လင်းယုန်

စစ်ရေး သတင်းအချက်အလက်နှင့် တိုက်ပွဲအောင်မြင်မှု

စစ်ရေး သတင်းအချက်အလက်နှင့် တိုက်ပွဲအောင်မြင်မှု

သတင်းလုံခြုံမှုသည် အင်မတန်အရေးကြီးပါသည်။ ရှေ့တန်း စစ်မြေမျက်နှာတွင် အသက်ပေးပြီး တိုက်ပွဲဝင်နေသူ ပြည်သူ့သူရဲကောင်းများအနေဖြင့် နှုတ်လုံမှု၊ သတင်းလုံခြုံမှု၊ စာရွက်စာတမ်းလုံခြုံမှု၊ မိမိတို့အသုံးပြုနေသည့်ဖုန်းများ၊ လူမှုကွန်ယက်စာမျက်နှာများလုံးခြုံမှု လင်းယုန် အခုရက်ပိုင်းအတွင်း ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီအကြားမှာ တစ်နေ့တစ်ခြား ထိတွေ့တိုက်ပွဲများပိုမိုပြင်းထန်လာကြောင်း တွေ့မြင်နေရပါသည်။ စစ်ကောင်စီတပ်သားအများအပြား ငရဲပို့နိုင်သလို မိမိတို့ပြည်သူ့တော်လှန်ရေးစစ်သည် ရဲဘော်များ၏အသက်ပေါင်းများစွာလည်း ရင်းနှီးပေးဆပ်နေရခြင်းကြောင့် လွန်စွာစိတ် မကောင်းသည့်အပြင် ခံပြင်းဒေါသ ဖြစ်မိသည်။ ပြည်တွင်းစစ်ပွဲကို နှစ်ပေါင်း ၇၀ နီးပါး ဖန်တီးပြီး မတရားမှုပေါင်းစုံကျူးလွန်လာခဲ့ သည့်အကြမ်းဖက်စစ်တပ်သည် မိမိတို့ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ သတင်းအချက် အလက်များနှင့်လုံခြုံမှုများကိုမျက်ခြေမပျက်စောင့်ကြည့်လေ့လာနေပြီး လက်ဦးမှုရယူရန် အချိန်တိုင်းကြိုးစားလျှက်ရှိနေသည်ကို များစွာသတိထားရန်လိုအပ်ပါသည်။ တိုက်ပွဲတစ်ပွဲအောင်နိုင်ရေးအတွက် အရေးကြီးဆုံးအချက်မှာ သတင်းလုံခြုံမှုနှင့်မိမိဘက်မှလက်ဦး မှုရယူနိုင်ရေးသည် အလွန်အရေးကြီးပါသည်။ သတင်းလုံခြုံမှုဆိုရာတွင် ရန်သူ့သတင်း၊ မိမိသတင်းနှစ်မျိုးလုံးကိုဆိုလိုပါသည်။ ဇွန်လ…
Read More