွင်း ဒေသခံ PDF (၁၀) ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။   စစ်ကောင်စီခြေလျင်စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အသေအဆုံးများသည့်အတွက် လေကြောင်းပစ်ခတ်မှုပြုလုပ်ချိန်တွင် PDF (၂) ဦးကျပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ကံသာရွာမှ ဒေသကာကွယ်ရေး ရဲဘော်နှစ်ဦးမှာလည်း ပိတ်မိပြီး ပစ်ခတ်သတ်ဖြတ်ခံရကြောင်း၊ ဖမ်းဆီး နှိပ်စက်ခံရပြီး ကျဆုံးခဲ့ရသည့် ၆ ဦးမှာ Hero Army Khin-U အဖွဲ့ကဖြစ်ကြောင်း သိရသည်။ (more…)
Read More
BLACK WOLF – PDF အဖွဲ့ ခေါင်းဆောင်တဦး ကျဆုံး 

BLACK WOLF – PDF အဖွဲ့ ခေါင်းဆောင်တဦး ကျဆုံး 

RNA_နိုဝင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ် စသည်တို့တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် BLACK WOLF - PDF တပ်ဖွဲ့ တည်ထောင်ရာတွင် အဓိကပါဝင်ခဲ့သည့် ရဲဘော်ကိုလှိုင်ဝင်း ရှေ့တန်းတနေရာတွင် ကျဆုံးခဲ့သည်။ " ကိုလှိုင်ဝင်းသည် ယခုအခါ ရှေ့တန်းတနေရာ၌ တော်လှန်ရေးအတွက် စွမ်းစွမ်းတမံကြိုးစားရင်း ( ၂၃ ရက် ၁၁ လ ၂၀၂၂ ) ခုနှစ် တွင် မြင့်မြတ်စွာ အ သက်ပေးလှူခဲ့ရသည်။ထိုကြောင့် ကျွန်ုပ်တို့ Black wolf - pdf အဖွဲ့သားများသည် အထူးပင် ဝမ်းနည်းကြေကွဲရပါသည်" ဟု BLACK WOLF - PDF က ယနေ့ညပိုင်းတွင်…
Read More
ပွင့်ဖြူ PDF ရဲဘော်စနေအတွက် M4 တလက် အလှူခံရရှိ

ပွင့်ဖြူ PDF ရဲဘော်စနေအတွက် M4 တလက် အလှူခံရရှိ

RNA_နိုဝင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ( People's Defence Force- Pwintbyu) တွင် တာဝန်‌ ထမ်းဆောင်နေသည့် ရဲဘော်စနေအတွက် M4 တလက်ကမ်ပိန်းတွင် ပြည်သူများ၏အလှူငွေ ကျပ်သိန်း ၂၀၀ ကျော်ရရှိသွားပြီဖြစ်ကြောင်း သိရသည်။ "ရဲဘော်စနေအတွက် M4 တစ်လက် ဝယ်ယူနိုင်တော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ ပါဝင်ကူညီပေးကြတဲ့ တစ်ဦးချင်းတစ်ယောက်ချင်းတိုင်းကိုကော၊ Like Share ပြုလုပ်ပေးကြတဲ့ တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းကိုကော ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ လိုအပ်နေတဲ့ငွေပမာဏ သိန်း ၁၀၀ ကျော်ကို ကူညီပေးခဲ့ကြတဲ့ ကနေဒါက မိသားစုတွေကိုကော ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ပြည်သူတွေဟာ ခုချိန်ထိ စိတ်ဓာတ်ပြင်းထန်နေကြဆဲ ဖြစ်တဲ့အတွက် အရမ်းပီတိဖြစ်ရပါတယ်ခင်ဗျား" ဟု ပွင့်ဖြူ PDF က ကျေးဇူးတင်ကြောင်း ပြောကြားထားသည်။…
Read More
စစ်ကောင်စီတပ်စစ်ကြောင်းက ကျေးရွာ ၁၁ ရွာမှ (၁၆၈)အိမ် မီးရှို့ဖျက်ဆီးခဲ့

စစ်ကောင်စီတပ်စစ်ကြောင်းက ကျေးရွာ ၁၁ ရွာမှ (၁၆၈)အိမ် မီးရှို့ဖျက်ဆီးခဲ့

ခလရ(၅၀) လက်အောက်ခံ တပ်သားနှင့်ပျူအဖွဲ့က ကျေးရွာ ၁၁ ရွာမှ (၁၆၈)အိမ် မီးရှို့ဖျက်ဆီးခဲ့   RNA_နိုဝင်ဘာ(၂၄)၊၂၀၂၂ ခုနှစ်။   မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်း ကျေးရွာ (၁၁) ရွာမှ နေအိမ် (၁၆၈) လုံးကို စစ်ကောင်စီတပ် စစ်ကောင်စီတပ် ခလရ(၅၀) လက်အောက်ခံ တပ်သားများ၊ ပျူစောထီများက နှစ်လအတွင်းလှည့်လည် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ (more…)
Read More
အဆိုတော်နှင့်အတူနေသည့် အင်းစိန်ထောင်အရာရှိ စစ်ဆေးခံနေရ

အဆိုတော်နှင့်အတူနေသည့် အင်းစိန်ထောင်အရာရှိ စစ်ဆေးခံနေရ

ဇေကမ္ဘာခင်ရွှေထံမှလာဘ်စားပြီး အဆိုတော်နှင့်အတူနေသည့် အင်းစိန်ထောင်အရာရှိ စစ်ဆေးခံနေရ RNA_နိုဝင်ဘာ(၂၄)၊၂၀၂၂ ခုနှစ်။   ဇေကမ္ဘာခင်ရွှေထံမှ ငွေသိန်း (၇၀) လာဘ်စားပြီး မကြာသေးမီက ထောင်ကလွတ်မြောက်သွားသည့် အဆိုတော်တဦးနှင့် တညတာ သိန်း (၈၀) ပေးပြီး အတူနေခဲ့သည့် ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ အသက် (၄၀) ကျော် အကြီးတန်းအရာရှိတဦး ထောင်တွင်းစစ်ဆေးမှု ပြုလုပ်ခံနေရကြောင်း သိရသည်။   အင်းစိန်အကျဉ်းထောင်တွင်း ဇေကမ္ဘာခင်ရွှေထောင်ဝင်စာနှင့် ထောင်ကမလွတ်ခင် အဆိုတော်အမျိုးသမီးတဦးတို့၏ ထောင်ဝင်စာပါဆယ်များသည် စစ်ဆေးခံနေရသည့် အရာရှိနေအိမ်မှတဆင့် ထောင်တွင်းစစ်ဆေးခြင်းမရှိ သယ်ပို့ခဲ့ကြောင်း၊ ဇေကမ္ဘာခင်ရွှေထံမှ သိန်း (၇၀) လာဘ်စားခဲ့ပြီး ရရှိသည့်ငွေနှင့်အတူ အဆိုတော်အမျိုးသမီးကို သိန်း (၈၀) ပေးကာ ထောင်ကလွတ်သည့်ညတွင် အတူနေခဲ့ကြကြောင်း အကျဉ်းဦးစီးဌာန…
Read More
ကော်ဘရာ သူရဲကောင်း (၃) ဦးဈာပန 

ကော်ဘရာ သူရဲကောင်း (၃) ဦးဈာပန 

RNA_နိုဝင်ဘာ(၂၃)၊၂၀၂၂ခုနှစ်။ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ကော်ဘရာ စစ်ကြောင်းမှ ကျဆုံး ရဲဘော် (၃) ဦးဈာပန ယနေ့ ညနေပိုင်းက စစ်ကြောင်းမှ ရဲဘော်များက ပြုလုပ်ခဲ့သည်။ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က စစ်ကောင်စီတပ်၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ရဲဘော် နော်အဲမူ အသက် (၂၉) နှစ်၊ ရဲဘော် ကျော်စွာဟိန်း (ခ) ကျော်ကြီး အသက် (၂၀) နှစ် ၊ ရဲဘော် သီတာအေး (ခ) လုလုဖော် အသက် (၂၂) နှစ်တို့ ကျဆုံးခဲ့ရသည်။ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၇) ဗိုလ်ဒါဘော ဦးစီးသည့် ကော်ဘရာ စစ်ကြာင်းသည်…
Read More
ပြည်သူများကို ကယ်ထုတ်ရင်း YDF ရဲဘော်တဦးကျဆုံး၊ တဦးပျောက်နေ

ပြည်သူများကို ကယ်ထုတ်ရင်း YDF ရဲဘော်တဦးကျဆုံး၊ တဦးပျောက်နေ

RNA_နိုဝင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဇာဟောကျေးရွာတောင်ဘက်၊ ဇာဟော-အုတ်လှလမ်းပေါ်၌ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ (၅၀) မှ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသည့်အတွက် ပြည်သူများကို ယောကာကွယ်ရေးတပ်-YDF တပ်ဖွဲ့ဝင်များ ကယ်ထုတ်ရင်း ပစ်ခတ်ခံရကာ ရဲဘော်တဦးကျဆုံးကာ ရဲဘော်တဦးပျောက်ဆုံးနေကြောင်း သိရသည်။   "YDF တပ်ဖွဲ့ဝင်များဖြစ်သော ရဲဘော်အောင်နိုင်၊ ရဲဘော် အောင်ကျော်မိုးနှင့် ‌ရဲဘော်အောင်ကိုကိုတို့ ထိမှန်ခဲ့ပြီး ရဲဘော်အောင်နိုင်သည် ရင်ညွန့်နှင့် နံကြားတွင် ကျည်ထိမှန်၍ နေရာတွင် ကျဆုံးခဲ့ပါသည်။ ရဲဘော်အောင်ကျော်မိုးသည် ဘယ်ဘက်လက်မောင်းတွင် ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး ရဲဘော်အောင်ကိုကိုမှာ ပျောက်ဆုံးနေဆဲဖြစ်ပါသည်" ဟု YDF က ထုတ်ပြန်ထားသည်။ (more…)
Read More
တိုက်ပွဲအတွင်း ကျားဖြူတပ်ခွဲ (၂) မှ ရဲဘော် (၃) ဦးဒဏ်ရာရ

တိုက်ပွဲအတွင်း ကျားဖြူတပ်ခွဲ (၂) မှ ရဲဘော် (၃) ဦးဒဏ်ရာရ

RNA_နိုဝင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်ကြားအင်းတွင် စစ်ကောင်စီတပ်နှင့် KNLA၊ ကျားဖြူတပ်ခွဲ (၂) အပါအဝင် ပူးပေါင်းတပ်ဖွဲ့များနှင့် ယမန်နေ့ ( နိုဝင်ဘာ ၂၂ ရက်) နံနက် ၉ နာရီကျော်က တိုက်ပွဲအတွင်း ကျားဖြူတပ်ခွဲ (၂) အဖွဲ့မှ ရဲဘော် (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။   "စကစဘက်မှလက်နက်ကြီးများနှင့်အဆက်မပျက်ပစ်ကူ‌‌သောကြောင့် ကျွန်တော်တို့ကျားဖြူတပ်ခွဲ(၂)မှရဲဘော်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။မိမိတို့ကျားဖြူတပ်ခွဲ(၂)မှရိက္ခာပို့ကား၁စီး၊ပွိုင့်တူးတူး၁လက်၊ဖုန်း၅လုံးနှင့်စစ်သုံးကျောပိုးအိတ် စစ်အသုံးအဆောင်များစွာကျန်ခဲ့သည်" ဟု 96 Soldiers - တောင်ပိုင်း ကျားဖြူ တပ်ခွဲ -၂ မှ ထုတ်ပြန်ထားသည်။ (more…)
Read More